Life Long Learning Centre
18/06/2024
ကလေးတို့ စာဖတ်စွမ်းရည် ဖွံ့ဖြိုးအောင်
=•=•=•=•=•=•=•=•=•==•==•=•=•=•=
ဘဝအောင်မြင်ရန် အခြေခံအကျဆုံး အုတ်
မြစ်ကတော့ စာဖတ်တတ်ခြင်းပင်ဖြစ်ပါတယ်။
စာမဖတ်တတ်ပါက စာဖြင့်ရေးထားတဲ့ အသိပညာ
များ၊ သတင်းအချက်အလက်များ နားလည်နိုင်
မည်မဟုတ်။ စာမဖတ်တတ်ပါက စာဖတ်တတ်ရန်
လိုတဲ့ခေတ်သစ်ကမ္ဘာမှာ လမ်းပျောက်သွားပါလိမ့်
မယ်။
မိဘအများစုဟာ စာရေးစာဖတ်တတ်ရန်ရွယ်ချက်နဲ့
ကလေးများကို ကျောင်းထားကြပါတယ်။ စာဖတ်
တတ်ခြင်းဟာ အသိပညာများရဲ့ဂိတ်ဝဖြစ်သလို
ဘဝငြိမ်းချမ်းသာယာမှုရဲ့ ဂိတ်ဝလည်းဖြစ်ပါတယ်။
စာဖတ်တတ်ပါက အခြားသူများရဲ့ကမ္ဘာလောက၊
ခံစားမှု၊ စိတ်အတွေးများထဲကို ဝင်ရောက်ခံစား
ကြည့်နိုင်ပါလိမ့်မယ်။ စာကောင်းတစ်ပုဒ်ကိုဖတ်ပြီး
စိတ်လှုပ်ရှားမှု၊ နှစ်သက်ကြည်နူးမှု၊ အံ့အားသင့်မှု
များလည်း ခံစားရနိုင်ပါတယ်။ စာဖတ်ခြင်းကို နှစ်
ခြိုက်ပါက ဘဝဟာ ပျင်းစရာဖြစ်နေမှာမဟုတ်။
ဘာကြောင်းလည်းဆိုတော့ စာတစ်အုပ်ဖတ်အပြီး
နောက်တစ်အုပ်က အသင့်စောင့်နေမှာမို့ ဖြစ်ပါတယ်။
စာဖတ်တတ်တဲစွမ်းရည်ဟာ ကျောင်းစာသင်ကြား
ရာမှာလည်း မရှိမဖြစ်လိုပါတယ်။ ကလေးတို့ဟာ
သင်ပုန်းပေါ်ကစာတွေ၊ ပြဌာန်းစာအုပ်ကစာတွေ၊
အင်တာနက်ကစာတွေ ဖတ်ဖိုလိုသလို မေးခွန်းတွေ
မိမိရေးထားတဲ့စာတွေလည်း ဖတ်ဖို့လိုပါတယ်။ သို့
ဆိုလျှင် ကလေးတို့ မည်သို့ မည်ပုံစာဖတ်တတ်သွား
ရပါသလဲ။ ပထမတစ်ချက်က ကလေးဟာ စာလုံး
တစ်လုံးကိုကြည့်၊ စာလုံးရဲ့ပုံသဏ္ဌန်နဲ့ ယင်းစာလုံး
နဲ့ဆက်စပ်နေသော ရုပ်ပုံတို့ရဲ့ ဆက်စပ်မှုတို့ကို သင်
ယူပါတယ်။ ဒုတိယအချက်ကတော့ အက္ခရာအသီး
သီးရဲ့ အသံထွက်တို့ကိုသင်ယူ၊ ယင်းနောက်အဆို
ပါအက္ခရာများ ပေါင်းစပ်ခြင်းဖြစ်ဖြစ်လာတဲ့ အသံ
ထွက်နဲ့စကားလုံးအဓိပ္ပာယ်တို့ကိုသင်ယူသွားရင်း
တစတစနဲ့ စာဖတ်တတ်လာတာပါ။
စာဖတ်တတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်
တစ်ခုကတော့ လေ့ကျင့် ပိုပိုလေ့ကျင့်ရန်ပင်ဖြစ်
ပါတယ်။ စာဖတ်တတ်ဖို့ လျှို့ဝှက်ချက်တစ်ခုရှိ
ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့မခက်။
ကလေးဟာ စာပိုဖတ်လေ ပိုဖတ်နိုင်လာလေဆိုတဲ့
အချက်ဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတာက ယနေ့ခေတ်ကလေး
ငယ်တွေဟာ စာဖတ်တဲ့အလေ့အကျင့်နည်းလာ
တယ်။ ဘာလို့လဲဆိုတော့ စာဖတ်ခြင်းဝါသနာ
ကိုအတားအဆီးဖြစ်စေတဲ့ စိတ်ပျံလွင့်စရာ ဖုန်း
ပွတ်တာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာဂိမ်းဆော့တာ
စတဲ့ အမြင်ဆိုင်းရာ လှုံ့ဆော်မှုအပြည့်နဲ့ ခေတ်ကြီး
ထဲမှာနေ နေကြရလို့ပါ။ စာဖတ်စွမ်းရည်ညံ့ဖျင်းပါ
