Back to Nature Myanmar

Back to Nature Myanmar

Share

17/06/2026

အလုပ်တွေ၊ တာဝန်တွေ၊ ဖုန်း Notification တွေကြားမှာပဲ နေ့တိုင်း အချိန်ကုန်နေရတော့ ကိုယ့်ကိုယ်ကိုတောင် အချိန်မပေးဖြစ်တော့ဘူး။

ဒါကြောင့် ကျောက်စက်ရေTrekking လေးကို ဖိတ်ခေါ်ချင်ပါတယ်။
စိမ်းစိုနေတဲ့ သစ်တောလမ်းလေးတွေကို ဖြတ်လျှောက်မယ်...

အေးမြတဲ့ လေပြေတွေကို ရှူရှိုက်မယ်...
ရေတံခွန်လေးဆီရောက်တော့ ရေစီးသံလေးတွေနဲ့အတူ စိတ်ကို အနားပေးမယ်...
သဘာဝနဲ့ ပြန်တွေ့ရတဲ့ ခရီးတစ်ခု၊
စိတ်ကို အားပြန်ဖြည့်ပေးမယ့် နေရာတစ်ခုပါ။

📅 28.June .2026
💰 120,000MMK per person
🚌 Without Transportation

16/06/2026

Hello from other side!

09/06/2026

"စိတ်ညစ်နေလား...?
အလုပ်တွေ ပင်ပန်းနေလား...?
ဖုန်းကြည့်ရင်းပဲ Weekend ကုန်သွားပြန်ပြီလား...?"

ဒီတစ်ခေါက်တော့ အားလုံးကို ခဏမေ့ထားပြီး Taikkyi Trekking ကို join ကြည့်နော်
မိုးရေစက်တွေကြား
လေပြေအေးအေးလေးတွေကြား
ဓာတ်ပုံလှလှရိုက်မယ်...
အမှတ်တရအသစ်တွေ ဖန်တီးမယ်...

ဒီမိုးရာသီမှာ Taikkyi ရဲ့ သဘာဝအလှတရားတွေကို အတူတူ သွားခံစားကြရအောင်နော်...

Date:14 June 2026
Price:68,000 MMK
(Without transportation)

Photos from Back to Nature Myanmar's post 08/06/2026

Consistency looks like nothing is happening, until everything changes!
You were part of a true perspective of Monsoon Trail run!
You were amazing!

Stay tune for more photos!

Photos from Back to Nature Myanmar's post 07/06/2026

ကျေးဇူးတင်လွှာ
ကျွန်တော်တို့ Back To Nature Myanmar က ဦးဆောင်ကျင်းပတဲ့ Environment Day Run 2026 Trail Run Event လေးတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် လိုအပ်သည်များကို အစစအရာရာ ကူညီထောက်ပံ့ လမ်းညွှန် ညွှန်ကြားပေးပါသော တိုက်ကြီးမြို့နယ်သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးမှုး နှင့် တာဝန်ရှိသူများ, အဖက်ဖက် မှ ပူးပေါင်းပါဝင်ကူညီပေးကြပါသောမိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသော BB Collagen Broth, DeHeus Myanmar, MMQR Pay, Rotary Club of Yangon, BTN ပြုလုပ်သမျှ Event တိုင်းမှာ အမြဲတမ်းတက်ကြွစွာ လာရောက်ကူညီပါဝင်ပေး ကြပါသော Volunteer များ, လိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးကြပါသော ဒေသခံများ နှင့် မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

အထူးသဖြင့် ဒီပွဲလေးမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးခဲံကြပါသော110 သော Runners များအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Back To Nature သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသလို တစ်ဖက်မှာလဲ Outdoor Adventure Company ဖြစ်တဲ့ အတွက် ပြေးလမ်း တစ်လျှောက်မှာ ဆိုရင် သစ်တောပြုန်းတီးမှု ခံစားချက်, သစ်ပင်တောတောင်ထူထပ်မှုတဲ့အခါ ခံစားရတဲ့အရသာ မတူညီကွဲပြားတဲ့ ရာသီဥတု ပြောင်းလဲမှုကို Runner တိုင်းဆီသို့ awareness ရောက်ရှိစေရန်ရည်ရွယ်၍ စီစဥ်ထားတာဖြစ်ပါတယ်။ ပြေးလမ်းကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ ပြေးလမ်းကြောင်းဟာ ကြမ်းရင်ကြမ်းပါလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့ ရဲ့ team ရဲ့ အနီးဆုံးမှာ ရှိနေသလို ကျွန်တော်တို့ Team ရဲ့ လမ်းကြောင်းအပေါ်ကျွမ်းကျင်မှုနှင့်အတွေ့အကြုံများကိုပေါင်းစပ်အသုံးချပြီး ရေးဆွဲထားတာဖြစ်ပါတယ်။

ပထမဆုံးစီစဉ်တဲ့ပွဲကနေ ရရှိခဲ့တဲ့ feedbacks တွေ ၊ ပြင်ဆင်ရန် လိုအပ်ချက်တွေကို သေချာမှတ်သားထားပြီး နောက်လာမယ့်နှစ်တွေမှာ အကောင်းဆုံးပြင်ဆင်ရင်း ပြန်လာခဲ့ဖို့လည်း ရှိတာကြောင့် ရင်ခုန်စောင့်မျှော်ပေးကြပါဦး ခင်ဗျာ

📸Stay tune for more photos.

Want your business to be the top-listed Travel Agency in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 278, Dhammayun Street, Yangon
Insein
11011