Recovery Tech
Outline VPN Private Key များကို ယခု Viber Link တွင်ဝယ်ယူလို့ရပါတယ် ခမျာ💯💯✅
20/06/2024
သိထားသင့်သော Memory အကြောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ ကျနော်တို့ ဒီနေ့ဆွေးနွေးသွားမယ့် အကြောင်းအရာလေးကတော့ Practical A+ သင်ခန်းစာထဲမှ တစ်ခုဖြစ်တဲ့ Memory အကြောင်းကို ဖြစ်ပါတယ်။ Memory ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် မှတ်ဥာဏ်လို့ ပြောလို့ရပါတယ်။ Memory ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အချက်အလက် (Data) တွေကို သိမ်းဆည်းတာပေ့ါဗျာ။ တနည်းအားဖြင့် သိုလှောင်ထားတယ်ပေါ့။ ဘိုလို ပြောရင်တော့ Data Store လုပ်တယ်ပေ့ါ။
၂။ ကျနော်တို့ ပတ်၀န်းကျင်မှာ Memory အကြောင်းကို မကြာခဏ ပြောလေ့ ရှိပါတယ်။ မင်းဖုန်း Memory ဘယ်လောက်လဲတို့၊ မင်း ကွန်ပြုတာမှာ Memory ဘယ်လောက်ပါလဲ ဆိုပြီး ပြောလေ့ ရှိပါတယ်။ တကယ်တော့ Memory က အဲ့လောက် မရိုးရှင်းပါဘူး။ ဆိုလိုချင်တာက Memory မှာ အမျိုးအစားများစွာ ရှိပါတယ်။
၃။ အကြမ်းဖျင်းအားဖြင့် Memory မှာ Primary Memory နဲ့ Secondary Memory ဆိုပြီး ၂မျိုးခွဲခြားနိင်ပါတယ်။ Primary Memory သည် RAM ကို ပြောတာ ဖြစ်ပြီးတော့ Secondary Memory သည် Hard Disk ကို ပြောခြင်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးအနေနဲ့ ပြောမယ်ဆိုရင် Primary Memory သည် RAM ကိုပြောတာဖြစ်ပြီးတော့ Secondary Memory သည် SD Card တို့၊ Internal Storage/Memory တို့နဲ့ အလားတူပါတယ်။ ဒီလောက်ဆိုရင် Primary Memory နဲ့ Secondary Memory ကို ခွဲခြားတက်မယ် ထင်ပါတယ်။ ဒီနေ့မှာတော့ Primary Memory ဖြစ်တဲ့ RAM အကြောင်းကို အဓိက ထားပြောပေးသွားမှာ ဖြစ်ပါတယ်။
၄။ ကဲ ဒါဆိုရင် RAM အကြောင်းကို ဆက်ပြောကြရအောင်။ RAM ကို Random Access Memory လို့ခေါ်ပါတယ်။ Random Access Memory မှာ Memory ဆိုတာသည် Data Store လုပ်တယ်လို့ ရှေ့မှာလဲ ပြောခဲ့ပါတယ်။ ခုပြောပြမှာက သူ့ရှေ့က Random Access ဖြစ်ပါတယ်။ ကျနော် ဥပမာလေးတစ်ခုနဲ့ ရှင်းပြပါရစေ။ RAM ဆိုတာကြီးကို ဇယားကွက် တစ်ခုလို့မြင်ကြည့်လိုက်ဗျာ။ Data တွေသိမ်းမယ်ဆိုရင် ၄င်းဇယားကွက်ထဲမှာ သိမ်းတယ်။ CPU က ဇယားကွက် (၁) ထဲမှာ ရှိတဲ့ Data တွေကို ယူသုံးနေစဉ်မှာဘဲ ဇယားကွက် (၁၀) မှာရှိတဲ့ Data တွေကို ယူသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက ဇယားကွက် (၁)မှာ ရှိတဲ့ Data တွေဖတ်နေရင်း ဇယားကွက် (၁၀)ကို သွားချင်တဲ့အခါ ကြားထဲက ဇယားကွက်တွေကို ကျော်သွားလို့ရတယ်။ လိုချင်တဲ့အချိန်ဆို ချက်ချင်း ကြိုက်တဲ့ ဇယားကွက်တွေကို ဖတ်နိုင်တယ်။ ဒါကို အင်္ဂလိပ်လို Random လို့ခေါ်ပါ တယ်။ ကတ်ဆက်တိတ်ခွေတွေကို သိမယ်ထင်ပါတယ်။ ရှေးဆုံးက သီချင်းတစ်ပုဒ်နားထောင်နေရင်းနဲ့ နောက်ဆုံးတစ်ပုဒ်ကို ကျော် ပြီး နားထောင်လို့မရဘူး။ ရစ်ပြီးမှ နားထောင်လို့ ရပါတယ်။ RAM ကတော့ အဲ့လိုမဟုတ်ဘူး အထက်မှာ ရှင်းပြတဲ့အတိုင်း လိုချင်တဲ့အချိန်မှာ ကြိုတက်တဲ့ Data ကိုဖတ်နိုင်ပါတယ်။ CPU က Memory ထဲက Data တွေ ယူသုံးတာကို Access လုပ်တယ်လို့ ခေါ်ပါတယ်။ Memory ထဲမှာ ရှိတဲ့ Data တွေကို လိုချင်တဲ့ အချိန်ကြိုက်တဲ့အချိန်မှာ ယူသုံးနိုင်ခြင်းကို RAM ဟုခေါ်ပါတယ်။
နောကိပီးတော့ ...
