Beauty Secret

Beauty Secret

Share

Photos from Beauty Secret's post 09/08/2020

Toner ကို မဖြစ်မနေသုံးသင့်လား❓❓
~~~~~~~~~~~~~~~~~~~~~~~~
အားလုံးပဲ မဂ်လာပါရှင်...

ဒီနေ့မှာတော့ Tonerကိုဘာကြောင့်သုံးသင့်လဲ ဆိုတာကို မျှဝေပေးပါမယ်ရှင်

အခုဆိုရင် မိန်းကလေးအများစု မိတ်ကပ်လိမ်းလာကြတယ် မိတ်ကပ်လိမ်းပီ ဆိုတာနဲ့ Toner က မဖြစ်မနေသုံးရမယ့် skin care stepတခုပါ

No! သမီးကတော့ သနပ်ခါးပဲလိမ်းတယ်
Toner မသုံးဖူးလို့ မပြောလိုက်လေနဲ့နော်
သနပ်ခါးလိမ်းလဲ Toner သုံးကိုသုံးရမယ်

ဘာကြောင့် Tonerကအခုလိုအရေးပါရသလဲ❓
Toner သုံးရင် ဘာအကျိုးရမှာလဲ❓

ဒီလိုမေးလာရင်တော့ အဖြေကဒီလိုပါ👇
Toner သုံးရင်
✔မျက်နှာသစ်ပီး ကျန်နေတဲ့အညစ်အကြေးကို
သန့်စင်ပေးတယ်
✔ချွေးပေါက်ကျယ်ခြင်း ကို ကာကွယ်ပေးတယ်
ဒါ့အပြင် ပုံမှန်သုံးပေးရင် ကျယ်နေတဲ့
ချွေးပေါက်ပါ ပြန်ကျဉ်းစေတယ်
✔မျက်နှာပေါက အဆီဖု ဖြစ်စေတဲ့
အဆီပေါက်လေးတွေကိုလဲ ကျဉ်းစေတယ်
✔PH level ကိုလဲ ညှိုပေးတယ်

ကဲ ဒီလောက်ဆိုရင်တော့ Toner သုံးသင့်ပီနော်

အခု မင်​မင်​ ဝေမျှပေးခဲ့တဲ့အကြောင်းရာလေးကို သဘောကျတယ် ..အသုံးဝင်တယ်ဆိုရင်
သဲလေးတို့ရဲ့ချစ်ခင်ရသူတွေအတွက်လဲ ပြန်လည်မျှဝေပေးလိုက်ပါဦး နော်

Love U...❤
သဲလေးတို့လဲ အလှတွေပိုတိုးကြပါစေရှင်...


#တိုနာ

31/07/2020

ပျို​မေတို့အတွက်​သာမက အမျိုးသားများပါသိထားသင့်​တဲ့ ​ချွေး​ပေါက်​ကျယ်​ခြင်းပြသနာ 💛

22/07/2020

ဒါတွေလုပ်ရင် 💯💯ဝက်ခြံလုံးဝမပျောက်ဘူး
❌❌❌❌

#မိတ်ကပ်မဖျက်ပဲနေတယ် 🤔🤔
သေချာမလုပ်ဘူး ❎❎
#အပူအစပ်တွေအရမ်းစားတယ် 😎😎😎
#အဆီပြန်နေတဲ့ ဆံပင်ကြီးကို မျက်နှာနဲ့ထိနေအောင်ထားတယ် 🤷‍♂️🤷‍♂️🤷‍♂️
#ခေါင်းအုံးစွပ်မလဲဘူး 🤦‍♀️🤦‍♀️🤦‍♀️🤦‍♀️
#အဆီအစိမ့်တွေစားတယ် 😭😭😭
#၀မ်းမနှုတ်ဘူး 💯💯💯💯
#ရေမသောက်ဘူး 👌👌👌👌👌

အာ့လိုတွေဆိုရင်တော့ ၀က်ခြံပျောက်ဆေး ဘယ်လောက်သုံးသုံးမပျောက်ပါဘူးနော်😁😁😁
သိဖို့

17/07/2020

"အခြေခံ အသားအရည် ထိန်းသိမ်းနည်း"

ချစ်​တို့ရေ
Makeup ဆိုတာ ချစ်​တို့ရဲ့ လှပတဲ့ မျက်နှာလေး ပိုလှသွားအောင် အပေါ်ယံချယ်မှုန်းတာ ဖြစ်ပြီး Skincare ဆိုတာကတော့ ကိုယ့်ရဲ့ အသားအရည် အရွယ်မတိုင်မီ အိုမင်းပျက်စီးခြင်း မဖြစ်အောင် ကာကွယ်ထိန်းသိမ်းခြင်းဖြစ်ပါတယ်......
