Tin Zar By Insurance and Financial Advisor
ဆုံးရှုံးမှုဆိုတာ
- - - - - - - - -
🗞️မင်းမှာ ငွေကြေးဆုံးရှုံးမှုကြုံခဲ့ရင်
ဒါဟာ ဘာမှဆုံးရှုံးမှုမဟုတ်ပါဘူး ။
🚴♂️ မင်းမှာကျန်းမာရေးဆုံးရှုံးမှုကြုံခဲ့ပြီဆိုရင်တော့ တစ်ခုခုဆုံးရှုံးလိုက်ရပါပြီ။
💛 မင်းမှာ ကိုယ့်ကျင့်စာရိတ္တပျက်ယွင်းသွားပြီဆိုရင်တော့ အရာရာဆုံးရှုံးလိုက်ရပါပြီ။
Crd : Skill Up Myanmar
21/02/2024
🙏 အကြွေးတွေ ကျေကိုကျေသွားမှာပါ 🙏
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🙏 ပဋ္ဌာန်းတရားတွေရွတ်တယ် ၊
အကျိုးမပေးဘူး၊
လူလိမ်ခံရတယ်တဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။
🙏 မဟာသမယသုတ်တွေရွတ်တယ် ၊
အပြစ်တင် အပြစ်ပြောခံရတာတွေ
ရပ်မသွားဘူးတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။
🙏 ဂုဏ်တော်ပုတီးတွေစိပ်တယ်၊
စီးပွားရေးတွေတစ်လွဲတစ်ချော်တွေ
ဖြစ်နေတုန်းပဲတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။
🙏 ရဟန်းတွေခံ၊ရှင်တွေပြု၊
ကျောင်းဆောက်၊စေတီတွေတည်၊
ဆွမ်းတွေကပ်၊သီလတွေစောင့်တယ်၊
စီးပွားရေး၊လူမှုရေးတွေ အဆင်မပြေဘူး၊
ပိုဆိုးလာသတဲ့။
အကြွေးတွေဆပ်နေတာကို မသိကြဘူး။
🙏 မြတ်စွာဘုရားက
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို
ပေးမယ်လို့ တစ်ထစ်ချ ဟောထားတယ်။
🙏 ဘုရားစကား ဘုရားတရားဟာ
လွဲရိုးထုံးစံ မရှိဘူး။
🙏 ကုသိုလ်လုပ်ပြီး အဆင်မပြေဖြစ်တယ် ဆိုတာ
အကြွေးဟောင်းတွေကို ဆပ်နေရတယ်လို့ မှတ်ပါ။
🙏 ဘဝတွေမှာ
နှုတ်နဲ့တင်ခဲ့တဲ့အကြွေးတွေ အများကြီး။
ကိုယ်နဲ့ပြုခဲ့တဲ့အကြွေးတွေ အများကြီး။
စိတ်နဲ့ပြစ်မှားမိခဲ့တဲ့အကြွေးတွေ အများကြီး။
🙏 ဒီအကြွေးတွေကို ဝိပဿနာဉာဏ်နဲ့မှ
မဆပ်နိုင်သေးရင် ဘယ်တော့မှအကုန်
မကျေနိုင်ပါဘူး။
🙏 ကုသိုလ်ပြုတယ်ဆိုတာ အကြွေးတွေကို
ဖဲ့ ဖဲဆပ်နေကြတာပါ။အကြွေးမှန်မှန်ဆပ်ရင် တစ်နေ့ အကြွေးကျေကိုကျေမှာပါ။
🙏 အကြွေးကျေတဲ့နေ့
လုပ်သမျှကုသိုလ်တွေ အဖတ်တင်တဲ့နေ့၊
လုပ်သမျှ ကုသိုလ်တွေ တန်ပြန် အကျိုးပေးမယ့်နေ့ လို့ မှတ်ပါ။
🙏 မြတ်စွာဘုရားက
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို
ပေးမယ်လို့ တစ်ထစ်ချ ဟောထားတယ်။
🙏 ဘုရားစကား ဘုရားတရားဟာ လွဲရိုးထုံးစံမရှိဘူး။ယုံယုံကြည်ကြည်နဲ့သာ ဆက်လျှောက်ပါ။
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မူရင်း👉 credit...ဓမ္မဒါနအဖြစ်ထပ်ဆင့်မျှဝေပူဇော်ပါသည်...🙏🙏🙏
17/02/2024
မျှော်လင့်ခြင်းတွေရင်မှာ။
လူတိုင်းမှာရည်မှန်းချက်ဆိုတာရှိပါသည်၊ ရည်မှန်းချက်တွေမပြည့်သောအခါ၊ မျှော်မှန်းချက်ဆိုတာဖြစ်လာပါသည်။
မျှော်မှန်းထားသလိုဖြစ်မလာသောအခါ၊ ကံဇတ်ဆရာအလိုကျကရပါတော့သည်။
ဘဝကတိုတိုလေးပါ၊ နက်ဖြန်ဘာဖြစ်မလည်းဆိုတာမသိနိုင်တဲ့ဘဝမှာ၊ ရည်မှန်းချက်တွေမျှော်မှန်းချက်တွေပြည့်ဖို့အသက်ရှင်ရပ်တည်မနေပါနှင့်။
ဘဝရဲ့အနှစ်သာရကိုအဓိပ္ပါယ်ရှိအောင်လုပ်ချင်တာလုပ်ပါ၊ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်မနစ်နာမပျက်စီးမဆုံးရှုံးရန်ထိန်းသိမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝကိုဖန်တီးယူပါ။
William Aung
15/02/2024
ကနေဒါအိမ်မက်။ 🇨🇦Canada Dream.
