Kamayut Information - KMY INFO
23/05/2024
ကမာရွတ်တွင် ၂ရက်အတွင်း လူငယ် ၃ဦး အကြောင်းမဲ့ ကမာရွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၊ ၃ရပ်ကွက်ယာယီနယ်ထိန်း ဦးဆောင် ကျင်လည်နေ
𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၃ ရက်၊ ၂၀၂၄ }
မေလ ၂၀ရက်နေ့မှ ၂၂ရက်အတွင်း ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် (၄)ရပ်ကွက် ထိစပ်ရာနေရာများတွင် လူငယ် (၃)ဦးကို ဆိုင်ကယ် ၂စီး၊ ရခ ၂မှ အကြောင်းမဲ့ ဖမ်းဆီးမှု (၂)ကြိမ်ဖြစ်ပွါးခဲ့ပြီး ၃ရပ်ကွက် ယာယီနယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ ဦးဆောင်ကျင်လည်နေကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ မေလ ၂၀ရက်နေ့တွင် နေ့လည် ၂နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ကွမ်းခြံ ၄လမ်းအတွင်း လမ်းလျှောက်နေသည့် လူငယ် (၁)ဦးကို ဆိုင်ကယ်ဖြင့် ဖမ်းဆီးခဲ့ကြသည်။ အလားတူ အဆိုပါနေ့တွင်ပင် ညနေ ၆နာရီဝန်းကျင် ၁၆ပေတံတားပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် ရခ ၂၊ ဆိုင်ကယ် ၂စီးဖြင့် စက်ဘီးစီးနင်ရလာသည့် လူငယ် (၂)ဦးကို ဆိုင်ကယ်များဖြင့် ရှေ့ပိတ်နောက်ပိတ်ပုံစံ ဖမ်းဆီးခဲ့ကြသည်။ အဆိုဖြစ်စဉ်များအတွင်း ဖမ်းဆီးခံရသူများကို ကမာရွတ်မြို့မရဲစခန်းဝန်း (ယခု ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး)သို့ ခေါ်ဆောင်သွားကြသည်။
ပြီးခဲ့သည့် မေလ ၈ရက်နေ့ကတည်းက နံနက် ၇နာရီဝန်းကျင်နှင့် ညနေ ၅နာရီခွဲဝန်းကျင်တို့တွင် စိုးမင်းပိုင်အပါ ရခ (၂-၄)ဝန်းကျင်ဖြင့် ပတ္တမြားလမ်း၊ လှည်းတန်းဘူတာအနီးတွင် လှုပ်ရှားနေကြဆဲဖြစ်ကာ ဘူတာပလက်ဖောင်းပေါ်တွင် သောက်စားမှုများတွေ့ရှိပါက ငွေညှစ်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် ၄ရပ်ကွက်၊ ကွမ်းခြံ ၁-၂လမ်းအထိ ဆိုင်ကယ်ဖြင့် ကင်းပတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
လှည်းတန်းဘူတာ၊ သင်္ဘောကျင်းအိမ်ရာအနီးနှင့် ကွမ်းခြံလမ်းများတွင် ၃ရပ်ကွက်ယာယီ နယ်ထိန်း ရဲတပ်သား စိုးမင်းပိုင်မှ အရပ်ဝတ် သတင်းပေးအချို့နှင့် ဦးဆောင်ကာ အစစ်အဆေးပြုလုပ်ခြင်း၊ ကြက်ဝိုင်းများကို ပြုလုပ်ခွင့်ပေးခြင်း၊ ခိုးဆိုးလုယှက်သူများနှင့် လက်ဝါးချင်းရိုက်ထားခြင်း စသည့် လုပ်ကွက်များကို ရရှိထားကာ အဆိုပါနေရာများမှ ရရှိသည့် ငွေများကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်နိုင်နှင့် စခန်မှုး ဒုရဲမှုး ခင်မောင်အေးတို့အား လည်းကောင်း၊ ထိုမှတစ်ဆင့် အကြမ်းဖက်စစ်တပ်နှင့် မြို့နယ်ကိုင်သည့် စစ်ကြောင်းမှုး G1တို့ကိုလည်းကောင်း အသီးသီးခွဲပေးရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ အတည်ပြုသည်။
ဓါတ်ပုံ - စိုးမင်းပိုင်တို့ ကျင်လည်ရာ ကမာရွတ် အမှတ်(၃)ရပ်ကွက်၊ ပတ္တမြားလမ်းနှင့် လှည်းတန်းဘူတာ၊ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းများနှင့် သင်္ဘောကျင်းအိမ်ရာဝန်းကျင်ပြ မြေပုံ
🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO
🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel
#ကမာရွတ်
24/04/2024
▪️ကမာရွတ်မှာ ဘာဖြစ်ခဲ့သလဲ။
Kamayut Information - KMYINFOသည် ကမာရွတ်မြို့နယ်အတွင်း မေလ (၂၅)ရက် မှ ဧပြီလ (၂၁)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့များ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများအနက် ထူးခြားဖြစ်စဉ်အချို့ကို အနှစ်ချုပ်စုစည်း တင်ဆက်ထားပါသည်။
Kamayut Information-KMYINFOနှင့်အတူ လက်တွဲ၍ ကမာရွတ်မြို့နယ်နေပြည်သူများမှ လုံခြုံစိတ်ချစွာ သတင်းပေးပို့ခြင်းဖြင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် တတ်အားသရွေ့ ပါဝင်ကြပါရန် လေးစားစွာ တိုက်တွန်း အသိပေးအပ်ပါသည်။
#ကမာရွတ်
🚨Breaking News 🚨
ဒီကနေ့ ညနေ ၆နာရီခွဲဝန်းကျင်တွင် ကမာရွတ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်း ရှေ့မျက်နှာစာ(၁၆ပေတံတားအဆင်း ကားမှတ်တိုင်အနီး) ညာဘက်ခြမ်းရှိ ဘန်ကာကင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုအပြီး နာရီဝက်အကြာတွင် အရပ်ဝတ်များဖြင့် ဆိုင်ကယ် ၁စီး၊ စစ်တပ်၏ စရဖစီးသည့် ကားဖြူ ၁စီးတို့ရောက်ရှိကာ ပေါက်ကွဲမှုအနီးပတ်ဝန်းကျင်အား ဓါတ်ပုံရိုက်ယူ၍ ခဏအကြာ လှည်းတန်းလမ်းမဘက်သို့ တက်သွားကြောင်း စုံစမ်းသိရှိရသည်။
🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel
#ကမာရွတ်
Click here to claim your Sponsored Listing.
Category
Website
Address
Kamayut