makeup မလိမ်းဘဲ နေလို့ရပေမယ့် skincare ကတော့ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို ကျားမ မရွေး လုပ်သင့်တဲ့ အရာတစ်ခုပါ.....ဒါကြောင့် လုပ်ဆောင်ရမယ့် အဆင့်တွေကို မျှဝေပေးလိုက်ပါတယ်......

1. Cleansing (သန့်စင်ခြင်း)
2. Exfoliation (ချေးချွတ်ခြင်း)
3. Toning ( အသားအရည် ထိန်းညှိခြင်း)
4. Moisturizing (ရေဓာတ်ဖြည့်ခြင်း)
5. Protection ( ကာကွယ်ခြင်း)

လူအများစု အဆင့် 1,3,4 ဘဲ ပြုလုပ်ကြတာများပါတယ်...... ဒါပေမယ့် 2,5 ကလည်း လုပ်ရမယ့် အဆင့်တွေပါ.....

1. Cleansing

ဒီအဆင့်က လူတိုင်းလုပ်ကြတဲ့အဆင့်ပါ......တစ်ခုရှိတာက cleanser ရွေးချယ်မှု အပိုင်းပါ......ဈေးကွက်​မှာ cleanser type အမျိုးမျိုးရှိပါတယ်......Foam cleanser,gel cleanser,milk cleanser,lotion cleanser စသဖြင့်ပေါ့......ကိုယ်နဲ့သင့်တော်ရာကို အသုံးပြုနိုင်ပါတယ်......
dry skin သမားတွေက foam cleanser မသုံးသင့်ပါဘူး အဲဒါက အသားအရည်ကို ပိုခြောက်သွေ့စေပါတယ်......oil skin ကတော့ milk cleanser ကို ရှောင်သင့်ပါတယ် ရေဓာတ်တအားများလို့ပါ......

2. Exfoliation (Scrub)

ဒီအဆင့် မေ့လျော့နေတဲ့ သို့မဟုတ် မလိုအပ်ဘူး ထင်တဲ့ အဆင့်ပါ......Scrub လုပ်တယ်လို့ အသိများပါတယ်......အရည်ပြားဆဲလ် တွေဟာ အသစ်သစ် အမြဲဖြစ်ပေါနေပြီး ဟိုးအတွင်းပိုင်းအလွှာက ဆဲလ်တွေဟာ အပေါ်ကို ၂၈ရက်အတွင်း တက်လာပါတယ်......အဲ့အချိန်မှာ အပေါ်ဆုံးအလွှာက ဆဲလ်အဟောင်းတွေဟာ ကွာကျကုန်တယ်......
အဲဒီ ဆဲလ်ဟောင်းတွေကို သာမာန် ရိုးရိုးcleanser နဲ့ဘဲ သုံးမယ်ဆိုရင် အကုန်မဖယ်ရှားနိုင်ပါဘူး......ဆဲလ်အဟောင်းတွေစုလာရင် ချွေးပေါက်တွေ ပိတ်လာပြီး တင်းတိတ် ၊ ဝက်ခြံ ၊ ဆားဝက်ခြံ တွေဖြစ်လာ နိုင်ပါတယ်.....ဒါကြောင့် မျက်နှာရော ခန္ဓာကိုယ်ပါ ပုံမှန် တစ်ပတ် သုံးကြိမ် ဒါမှ မဟုတ် အနည်းဆုံး တစ်ပတ်တစ်ကြိမ် scrub လုပ်သင့်ပါတယ်.....

