M1 Plaza
15/12/2022
Post Test (2)
11/07/2022
ဝါဆိုလပြည့်နေ့- ဓမ္မစကြာအခါတော်နေ့
****************************************
"သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို"
၁၂.၇.၂၀၂၂ ယနေ့ အင်္ဂါနေ့တွင်ကျရောက်သော "ဝါဆိုလပြည့် ဓမ္မစကြာနေ့" အခါသမယမှာ
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း M1-Plaza မိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ ။
ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓုပ္ပတ္တိတွင် ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပဋိသန္ဓေတည်တော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ပဉ္စဝဂ္ဂီ ငါးဦး တို့အား တရားဦးဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူသောနေ့၊ တာဝတိံသာ နတ်ပြည်တွင် သတ္တမ ဝါဆိုတော်မူသောနေ့ စသည့်ဖြင့် ထူးခြားလျက်ရှိသည့် နေ့ထူးနေ့မြတ်ဖြစ်ပေသည်။
မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့ညနေ ဆည်းဆာနေအဝင် လအထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ ဣသိပတန မိဂဒါဝုန်ဥယျာဉ်တွင် သုံးလူ့ထွက်ထား ဂေါတမမြတ်စွာဘုရားသည် “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာတရားထူး တရားမြတ်ကို အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်ခဲ့သည်။
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားသည် မဇ္စျိမပဋိပဒါ အလယ်အလတ် ကျင့်စဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး အစုတရားဖြစ်၍ အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်သည့် လမ်းစဉ်ဖြစ်ပေသည်။
ဤမဂ္ဂင်ရှစ်ပါး အစုတရားများမှာ
(၁)။ သမ္မာဒိဋ္ဌိ- ကောင်းစွာသိမြင်ခြင်း။
(၂)။ သမ္မာသင်္ကပ္ပ- ကောင်းစွာကြံစည်ခြင်း။
(၃)။ သမ္မာဝါစာ - ကောင်းစွာပြောဆိုခြင်း။
(၄)။သမ္မာကမ္မန္တ - ကောင်းစွာပြုခြင်း။
(၅)။ သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း။
(၆)။ သမ္မာဝါယာမ- ကောင်းစွာအားထုတ်ခြင်း။
(၇)။သမ္မာသတိ - ကောင်းစွာအောက်မေ့ခြင်း။
(၈)။ သမ္မာသမာဓိ- ကောင်းစွာတည်ကြည်ခြင်း။ တို့ပင်ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော် ဝါဆိုလပြည့်တွင် ဘုရားရတနာတည်းဟူသော ဂေါတမမြတ်စွာ ဘုရားသည် ကိုယ်တော်အရှင်မြတ်၏ လမ်းစဉ်ဖြစ်သည့် တရားရတနာတည်းဟူသော ဓမ္မစကြာ ဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့၍ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတည်းဟူသော ပဉ္စဝဂ္ဂီငါးဦးတို့သည် သံဃာရတနာများဖြစ်ခဲ့ကြသည်။
လောကသုံးပါးတွင် အတုလံအတုမရှိ ကိုယ့်ကျိုးစွန့်လွှတ်တော်မူနိုင်သည့် ဂေါတမမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာသတ္တဝါအပေါင်းတို့အပေါ် မဟာကရုဏာတော်ရှေ့ထားပြီး ဒုက္ခဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါး မဇ္စျိမပဋိပဒါကျင့်စဉ် တရားကိုဟောကြားတော်မူခဲ့သည်ဖြစ်ရာ ဤမဂ္ဂင်ရှစ်ပါး မြတ်တရားသည် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အတွက် များစွာ အကျိုးပြုသည့် တရားတော်၊ ထူးခြားလေးနက်သည့် တရားတော်ဟူ၍ ဗုဒ္ဓဘာသာဝင်များ ယုံကြည်သက်ဝင်လျက်ရှိနေကြသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်လွန် လာခဲ့ပြီဖြစ်ပေသည်။
ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မစကြာဒေသနာတော်တွင် ပါဝင်သည့် အစွန်းတရားနှစ်ပါးကို အမြဲရှောင်ကြဉ်ပြီး မဇ္စျိမပဋိပဒါကျင့်စဉ်မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါးတရားတို့ကို အမြဲမမြတ်နှလုံးသွင်းကြမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်များ အဖို့ လောကီနှင့် လောကုတ္တရာတွင် နှစ်ဖြာသော အကျိုးကို ဖြစ်ထွန်းစေမည်သာ ဖြစ်ပေသည်။
သို့ဖြစ်ရာ ဗုဒ္ဓကိုယ်တော်ရှင်မြတ်ထံပါး၌ ပဉ္စဝဂ္ဂီငါးဦးတို့သည် ဓမ္မစကြာဒေသနာတော်ကို နားကြားရ၍ ဥာဏ်အလင်းပေါက်မြောက်ခဲ့ကြသည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များသည်လည်း ဝါဆိုလပြည့် ဓမ္မစကြာအခါတော် နေ့တွင် ကောင်းစွာနှလုံးသွင်းဆင်ခြင် ကျင့်ကြံအားထုတ်နိုင်ကြစေရန် M1- Plaza မိသားစုမှ ရည်သန်ရေးသားလိုက်ရပေသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
- plaza.
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာနေ့ 🙏🏻
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 15, Shan Gone Road, Nan Thar Gone Ward
Insein
11012