AShin Nanda Thara
#ကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာသာ
#သာသနာတည်တယ်
15/05/2023
စရဏတခု နေ့စဉ်ပြု
➖➖➖➖➖➖
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
မိန်မှာထားတဲ့ သြဝါဒ တစ်ခု ရှိပါတယ်။
"ခင်များတို့ ဦးအောင်ဇေယျ သိလား
သူက ဘုရင်ဗျ
ဘုရင်ဆိုတော့ စစ်တိုက်ရတာပေါ့ဗျာ
စစ်တိုက်ရပေမယ့်
ဦးအောင်ဇေယျ ကြီးက
နေ့တိုင်း မပျက်မကွက်
ဂုဏ်တော် တစ်ထောင် ပွါးတယ်ဗျ " တဲ့
ဆိုလိုတာက
လူတွေလည်း နေ့စဉ်ရက်ဆက်
စီးပွါးရေး ကြီးပွားရေး တွေ
လုပ်နေရတယ်ဆိုပေမယ့်
စရဏတစ်ခု နေ့စဉ်
မပျက် မကွက် လုပ်သင့်တယ်လို့
မိန့်လိုတော်မူခြင်း ဖြစ်ပါတယ်။
ဒါမှ ကိုယ်ပေါ်
မြင်အပ် မမြင်အပ် တွေက
နှောင့်ယှက်ချင်တယ်ဆိုရင်
ကိုယ် ထုံ ထားတဲ့ စရဏရဲ့
အစွမ်းသတ္တိကြောင့်
နှောင့်ယှက်ချင်တိုင်း
နှောင့်ယှက် မရ ဖြစ်မှာပေါ့။
ကိုယ့်မှာ ဘာစရဏမှ
အားကိုးစရာ မရှိဘူးဆိုရင်
သေချာပါတယ်
သူများ စိတ်အနှောင့်ယှက်ပေးတိုင်း
ကိုယ့်ရဲ့ စိတ် နောက်နေရပါလိမ့် မယ်။
သူများ နှောက်တိုင်း
မနောက်ချင်ဘူးဆိုရင်တော့
ကိုယ် စိတ်ပါတဲ့ ကြည်ညိုတဲ့
ဂုဏ်တော်ဖြစ်စေ
မေတ္တာ ဖြစ်စေ
ဒါနမှု ဖြစ်စေ
တရားရှုမှတ်မှု့ဖြစ်စေ
အားကိုးရလောက်အောင်ထိ
နေ့စဉ်ရက်ဆက်
မှန်မှန် ထုံ ထားမှ
အဆင်ပြေမယ်ဆိုတာ
ဗုဒ္ဓဘာသာဝင်တွေ
သိထားသင့်တယ်...
မဟာဘောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🌹🙏🙏🙏🙏🙏
ပေးရသောအချိန်နှင့် တန်သော
အသိဥာဏ်ဗဟုသုတများ ရရှိနိုင်ကြပါစေ။
မေတ္တာဖြင့်...🙏🙏🙏
20/03/2023
သံဝေဂ ဝတ္ထု ၈-ပါး
🙏🙏🙏🙏🙏
သံဝေဂ = ထိတ်လန့်တုန်လှုပ်စရာ၊
ဝတ္ထု = အကြောင်းတရား၊
သံဝေဂ ဖြစ်စရာတွေနဲ့ ကြုံတွေ့လာတဲ့အခါ
စဉ်းစားဉာဏ် ရှိတဲ့သူတွေက သံဝေဂ ဖြစ်ကြတယ်။ စဉ်းစားဉာဏ် မရှိတဲ့ ပုဂ္ဂိုလ်တွေက
အကုသိုလ်တွေဖြစ်ပြီး, သံဝေဂ ဖြစ်မှုနဲ့
ကင်းကွာပြီး သံသရာ ဝဋ်ဆင်းရဲက လွတ်လမ်းကို
ရှာမရနိုင်ကြဘူး။
(၁) ဇာတိ
လူတွေဟာ မွေးဖွားလာကတည်းက ငိုခြင်းနဲ့
စလာခဲ့ကြတာ။ ဒုက္ခနဲ့ ရင်ဆိုင်ခဲ့ကြတယ်။
မိမိမွေးဖွားစဉ်က သတိတရားနည်းပါးလို့
သတိမမူမိသော်လည်း မိမိထက်ငယ်ရွယ်သူတွေ
မွေးဖွားတဲ့အခါမှာ အင်မတန်မှ သတိထားရင်
သိနိုင်ပါတယ်။ သို့သော် ပုထုဇဉ်တွေဟာ
ဒီလို သံဝေဂ ဖြစ်ဖို့နေနေသာသာ သားလေး
သမီးလေးဆိုပြီး ပျော်နေကြသေးတယ်။
(၂) ဇရာ
မွေးဖွားလာပြီး တဖြေးဖြေးနဲ့ အသားအရေတွေ
ရင့်ရော် အသက်တွေကြီးလာ ဆံပင်တွေဖြူလာနဲ့