3. Toning

Toner ကို အရင်တုန်းက သိပ်မသိကြပေမယ့် အခုဆိုရင်တော့ လူတိုင်းသုံးနေတဲ့ skincare တစ်ခုဖြစ်လာပါပြီ.....မျက်နှာသစ်ပြီးပြီးချင်း လိမ်းရတာပါ.....ချွေးပေါက်တွေကို ကျဉ်းစေဖို့ သုံးကြပေမယ့်လို့ Toner ရဲ့ အသုံးဝင်ပုံက အဲဒါထက် ပိုပါတယ်.....သူက အဓိက အသားအရည်ရဲ့ PH level ကိုထိန်းညှိပေးတာပါ.....အရေပြားဟာ ပုံမှန် PH 7 ရှိရပါမယ်.....ဒါပေမယ့် cleanser တွေသုံးပြီးတဲ့အခါ သူ့အမျိုးအစားပေါ်မူတည်ပြီး acid သို့မဟုတ် alkali ဓာတ်တွေကျန်ခဲ့တဲ့အတွက် ပြန်ညှိပေးဖို့ Toner သုံးရပါတယ်.....
နောက်သူ့ရဲ့ အသုံးဝင်ပုံတွေကတော့ မျက်နှာသစ်ပြီးလို့ ကျန်နေသေးတယ် အညစ်အကြေး အကြွင်းအကျန်တွေကို ဖယ်ရှားပေးတယ်.....နောက်လိမ်းမဲ့ moisturizer တွေအတွက် အရည်ပြားကို အသင့်ဖြစ်စေတယ်.....Toner ဝယ်မယ်ဆိုရင်တော့ alcohal ပါတဲ့ဟာကို ရှောင်ပါ..... alcohol က ဘာအကျိုးမှ မဖြစ်တဲ့အပြင် အသားအရည်ကိုပါ ခြောက်သွေ့စေပါတယ်.....

4. Moisturizing

ဒီအဆင့်ကတော့ ကျယ်ပြန့်ပြီး လူတိုင်း လိမ်းကြတဲ့ အဆင့်ပေါ့.....သူ့အတွက် ပစ္စည်းတွေက များလွန်းလို့ ကိုယ်နဲ့ အဆင်ပြေတာကို လိမ်းပါ.....serum, hydrating lotion,emulsion,cream စသဖြင့်ပေါ့.....တချို့ကလည်း တစ်ခုထဲသာမက သုံးလေးမျိုး တစ်ခါတည်းလိမ်းကြပါတယ်.....သုံးလေးမျိုး လိမ်းမယ်ဆိုလည်း ဘယ်ဟာအရင်လိမ်းရမလဲကလည်း အရေးကြီးပါတယ်.....
အရည်ပြားက ရေမြုပ်နဲ့တူပါတယ် အရင်ဆုံး အရည်ပုံစံ ကိုလိမ်းပါ စုပ်ယူရလွယ်ကူပါတယ်.....နောက်မှ cream ပုံစံ ပြီးရင် ပစ်တဲ့ အနှစ်ပုံစံကို အစဉ်အတိုင်းလိမ်းပါ.....နောက်မမေ့ဖို့က မျက်လုံးတစ်ဝိုက်အတွက်လဲ Eye creamလေး လိမ်းပေးဦးနော်.....

5. Protection (Suncream)

ဒါလည်း အရေးကြီးတဲ့ အပိုင်းပါ.....အရှေ့က အဆင့်တွေ အကုန်လုပ်ပြီး ဒါမလုပ်ရင် လုပ်ထားတာတွေ အလကားဖြစ်ကုန်မှာပါ.....သန့်ရှင်းရေးလုပ်ပြီး တံခါးမပိတ်မိရင် ဖုန်တွေပြန်ဝင်ကုန်တဲ့ အတိုင်းပေါ့.....ဘာကိုကာကွယ် ရမလဲဆိုတော့ နေရောင်ခြည်ပေါ့.....အဲအတွက် နေရောင်ကာပါတဲ့ ပစ္စည်းသုံးရပါတယ်.....ဒါပေမယ့် spf 50 ထက်များတဲ့ ပစ္စည်းကိုရှောင်ပါ အသားအရည်ကို ထိခိုက်စေပါတယ်.....

ချစ်​တို့ရေ ဘယ်အရွယ်ဘဲဖြစ်ဖြစ် ဘာBrand ဘဲ သုံးသုံး ဒီအဆင့်တွေကိုတော့ မေ့လို့မရဘူးနော်.....အားလုံးဘဲ လှနိုင်ကြပါစေ ။

ချစ်​တို့အတွက် ချစ်စိတ်သက်သက်ဖြင့် 😍
Crd...

အမြဲမျှ​ဝေလိုသူ😇

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Website

Address


Kamayut