🇨🇦ကနေဒါတွင်ထုတ်ပြန်လိုက်သော
🚘မော်တော်ယာဥ်မောင်းစည်းမျဥ်းများ။
🚘မော်တော်ယာဥ်မှန်တွင်အရောင်မဲမှောင်စွာလုပ်ထားခြင်း 💵$199
🚘မော်တော်ယာဥ်ထိုင်ခုံခါးပတ်မတပ်ပဲမောင်းနှင်စီးနင်းခြင်း 💵$200
ညအမှောင်တွင်ရှေ့မီးထွန်းရန်ပျက်ကွက်ခြင်း💵$200
အိမ်ပြောင်းရွှေ့ပြီး၆ရက်ကျော်သည်အထိ📮လိပ်စာအသစ်မပြောင်းခြင်း 💵$230
🚘ယာဥ်မောင်းလိုင်စင်မပါပဲမောင်းနှင်ခြင်း 💵$250
🛑Stop Sign ၌ မရပ်ခြင်း 💵$270
သတ်မှတ်ထားသောအရှိန်ထက်ပိုမောင်းနှင်ခြင်း🐎( 1-15 KM) 💵$250
သတ်မှတ်ထားသောအရှိန်ထက်ပိုမောင်းနှင်ခြင်း🐎( 16-25 KM) 💵$450
သတ်မှတ်ထားသောအရှိန်🐢ထက်လျှောနည်းခြင်း 💵$399
🔃Turn, ↩️U-Turn and 🔁turn violation: 💵$350
မျဥ်းဝါ⏸၂ကြောင်းဖြတ်လျှင် 💵$500
👫လူ၂ဦးနှင့်အထက်တင်ဆောင်ထားသောယာဥ်များသာမောင်းနှင်ရန်သတ်မှတ်ထားသောလမ်းကြောင်းတွင်တစ်ဦးတည်းမောင်းနှင်ခြင်း 💵$505
👶ခလေးများခါးပတ်မပတ်ခြင်း၊ မော်တော်ယာဥ်ဥပဒေ စည်းကမ်းလိုက်နာရန်ပျက်ကွက်ခြင်း 💵$599
🚌ကျောင်းကားမီးနီ flashing လုပ်နေစဥ်ကျော်တက်ခြင်း 💵$885
🔴မီးနီဖြတ်လျှင် 💵$900 (စာရေးသူ ဒဏ်ကြေး $165 ပေးရဖူးပါသည်)
🚎လိုင်းကားများသွားရာလမ်းကြောင်းတွင်ယာဥ်ရပ်နားခြင်း 💵$900
🚘ယာဥ်မောင်းနှင်နေချိန်📵ဖုန်းကိုင်ခြင်း၊ အသုံးပြုခြင်း (ပထမအကြိမ်) 💵$1000ယာဥ်မောင်းလိုင်စင် ၃နှစ်ပိတ်သိမ်းခံရမည်။
🚘မော်တော်ယာဥ်အာမခံမရှိပဲယာဥ်မောင်းနေချိန်ယာဥ်မတော်တဆဖြစ်ပွားခြင်း💵$5000၊ ယာဥ်မောင်းလိုင်စင် ၅နှစ်ပိတ်သိမ်းခံရမည်။
🇨🇦ကနေဒါမှာဝင်ငွေကောင်းပါသည်၊ လူနေမူအဆင့်အတန်းမြင့်မားပါသည်၊ ⚖️ဥပဒေများကိုလည်းလိုက်နာရပါသည်။
ဗဟုသုတအဖြစ်မျှဝေခြင်းဖြစ်ပါသည်။
William Aung
Click here to claim your Sponsored Listing.
Category
Address
Yangon
Insein