မွေးပြီးတာနဲ့ အိုခြင်းတရားက နှိပ်စက်နေတာ
သတိထားပြီး သံဝေဂ ဖြစ်စရာကောင်းပါတယ်။
လူအိုတွေနဲ့တွေ့ရင် သူတို့သာမဟုတ်ဘူး
ငါ့မှာလည်း အိုခြင်းသဘောရှိတယ်၊
အိုခြင်းကို မလွန်မြောက်နိုင်သေးလို့ တွေးတောမိပြီး
ဘဝအပေါ်မှာ ထိတ်လန့် တုန်လှုပ်ရမယ်။
(၃) ဗျာဓိ
အိုလာပြီးရင် တဖြည်းဖြည်းနဲ့
အနာရောဂါတွေ နှိပ်စက်လာတယ်။
သို့သော်လည်းပဲ သံဝေဂ မရကြပါဘူး။
(၄) မရဏ
နာပြီးတော့ သေရတယ်။ သေတာဟာ
ဒုက္ခဆိုတဲ့ သံဝေဂလည်း မရကြဘူး။
ရလည်းခဏပဲ ပျော်စရာနဲ့ တွေ့ရင် ပြန်ပြီး
ပျော်တာပါပဲ။
(၅) အပါယ ဒုက္ခံ
အပါယ်လေးဘုံက သတ္တဝါတွေရဲ့ ဒုက္ခ
ဆင်းရဲကိုကြည့်ပြီးလည်း သံဝေဂ ဖြစ်ရမယ်။
ငရဲ သားတွေရဲ့ဆင်းရဲကို မမြင်နိုင်လို့ မသိဘူးပဲထား
လူတွေနဲ့ အနီးကပ် ထိတွေ့နေတဲ့ သတ္တဝါတွေရဲ့
ဒုက္ခကို သတိထားပြီး သိနိုင်ပါတယ်။
ကိုယ်လည်းပဲ သံသရာတစ်လျှောက်
ဒီလို ဒုက္ခတွေ ကြုံခဲ့တာကို ဆင်ခြင်နိုင်ရမယ်။
(၆) အတီတေ ဝဋ္ဋမူလက ဒုက္ခံ
အတိတ်ကို မျှော်မှန်းပြီး စဉ်းစားကြည်စမ်းပါ။
ငါတို့ အရင်ဘဝက ဒီလိုပဲ သေခဲ့လို့ ဒီဘဝမှာ
မွေးဖွားလာတာ အရင်တုန်းကလည်း
ဘယ်လောက်တောင် သေခဲ့လည်းမသိဘူး
ဘယ်လောက်နာခဲ့ပြီး သေခဲ့လည်း မသိဘူး ဆိုပြီး
စဉ်းစားဆင်ခြင်ပြီး ဘဝအပေါ်တပ်မက်တဲ့
တဏှာကို လျော့နည်းအောင် လုပ်ရပါမယ်။
(၇) အနာဂတေ ဝဋ္ဋမူလက ဒုက္ခံ
ယခုဘဝကနေ နောက်ဘဝတွေကိုတွေးကြည်ပါ။
ဒီဘဝသေပြီးရင် နောက်ဘဝတွေ ထပ်ဖြစ်ဦးမယ်။
နောက်နောင်လည်း ဒီလိုပဲ ဒုက္ခနဲ့စပြီး
ဒုက္ခနဲ့ ဆုံရဦးမယ် ဆိုပြီး သံဝေဂ ရရပါမယ်။
(၈) ပစ္စုပ္ပန္နေ အာဟာရ ပရိယေဋ္ဌိ မူလကံ ဒုက္ခံ
လက်ရှိဘ၀ကို ကြည့် အေးအေးချမ်းချမ်း
မနေနိုင်ဘူး တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူး။
စားစရာ ဝမ်းစာတွေတွေရှာနေရတယ်။
တနေ့တည်းလည်း မဟုတ်ဘူး တသက်လုံး
မသေမခြင်း ရှာနေရတာ ဒုက္ခ အင်မတန်
ကြီးတယ်လို့ သံဝေဂတွေ ရရပါမယ်။
ဒါကို သံဝေဂ၀တ္ထု ၈-မျိုး
(ထိတ်လန့်ဖွယ်၊ တုန်လှုပ်ဖွယ်၊
ငြီးငွေ့ဖွယ် အကြောင်းတရားတွေ) လို့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ဟောကြားတော်မူပါတယ်။
ဒီလို သံဝေဂနဲ့ ကြုံတိုင်း ဆုံတိုင်း
မိမိတို့ရဲ့ သန္တာန်မှာ
သံဝေဂတရားတွေ ဖြစ်ဖို့ လိုအပ်တယ်၊
မဖြစ်ဘူးဆိုရင် သံသရာ ဝဋ်ကလွတ်ဖို့
လမ်းစတောင် မရသေးဘူးလို့ ပြောရမယ်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Insein