RAM မှာ Type အမျိုးအစားတွေက DDR1, DDR2, DDR3, DDR4 ဆိုပြီး မြင်ဖူးကြပါလိမ့်မယ်။ DDR ဆိုတာက ( Double Data Rate ) ပါ။ RAM မှာ Memory ပမာဏကို B( byte ) ဖြင့် တိုင်းပါတယ်။ ဥပမာ - 512MB, 1GB, 2GB, 4GB, 8GB အစရှိသဖြင့်ပေါ့။ GB များလေ ယာယီသိမ်းဆည်းနိုင်တဲ့ ပမာဏများလေပေါ့။
အဲဒီမှာ RAM ဝယ်ရင် ကြည့်ရမှာက Speed ပေါ့။ Speed ကို Hz နဲ့ တိုင်းပါတယ်။ ဥပမာ - 533MHz,667MHz,800MHz , 1066MHz,1333MHz,1600MHz,2400MHz,2666MHz တို့ပေါ့။ RAM တစ်ချောင်းထဲ စိုက်တဲ့အခါ ပြဿနာမဟုတ်ပေမယ့် RAM နှစ်ချောင်းစိုက်တဲ့အခါ ဥပမာဆိုပါစို့ DDR2 2GB နှစ်ချောင်းစိုက် 4GB ပေါ့။ စက်က လေးနေတယ်။
ပြောချင်တာက Speed မတူရင် နိမ့်တဲ့ Speed နဲ့ သွားပါတယ်။ DDR2 2GB နှစ်ချောင်းစိုက်လို့ 4GB ဟာ ယာယီ သိမ်းဆည်နိုင်တဲ့ Memory ပမာဏပါ။ မြန်နှုန်း Speed မဟုတ်ပါဘူး။ စက်မြန်ချင်ရင် Speed တူတာ ရွေးချယ်တပ်ဆင်ပါ။
14/06/2024
ကွန်ပြူတာများ ပျက်လို အိမ်အရောက်ပြုပြင်လိုပါသလား ရုံးအရောက် ပြုပြင်လိုပါသလား ကျွန်တော်တို့ Recovery Tech တာဝန်ယူ ဆောင်ရွက်ပေးနေပါပီ
အထူး package များလဲ ရှိပါတယ် ခမျာ
09794288862
11/06/2024
CPU Core တွေဆိုတာဘာတွေလဲ?
==========
ဒီ article မှာ cpu coreတွေဆိုတာဘာလဲ ဆိုတဲ့တာကို ကျွန်တော်နားလည်သလောက်ရေးသားသွားမှာဖြစ်ပါတယ်။ CPU ဆိုတာတွေက central processing unitတွေပါ။ တစ်နည်းဆိုရင် ကွန်ပျူတာတစ်လုံးရဲ့ ဦးနှောက်လို့ပြောရမှာပါ။ ကွန်ပျူတာတစ်လုံးမှာ logic တွေကို လုပ်ဆောင်ပေးတဲ့နေရာလည်းဖြစ်ပါတယ်။
CPU cores
==========
ဟိုးအရင်က cpu တွေပေါ်ပေါ်ချင်းမှာ cpu core ကတစ်လုံးပဲရှိခဲ့တာပါ။ ဆိုလိုတာကတော့ cpu chip တစ်ခုလုံးမှာမှ cpu တစ်လုံးပဲပါရှိပါတယ်။ အဲ့ဒီတော့ cpu performance ကပြောသလောက်မကောင်းခဲ့ဘူးပေါ့။ အဲ့ဒါနဲ့ performance ကိုပိုမိုကောင်းမွန်လာအောင်ဆိုပြီးတော့ chip ထုတ်လုပ်သူတွေဟာ နောက်ထပ် "core” သိုမဟုတ် central processing units (cpu) တွေကို ထပ်ပြီးတော့ chip တစ်ခုထဲမှာပဲ ထပ်တိုးထည့်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ခင်ဗျာ core ဆိုတာ cpu ပါပဲခင်ဗျာ။ Dual core processor ကိုဥပမာသုံးပြီးတော့ ပြောပါ့မယ်။ Dual core processor တွေမှာ central processing unitနှစ်ခုရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် cpu 2 ခုရှိတယ်ဆိုပြီး operating system တွေမှာဖော်ပြတာပါ။ CPU နှစ်ခုဆိုတိုင်းလည်း chip နှစ်ခုကို mother board ပေါ်မှာ ကပ်ထားတယ်လို့မဟုတ်ပါဘူး။ Chip တစ်လုံးထဲမှာပဲ core 2 လုံးထည့်ထားတာပါ။ Core 2 လုံးပါတဲ့ CPU တစ်လုံးဟာဆိုရင် အလုပ်နှစ်ခုကို တစ်ပြိုင်နက် တစ်ခါတည်းလုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီတော့ သင့် system ကို speed တင်ပေးလိုက်သလိုဖြစ်သွားပါတယ် ဘာလို့လည်းဆိုတော့ တစ်ပြိုင်တည်းနဲ့ အလုပ်ကို ၂မျိုး ပြီးမြောက်နိုင်မှာမို့လို့ပါ။
