Siblings MH

Siblings MH

Share

02/06/2026

ကျွန်မကို ...
ဖေဖေက ၂ နှစ်သမီးမှာ ကျည် ၁၃ တောင့်နဲ့
နှုတ်ဆက်သွားတယ် ..။

မေမေက ...
လူမှန်ဖြစ်အောင် လမ်းမှန်မှာချပေးခဲ့တယ် ..။

ကျမအိမ်ရှင်မကောင်း မဖြစ်ပေမယ့်
ရှင်တို့က ပြည်ထောင်စုမိခင်လို့ဆိုကြတယ်။
ကျမဖေဖေ့ကိုမှီဖို့ ကျိုးစားရင်း
ရှင်တို့တင်တဲ့ စံထဲဝင်နေတာပါ ..။

ကျမ ပြောခဲ့သားပဲ ...
တင်းမာတာနဲ့ ခိုင်မာတာမတူဘူးလို့
ရှင်တို့ရှေ့မှာမားမားရပ်နိုင်ဖို့ ..၊
အမေကကြီးမားတဲ့ခန္ဓာပေးမထားဘူး ..၊
ရဲရင့်တဲ့ဖေဖေ့စိတ်ဓာတ်ရိုက်သွင်းပေးခဲ့တယ် ..။

တကယ်ဆို စစ်ပွဲမှာကျိန်စာဆိုတာထက်
ငြိမ်းချမ်းရေးရဖို့ သစ္စာဆိုတာကျမပိုကြိုက်တယ် ..၊
သူတို့မသိလို့ပါ ...
အများအတွက်အသက်ရှင်ရတာ
သိပ်ကျေနပ်စရာကောင်းတာကို ..။

ဒါဗိုလ်ချုပ်သမီးလို့ ...
ကလေးတွေကို မိခင်ပြောပြတာ
ကျမအတွက်တော့သေရာပါပီတိစကားပဲ ..။

ကျမတည်ဆောက်ချင်တာ
တမိသားစုမဟုတ်ဘူး။ ပြည်ထောင်စုမိသားစု ..။

ကျမကိုကယ်တင်ရှင်လို့မဆိုပါနဲ့ ...
ရှင်တို့အတွက်တော့အသက်ရှင်ချင်တယ် ..။

တစ်နေ့မှာ ...
ဒါတို့မြေလို့ လွတ်လပ်စွာခရီးသွားနိုင်ချိန်
လုံခြုံတဲ့အိမ်ကိုယ်စီမှာ ငြိမ်းချမ်းစွာအိပ်စက်နိုင်ချိန်
အကြောက်တရားတွေ ကင်းဝေးပြီး တရားမျှတမှုတွေ
မြဲမြံလာတဲ့ အထိ ကျွန်မရှိနေပေးမယ် ..။ ။

ဒေါ်အောင်ဆန်းစုကြည်

#ကျွန်မရဲ့မွေးနေ့ဆုတောင်က
ရိုးရှင်းပါတယ်
လူဆိုတာ မွေးဖွားပြီးရင် သေဆုံးကြရတာပဲ
အဓိပ္ပါယ်ရှိတဲ့ လူဖြစ်ဖို့ အရေးကြီးတယ်
#အဓိပ္ပါယ်ရှိတဲ့ လူဖြစ်ဖို့ဆိုဝာာ
လိုက်နာစရာ များများစားစား မရှိပါဘူး
သူလည်းငါ့လို လူသားတစ်ယောက်ပါလား
ဆိုတဲ့ စာနာစိတ်လေး ထားတတ်ရင်ကို
သင်ဟာ #လူစစ်စစ် တစ်ယောက်ဖြစ်ပြီ

02/06/2026

အကယ်၍များပေါ့ မတော်တဆ ကျနော် ဒီပွဲမှာ
ကျ သွားခဲ့ရင် အမေ့အတွက် စိတ်ချခဲ့ချင်တယ် အကိုတဲ့

ကျနော်ဘာပြန်ပြောရမှန်းမသိလောက်အောင် စွံ့အနေမိတယ်

ခင်များဆီ ပို့တဲ့ စာရောက်ဖို့ တောင်ပေါ်မှာ ၂ နာရီလောက် ထိုင်စောင့်နေရတယ်ဗျာ

အဲ့တာ သီတင်းကျွတ်မှာ အကို့ကို လှမ်း ကန်တော့တာပါ။

-ကိုယ် မုန့်ဖိုးပေးမယ်လေကွာ လို့ ပြောတော့

အတည်တောင်းတာပါ ။ မုန့်ဖိုးမလိုချင်ဘူးအကို ဗြောက် ဖိုး သာပေးပါလို့ ပြောရှာတယ်။

ရင်ဖွင့်ဦးမယ်အကိုရေတဲ့
အမေ့ကိုလဲ ကန်တော့ဖို့ ဖုန်းခေါ်ပါတယ်
စိတ်နာနေတုန်းထင်ပါရဲ့ ဖုန်းမကိုင်ဘူး ။

ဒီပွဲ နိုင်ကို နိုင်မှ ဖြစ်မယ်အကို

ခံယူချက်မတူရင်းက သမီးအဖြစ်က စွန့်မယ်အထိ ပြောထားတဲ့ အမေ့ကို လောကပါလ တရားဟာ တကယ်တည်ရှိကြောင်း သက်သေပြချင်သေးတယ် ။ ပြီးတော့ အမေ့ကို ချမ်းချမ်းသာသာ ထားနိုင်ချင် သေးတယ်။ ပြေးကြည့်မှ ကျနော့်မှာ တွယ်တာစရာရယ်လို့ ဒီအမေပဲ ရှိတာ။

