Pan kalay

Pan kalay

Share

18/09/2021

"အောင်မြင်တဲ့စီးပွားရေးသမားဖြစ်ဖို့ "

1️⃣ ငွေလိုချင်ရုံနဲ့တော့ စီးပွားရေးမလုပ်နဲ့
ခဏနဲ့ပြန်ပြုတ်သွားမယ်
အလုပ်မလုပ်ရရင် မနေနိုင်တဲ့
ရောဂါရှိမှ စီးပွားရေးလုပ်
💵 ငွေက
ကိုယ့်နောက်ကိုလိုက်လာလိမ့်မယ် •••

2️⃣ငွေအရင်းအနှီး နည်းသွားလို့
အလုပ် မဖြစ်တာ မဟုတ်ဘူး ❗
🔹ဦးနှောက် ရင်းနှီးတာနည်းသွားလို့•••
အလုပ်မဖြစ်တာ •••
🔸 သေချာ မစဉ်းစားဘဲ
ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့
အလုပ်မဖြစ်တာ •••

3️⃣ မြန်မာလူမျိုးမို့ •••
ပေါင်းလုပ်လို့မရတာ ကွဲကြတာ
မဟုတ်ဘူး ❗
🔹လုပ်ပိုင်ခွင့် ၊ ခံစားခွင့် နဲ့
တာဝန်ယူမှုတွေကို •••
အစထဲက ရှင်းရှင်းလင်းလင်း မခွဲဘဲ
လုံးချခဲ့လို့ ကွဲကြတာ •••

4️⃣လုပ်ငန်း ဆုံးရှုံးသွားတာ •••
ဝန်ထမ်းတွေ ညံ့လို့မဟုတ်ဘူး ❗
ပြိုင်ဘက်တွေ ညစ်လို့မဟုတ်ဘူး❗
ကိုယ်စီမံခန့်ခွဲတာ လိုသွားလို့ •••

5️⃣အလုပ်တွေများလို့
မပြီးတာမဟုတ်ဘူး ❗
အချိန် နဲ့ တာဝန် ခွဲဝေဖို့
စီမံခန့်ခွဲမှု မလုပ်လို့ မပြီးတာ
တစ်ယောက်ထဲ လုပ်လို့ရတဲ့ ကိစ္စတွေကို နှစ်ယောက် လိုက်လုပ်နေလို့
အလုပ်တွေ မပြီးပြီးတာ •••

6️⃣အသုံးစရိတ်များလို့ အရှုံးပေါ်တာ မဟုတ်ဘူး အဖြုန်းစရိတ် များသွားလို့ အရှုံးပေါ်တာ ...

7️⃣လုပ်ငန်းကို သေးသေးပဲစခဲ့လို့ ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး အိမ်မက်သေးသွားလို့ မအောင်မြင်တာ ...

8️⃣လုပ်ငန်းကို ကြီးကြီးစနိုင်လို့ သူအောင်မြင်နေတာ မဟုတ်ဘူး အိမ်မက်ကြီးကြီးနဲ့စခဲ့လို့ သူအောင်မြင်တာ ...

9️⃣အရင်းအနှီးများတဲ့သူနဲ့ လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး ရလဒ် ထွက်အောင် လုပ်မယ့် တာဝန်ယူမယ့်၊ တာဝန်ခံမယ့်သူနဲ့ ဦးစားပေး လက်တွဲမှ အောင်မြင်မှာ ...

🔟 ဝန်ထမ်းတွေရဲ့ဘဝနဲ့အရည်အသွေးကို တိုးတက်အောင် မပြောင်းလဲပေးနိုင်ရင် ကြီးကျယ်တဲ့ အလုပ်တွေကို ဖန်တီးလုပ်ယူလို့မရဘူး ...

11. မိုးထဲလေထဲရောက်ရင်
ရှောင်နေတဲ့ အချောင်သမားတွေကို
လက်တွဲဖြုတ် ။
🔹အပြောသမားကို လက်တွဲဖြုတ် ။
🔸ရလဒ်မထွက်တဲ့သူကို လက်တွဲဖြုတ်။ ◾သူများအပြစ်ပဲ မြင်တတ်တဲ့သူဆို
လက်တွဲဖြုတ် ။
Theory နဲ့ Strategy တွေပဲ
ထိုင်ရွတ်နေပြီး မြေပြင်မှာ ဝင်မကူတဲ့
သူဆို လက်တွဲဖြုတ် ။

12. အသေးစိတ် အလုပ်တွေကို
တာဝန်ခံပြီး ကျားစီး ဖားစီး
လုပ်တဲ့သူကို လုပ်ပိုင်ခွင့်ပေး ။
🔹 အမြဲတက်ကြွ နေတဲ့သူကို
လက်တွဲထား ။
🔸အလုပ်ကို ရူးသွပ်တဲ့ လူကို ပံ့ပိုး ။

ဒါဆိုရင် ရလဒ်ကောင်း
ထွက်လာလိပ်မယ် •••

13. အောင်မြင်တဲ့ စွန့်ဦး ဆိုတာ
အိမ်မက် ထိုင်မက်နေတဲ့
သူတွေ မဟုတ်ဘူး ❗
မရပ်မနားကို လဲကျလိုက်
ပြန်ထလိုက် လုပ်နေတဲ့ သူတွေပဲ ။

14. ခင်ဗျား အလုပ် ဘယ်လောက်
ရှုပ်ရှုပ် ဘယ်သူမှ စိတ်မဝင်စားဘူး ❗
ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ
အားလုံးက စိတ်ဝင်စားတယ် ။

15.
👉 နောက်ဆုံးပြောရရင် စီးပွားရေး
လုပ်တယ် ဆိုတာ ခင်ဗျားအကြောင်း
သူများတွေသိဖို့ထက်
သူများတွေ အကြောင်းကိုသာ
ခင်ဗျားသိဖို့ ပိုအရေးကြီးတယ် ။


#စာဖတ်ကြမယ်

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Website

Address


Insein
263669