Hyper Threading နဲ့ core တို့ရဲ့ကွာခြားမှု
==========
Hyper threading နဲ့ core တို့မတူတာက core မှာ hyper threading လိုမျိုး core 1 လုံးပဲရှိပြီးတော့ core ၂ လုံးရှိတဲ့ အသွင်ဆောင်တဲ့ trick မျိုးမရှိပါဘူး။ (Hyper threading အကြောင်းကိုကျွန်တော်ရေးထားတာရှိပါတယ်။ Eastern page မှာ ရှာဖွေဖတ်ရှုလို့ရပါတယ်)။ Dual core processor မှာ တကယ့်ကိုပဲ central processing unit 2 လုံးရှိတယ်။ Quad core မှာ 4 လုံး အမှန်တကယ်ရှိပါတယ်။ Octa-core CPU တစ်လုံးမှာတော့ cpu 8 လုံးရှိပါတယ်။
Coreတွေကြောင့်ရရှိတဲ့ ကောင်းကျိုးတွေ
==========
Core တွေက performance ကိုလည်းကောင်းလာစေတယ် ပြီးတော့ cpu hardware size ကိုလည်း socket ပေါက်လေးတစ်ခုထဲကို အံဝင်အောင်ထည့်လို့ရနိင်သေးတဲ့ သေးငယ်တဲ့ အနေအထားမှာလည်း ထိန်းသိမ်းထားပေးပါတယ်။ Coreတွေများလာပေမဲ့လည်း size ကကြီးမလာပါဘူး။ အဲ့ဒါလည်းကောင်းကွက်တစ်ခုပါ။ Quad Core CPUတစ်လုံးက Single Core CPU 4 လုံးနဲ့ညီမျှတယ်လို့ဆိုနိုင်ပါတယ်။ Single Core တစ်လုံးချင်းစီကိုသာ အသုံးပြုမယ်ဆိုရင် socket 4 ခုအပြင် သူတို့အတွက် ကိုယ်ပိုင် cooling systemတွေနဲ့ တခြားလိုအပ်ချက်တွေပါရှိလာနိုင်ပါတယ်။ နောက်ပြီးတော့ socket တစ်ခုပေါ်မှာပဲ core အားလုံးကို ချိတ်ဆက်ထားတဲ့အတွက်ကြောင့် coreတွေဟာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်တဲ့အခါမှာ latency (ကြန့်ကြာမှု) တွေသိပ်မရှိတော့ပါဘူး။
သင့် cpu မှာရော core ဘယ်နှစ်လုံးရှိသလဲ?
==========
Windows မှာဆိုရင်တော့ task manager ကနေကြည့်လိုရပါတယ်။ ဥပမာ ပုံမှာဆိုရင် cpu မှာ core 4 လုံးရှိကြောင်းကို Cores ဆိုတဲ့ နေရာမှာကြည့်လိုရပါတယ်။ Logical processor မှာက 8 ဖြစ်တာ ဘာလို့လည်းဆိုတော့ core တစ်ခုချင်းစီမှာ hyper threading ကို support ပေးလို့ပါ။ Linux မှာဆိုရင်တော့ $ - lscpu ဆိုတဲ့ command နဲ့စစ်ကြည့်လို့ရပါတတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် computer တစ်လုံးမှာ core အရေအတွက်များလေလေ performance ကောင်းလေလေ၊ အလုပ်ပြီးမြောက်တာမြန်လေလေဖြစ်ပါတယ်။ Coreများပြီးတော့ hyper threading ပါပါရင်တော့ ပြောစရာမလိုတော့ပါဘူးဗျာ။ Intel i9 processor တွေထဲမှာ entry level ဖြစတဲ့ Core i9-9900K မှာဆိုရင် 8-core ရှိပါတယ်။
ဖတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Kamayut
11051