Shwe Pyi Soe
20/10/2021
နိုင်တော်မူ--
စိတ်ကူးလေးတွေနဲ့ပဲ
ပြည့်စုံနေရသူမို့
မင်း အနိုင်ယူရက်သလား
မင်း ပေးတဲ့ ဒဏ်ရာတွေက
ငါ့ အတွက်တော့
ပျားရည်ယက်စရာ မလိုလောက်အောင်
ချိုမြိန်နေပါပြီ
#ပိုးကြိုးနွယ်
လူတိုင်း လူတိုင်းရဲ့
နှလုံးသားထဲမှာ
"သူ့နေရမှာ ငါ သာဆိုရင် "ဆိုတဲ့ ကိုယ်ချင်းစာစိတ် ရှိနေမယ်ဆိုရင်
အမုန်းတရားတွေဆိုတာ
ရှိလာမှမဟုတ်ဘူးနော်
ဘယ်လောက်ပျော်စရာကောင်းလိုက်ကြမလဲ
09/12/2018
အမေ့ရင်ခွင်
:::::::::::::::
အမေ့ဂုဏ်ရှိန်ဇောဟာဖြင့်
လောကအလယ်
ပြောသမျှကြွယ်လို့
ဒေါနစံပယ်လို မွှေးပျံ့နေဆဲပါ.........
ဆိုးဆိုးကောင်းကောင်းဖြူဖြူမည်းမည်း
သားတို့တတွေရဲ့ဝမ်းဗိုက်ထဲ
နို့ချိုတိုက်ကျွေးရှင်သန်ခွင့်ပေးတဲ့
ဂရုဏာပိုင်ရှင်ကျေးဇူးရှင် အမေပါ..........
သားတို့အတွက်ဆိုရင်လေ
ဒုက္ခတွေထမ်းပိုးရင်း
လောကဓံကိုအံတု
ရန်စွယ်တွေပင်မမှုခဲ့ပါဘူးနော်.........
သောကကိုရင်ဝယ်ပိုက်
အလိုလိုက်အကြိုက်ဆောင်
အမိုက်မှောင်ကိုတောင်
မကြောက်ရွံ့ခဲ့ပါဘူး သားတို့ရေ........
ချော့တစ်ခါ ခြောက်တစ်လှည့်
မြှောက်ပင့်ကာအားပေးစကားနဲ့
အနားလေးမှာ အစဉ်မြဲနှစ်သိမ့်
ရင်ထဲချစ်စိမ့် ပေးချင်နေသူပါ.......
ကျောသပ်ကာအမေချော့သိပ်
ထီးရိပ်လိုအေးမြသလို
နေခြည်နုနု နွေးထွေးမှုတွေပြည့်နေတဲ့
အမေ့ရင်ခွင်ဟာသားတို့အတွက်ပါပဲလေ......
စိန်ရွှေငွေပတ္တမြားတွေနဲ့
အိမ်ခြံမြေမော်တော်ကားတွေမပေးနိုင်ခဲ့ပေမယ့်
အမေ့ရဲ့ထမင်းတစ်လုပ်စာတောင်
မသွင်းထုတ်ကာပေးခဲ့ပါတယ်နော်.......
တစ်နယ်တစ်မြေ ဝေးကွာနေလည်း
အမေ့ရင်ထဲမှာတော့ မလျော့တဲ့ချစ်သဒ္ဓါတွေနဲ့
မေတ္တာဝေဆုတောင်းသံတွေက
ကမ္ဘာမြေကြီးတုန်ဟီးအောင် ပဲ့တင်ထပ်နေပြီ.......
ဘယ်ဌာနေ ဘယ်ဒေသရောက်ရောက်
လာပါလေဘယ်လိုပဲဖြစ်ဖြစ်
အမေ့ရင်ခွင်ဟာ တံခါးမရှိဓားမရှိ
အစဉ်အမြဲနွေးထွေးပျူငှါစွာကြိုဆိုနေလျက်ပါ သားတို့ရေ...........
မင်းနိုင်(ကလေး)
Click here to claim your Sponsored Listing.
Website
Address
Kale