က မိမိနဲ့သက်တူရွယ်တူ ထက်စာပိုညံ့၊ ကျောင်းက
ထွက်ရင်လည်း အမှတ်နည်း၊ အလုပ်အကိုင်ကောင်း
ရဖို့ ဖြစ်နိုင်ခြေလည်း နည်းပါလိမ့်မယ်။ လူ့အဖွဲ့
အစည်းတစ်ခုမှာ စာမတတ်သူများရင် အကျဉ်း
ထောင်တွေထဲမှာလည်း စာမတတ်သူယောက်ျား
မိန်းမတွေလည်း များနေပါလိမ့်မယ်။
မိမိတို့ရင် သွေးငယ်တွေကို စာဖတ်ဝါသနာပါ
အောင်ဘာလုပ်ပေးရန်လိုမလဲ။
==============================
မိဘရဲ့စာအုပ်စာပေအပေါ်ထားတဲ့သဘောထား
ဟာ ကလေးရဲ့စာဖတ်ချင်စိတ်၊ စာဖတ်ခြင်းကို
နှစ်ခြိုက်မှုတို့အပေါ် လွှမ်းမိုးပါတယ်။ ကလေး
စာဖတ်ဝါသနာပါဖို့ မိဘကိုယ်တိုင်လည်း စာဖတ်
ဝါသနာပါဖို့လိုပါတယ်။
မိမိအိမ်ကို ကလေးတို့ အလွယ်တကူကောက်ယူ
ဖတ်ရှုနိုင်စရာ စာအုပ်ကြွယ်ဝသော ပတ်ဝန်းကျင်
တစ်ခုအဖြစ်ဖန်တီးပါ။ ကလေးတွေရဲ့ရှေ့မှာ မိမိ
ကိုယ်တိုင်က စာအုပ်တစ်အုပ်ကို နှစ်ခြိုက်အရသာ
ရှိစွာ ဖတ်ရှုနေခြင်းများ ပြသပါ။ ဤသို့ဖြင့်ကလေး
ဟာ စာဖတ်ခြင်ဆိုသည် စိတ်ဝင်စားစရာလိုက်စား
မှုတစ်ခုပါလားလို့ သိမြင်လာပါလိမ့်မယ်။
ကလေးကို စာကြည့်တိုက်၊ စာအုပ်ဆိုင်များသို့
ခေါ်သွားပါ။ စာအုပ်ဆိုင်မှ သူနှစ်သက်ရာ စာအုပ်
များဝယ်ပေးတဲ့အကျင့်လုပ်ပါ။ ကလေးကို မွေးနေ့
လက်ဆောင်အဖြစ် စာအုပ်လက်ဆောင် ပေးနိုင်ပါတယ်။
အိပ်ယာဝင်ပုံပြင်များကို ကလေးအား စာအုပ်ဖတ်
၍ ပြောပြပါ။ သင့်အတွက်နှစ်ခြိုက်စရာအလုပ်
အဖြစ်ခံစားလိုက်ပါက ကလေးနဲ့ရင်းနီးမှုလည်း
ပိုရလာပါလိမ့်မယ်။ ကလေးစာပေတွေဟာ ကောင်း
မွန်ဆန်းကြယ်ပါတယ်။ ကလေးနဲ့အတူစာဖတ်ရင်း
ကလေးရဲ့ ရင့်ကျက်မှုအဆင့်ဆင့်ကို သင်အကဲခတ်
နိုင်ပါလိမ့်မယ်။
ကလေးစာစဖတ်စအချိန်မှာ ဘယ်စာလုံးကဘယ်
လိုဖတ်လဲ၊ အဓိပ္ပာယ်ကဘာလဲစသဖြင့် မေးပါလိမ့်
မယ်။ ဖြေကြားပေးခြင့်ဖြင့် ကလေးရဲ့စာဖတ်လို
စိတ်ကိုမြှင့်တင်ပေးရာရောက်ပါလိမ့်မယ်။ မေးခွန်း
မေးခြင်းအတွက်လည်း ကလေးကို ချီးမွမ်းပေးပါ။
ကလေးနဲ့အတူတွဲစာဖတ်ချိန်လေးလည် စီစဉ်ထား
ပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်လေးရွေးပါ။
မိနစ်၂၀ခန့်တောက်လျောက်ဖတ်တာထက် အချိန်
ခြားပြီး ၁၀မိနစ်ခန့် အချိန်ခွဲဖတ်ပါ။ ကလေးက
ငယ်သေးလျင် ကြာမြင့်စွာ အာရုံမစိုက်နိုင်သေးလို့
ဖြစ်ပါတယ်။
ကလေးဟာ ပုံပြင်နားထောင်ခြင်း၊ ရုပ်ပုံကြည့်ရခြင်း
တို့ကိုသဘောကျသော်လည်း စာရေးခြင်း၊ စာဖတ်
ခြင်း၊ စာလုံးပေါင်းခြင်းတို့တွင် အခက်အခဲရှိပါက
နားလည်တတ်ကျွမ်းသူနဲ့ပြကောင်းပြဖို့လိုပါမယ်။
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
Click here to claim your Sponsored Listing.
Category
Website
Address
Ruby Street
Kalemyo
02091