Electronics& ph7 distibution
17/07/2020
အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂သောင်းစီ ထောက်ပံ့မှုကို လာမည့် သြဂုတ်လအတွင်း ထပ်မံ ဆောင်ရွက်သွားရန် စီမံထားဟုဆို
------ ------ ------
အိမ်ထောင်စုတစ်စုလျှင် ကျပ်၂သောင်းစီ ထောက်ပံ့မှုကို လာမည့် သြဂုတ်လ နောက်ဆုံးအပတ်တွင် စတုတ္ထအကြိမ်အဖြစ် ထပ်မံ ဆောင်ရွက်သွားရန် စီမံထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။
ဦးဇော်ဌေးက”စတုတ္ထအကြိမ်ထောက်ပံ့မှုကိုတော့ ခုနက တင်ပြခဲ့တဲ့ အိမ်ထောင်စုပေါင်း ၅ဒသမ၄သန်းကျော်ကို ကျပ် ၂သောင်းစီထောက်ပံ့မှာဖြစ်ပါတယ်။ ဒီထောက်ပံ့မှုကိုတော့ သြဂုတ်လ နောက်ဆုံးအပတ်မှာ စတင်ဆောင်ရွက်ဖို့ စီမံထားပါတယ်”ဟုပြောသည်။
နေပြည်တော် သမ္မတအိမ်တော်တွင် ဇူလိုင် ၁၇ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးတွင်ရှိသော အိမ်ထောင်စုပေါင်း ၄သန်းကျော်အတွက် ပထမအကြိမ်အဖြစ် စားနပ်ရိက္ခာ ၅မျိုး ဖြန့်ဝေရာတွင် ကျပ်ဘီလီယံ ၅၀ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ စားနပ်ရိက္ခာ ၅မျိုးဖြန့်ဝေရာတွင် မရရှိခဲ့သည့် အိမ်ထောင်စုပေါင်း ၁ဒသမ၄သန်းကျော်အတွက် ကျပ် ၁သောင်းခွဲစီ ထောက်ပံ့ရာတွင် ကျပ် ၂၁ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။
တတိယအကြိမ်အဖြစ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၅ဒသမ၄သန်းကျော်အတွက် ကျပ် ၂သောင်းစီ ထောက်ပံ့မှုကို ယခုလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ရာတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရှမ်းပြည်နယ် ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စသည့် ၃မြို့နယ်တွင် Mobile Paymentဖြင့် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖူးအောင်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
510/B Minsayti Street/West Ywarma
Insein