အကယ်၍များပေါ့ မတော်တဆ ကျနော် ဒီပွဲမှာ ကျ သွားခဲ့ရင် အမေ့အတွက် စိတ်ချခဲ့ချင်တယ် အကို။

~ ခု အဆင်ရောပြေရဲ့လား

ကျနော်အဆင်ပြေပါတယ် ။ ပုံပို့ထားတယ်။
ဆံပင်ရှည်ကို ညှပ်ပစ်လိုက်လို့လဲ အပစ်မတင်ပါနဲ့ဗျာ။ ကျုပ် အဲ့ဒီဆံပင်အတွက် အချိန်မပေးနိုင်ဘူး။

~ ဘာပဲဖြစ်ဖြစ် မင်း ကျန်းမာရေးတော့ ဂရုစိုက်ပါကွာ

ရဲဘော်တွေကိုမှ ဆေးထိုးပေးတာမဟုတ်ဘူးဗျ
ကျုပ်ဘာကျုပ်လဲ ခု အကြောဆေး ပြန်ထိုးထားတယ် ။ ဒုတိယနှစ် ကျောင်းသူ ဆိုပေမယ့် ဒီလောက်တော့ ကျွမ်းပါတယ်ဗျ ။

~ အေး ဒဏ်ရာမရစေနဲ့ အသက်အန္တရာယ် မထိခိုက်စေနဲ့
အဲ့တာ အမိန့်နော လို့ကျနော်ပြောတော့

ပြန်နောက်ပုံက ကျုပ် သေလို့တော့ မဖြစ်သေးဘူး အကိုရေ လူဘဝ ရတုန်း ယွကျားတော့ ယူချင်သေးတယ်တဲ့

ဒီလောက် ပင်ပန်းနေတဲ့ကြားက နောက်သွားသေးတယ် ဒီကလေးမ

လေးစားမိပါတယ်ကွာ
လူတစ်ယောက်ရဲ့ ဘုန်း ဆိုတာ စိတ်ဓါတ်နဲ့ လုပ်ရပ် ပေါ်မှာသာ မူတည်တာမျိုး။

PDF ရဲဘော်အပေါင်းတို့အားလဲ အလေးပြုပါတယ်🙏

Crd, Maung Hla Maung

02/06/2026

သမ္မတ ၂ ယောက်က
တစ်ချိန်တည်းကန်တော့တာ
ခံယူနိုင်စွမ်းရှိတဲ့ သီလ သမာဓိ
ပညာ ပြည့်စုံတဲ့ အမျိုးကောင်းသမီး။
ပါချုပ်ဆရာတော်ဘုရားကြီးက
အမျိုးကောင်းသမီးလို့ ချီးကျူး
ဂုဏ်ပြု့ရတဲ့ အမျိုး သမီး။
ဘဝမှာ ဘာမှ
ထပ်မလိုအပ်တော့တဲ့ အမျိုးသမီး
သူအုပ်ချုပ်ခဲ့တဲ့ကာလ
ပေါ်လစီ ချမှတ်တဲ့နေရာမှာ
မှားကောင်းမှားနိူင်ပါတယ်။
လာဘ်စားတယ်ဆိုတာကတော့
တကယ့်ဟာသပျက်လုံးပဲ။
သူမရဲ့လက်ကျန်သက်တမ်းမှာ
တနေ့တအိမ် ထမင်းလိုက်စားမယ်
ဆိုရင်တောင် အသက်-၁၀၀ပြည့်တဲ့
အထိ အိမ်စေ့မှာမဟုတ်ဘူး။
"ကျွန်မကိုဘာလက်ဆောင်ပေးကြမှာလဲ"
လို့သာတောင်းကြည့်ရွှေ
(၇) ပိဿာမပြောနဲ့တနိုင်ငံလုံးက
လူတွေ သူတို့ရှိတဲ့ရွှေတွေ
လက်ဆောင်ပေးကြလို့
ကွန်တိန်နာနဲ့ သယ်ရမယ်။
ဘဝမှာလိုချင်တာ
ဘာမှမရှိတော့တဲ့အမျိုးသမီး၊
အိမ်ထောင်စုဇယားမှာ
ကျွန်မတစ်ယောက်ထဲ
လို့ပြောတဲ့အမျိုးသမီး၊
သူအာဏာရှိစဉ်အချိန်ကတောင်
သားကို ဒီနိုင်ငံပြန်မခေါ်ခဲ့တဲ့
အမျိုးသမီးကို လာဘ်စားတယ်
ပြောတာရီချင်မိတယ်။
"ငြိမ်းချမ်းရေး"ကလွဲရင်
ဘာမှမလိုချင်တဲ့အမျိုးသမီးကို
"ငြိမ်းချမ်းရေး"ကလွဲရင်
အကုန်လိုချင်တဲ့လူတွေက
ပေါက်လွှတ်ပဲစားစွပ်စွဲနေတာ

Want your business to be the top-listed Media Company in Kale?
Click here to claim your Sponsored Listing.

Category

Website

Address


Kale