Kaung Thit Auto Sales Center

Kaung Thit Auto Sales Center

Share

07/05/2024

Alphard 2002~2007 အကြောင်းတစေ့တဇောင်း အပိုင်း(၁)
=======================================
➡️Alphard မှာ G နဲ့ V ဆို ပြီး ခွဲထားပါတယ်။ အဲဒါကို တချို့က G က ဂရိတ်မြင့်တယ်။ တချို့က V က ပိုမြင့်တယ် ဆိုပြီး ထင်နေကြတယ်။
➡️2002/3/4 model G ဆိုရင် ရှဲ ၃ တန်း(နီကယ်)နဲ့လာပြီး ၊ V ဆိုရင် ရှဲ ၅ တန်း(ဆေးရောင်)နဲ့ လာပါတယ်။
ဖြစ်စဉ်က Supplier မတူလို့ G နဲ့ V ခွဲထားတာပါ။
➡️Toyopet Company က G grade ကို Supply လုပ်ပြီး။ Netz Company က V grade ကို Supply လုပ်ပါတယ်။
➡️Kluger မှာ L နဲ့ V, Rav4 J နဲ့ V တို့ လည်း အလားတူပါပဲ။ L မှ ခုံ ၃ တန်းဖြစ်တာတို့ ဘာတို့က မဟုတ်ပါဘူး။ အဖြေက Option ပါပဲ။
➡️- 2400cc ဆိုရင် A series နဲ့ ထုတ်ပြီး၊ 3000cc ဆိုရင် M series နဲ့ထုတ်ပါတယ်။ chassis no. မှာလဲ 2.4 ဆို ANH နဲ့ 3.0 ဆို MNH နဲ့ ဖော်ပြပြီး
grade မှာလဲAX,AS, MX, MS, MZ, စသဖြင့်သတ်မှတ်ပါတယ်။ဒါ့အပြင် chassis မှာ 2wd ဆို 10 နဲ့ 4wd ဆို 15 နဲ့ ဖော်ပြပေးပါတယ်။
➡️S, ဆိုရင် ဘယ်အင်ဂျင်ပါဝါဖြစ်ဖြစ် အတွင်းခန်း ခုံမည်း၊ ကျွန်းမည်း နဲ့ လာပါတယ်။ X ဂရိတ်ဆိုရင် အတွင်းခန်းအသား၊ ကျွန်းအနီ/အဝါ နဲ့ လာပါတယ်။
➡️ Z ဂရိတ်ကတော့ 3000cc တစ်မျိုးထဲမှာ လာပြီး ဂရိတ်အပြည့်ဆုံး Luxury အဖြစ်ဆုံးပါပဲ။

➡️- 2.4 engine မှာ 1AZ (4 cylinders) ဖြစ်ပြီး 3.0 engine မှာ 1MZ V6 (6 cylinders) ဖြစ်ပါတယ်။

➡️ ဆီစားနှုန်းကတော့ ရန်ကုန်-နေပြည်တော် ကို 2400cc နဲ့ ပဲ သွားသွား 3000CC 2WD နဲ့ သွားသွား 3000CC 4WD နဲ့ သွားသွား ၁၀ ဂါလံပါပဲ။
➡️2400cc က မြို့တွင်းသုံးအတွက် ထုတ်ထားတာပါ။ လူ ၈ ယောက်၊ Luggage နဲ့ Aircon ၂ လုံး နဲ့ ဆိုတော့ Highway မှာ နည်းနည်း ရုန်းရသလို၊ မောင်းရတာလည်း အင်ဂျင်သံအော်ပါတယ်။
➡️3000cc တွေက အင်ဂျင်သံညက်သလို၊ အောက်ပိုင်းလည်း ပိုတောင့်ပါတယ်။ ကုန်းတတ်ကုန်းဆင်းတို့ အကွေ့အကောက်တို့ဆိုရင်တော့ 4WD က တကယ်ငြိမ်ပြီး၊ Safety အရမ်းကောင်းပါတယ်။တစ်ယောက်တည်းစီးရင်တော့ ဆီစားတာပေါ့ဗျာ။ အဲဒါကြောင့် မိသားစုခရီးသွားလို့သုံးထားပါတယ်။
➡️ဆိုပါစို့ နေပြည်တော်ကို ပုံမှန်ဆလွန်း ၄ ယောက်စီး နဲ့ သွားရင် ခုနှစ်ဂါလံကုန်ပါတယ်။ လူခုနှစ်ယောက်ဆို ၂ စီးသုံးရတဲ့အတွက် ၁၄ ဂါလံကုန်ပါမယ်။ Alphard ဆိုရင် တစ်စီးထဲနဲ့ ဖြစ်မယ်၊ ပျော်ပျော်ပါးပါးနဲ့ သက်တောင့်သက်သာစီးရမယ်။ ဆီ ၁၀ ဂါလံပဲကုန်မယ်။
➡️ ဂျပန်နိုင်ငံ စက်ရုံထုတ်စျေးမှာတော့ 3000CC,4WD, MZG edition ကစျေးအကြီးဆုံးပါ။

➡️တချို့ကားတွေက 4WD ချိန်းခြင်ရင် ခလုတ်တို့၊ ဂီယာတံအတို တို့နဲ့ချိန်းရတယ်၊ ဒီကားတွေက ချိန်းစရာမပါဘူး, စထွက်ရင် အမြဲ4wd(Full time four wheel)ပဲ၊ ဒီတော့ kilo 20 နဲ့ 40 ကြားမှာ 2WD auto ပြောင်းအောင် လုပ်ထားခြင်းဖြင့် waste မဖြစ်တော့ဘူးပေါ့။
➡️ ဆီစားနှုန်းတွေကလည်း 3000CC 4WD ကို 8.6 km/l နဲ့ 3000cc 2WD က 8.9 km/l ပြထားပါတယ်။

မှတ်ချက် ။ ။ မိမိအတွေ့အကြုံ နဲ့ လေ့လာသိရှိထားသလောက်ကိုသာ ပြန်လည်မျှဝေပေးခြင်းဖြစ်သည့် အတွက် လိုအပ်သည်များရှိက နားလည်ပေးစေချင်ပါတယ်။

🔆မျှဝေပေစရာများစွာကျန်ရှိနေပါသေးသဖြင့် နောက်ပိုင်းအပိုင်းဆက် များဖြင့် ထပ်မံ မျှဝေ ပေးသွားပါအုန်းမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။

Credit to original uploader

Want your business to be the top-listed Business in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


အမှတ် ၂၈၉ ၊မဂ္ဂင်ကျောင်းလမ်း တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်
Insein
11011