GTI Insein Interim Administrative Council
၁၀၉ နှစ်ပြည့်သမိုင်းအား မရိုင်းစေခဲ့သော သူရဲကောင်းတို့အား မှတ်တမ်းတင်ဂုဏ်ပြုခြင်း
အင်းစိန် GTI ကျောင်းတော်ကြီးသည် Government Technical Institute (Insein) ဟုပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သော ၁၉၁၂ ခုနှစ်မှ ယခု ၂၀၂၁ ခုနှစ်အထိ ရေတွက်သော် ၁၀၉ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် အင်းစိန် GTI ရှိကျောင်းသား/သူများ ဆရာ/မ တို့သည် မတရားမှုတို့အားလက်ပိုက်ကြည့်မနေကြဘဲ အမှန်တရားဘက်မှသာ ရပ်တည်ခဲ့ကြပါသည်။ ထိုသို့ ၁၀၉ နှစ်ပြည့်မြောက်သော အင်းစိန် GTI ၏သမိုင်းအား အရိုင်းမခံဘဲ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် မတရားနည်းဖြင့် အာဏာသိမ်းယူသွားသော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်အား မထောက်ခံကြောင်း Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ယနေ့အချိန်အထိ အာဏာသိမ်းစစ်တပ်၏ ယန္တရားတွင် တာဝန်ထမ်းဆောင်ခြင်းမရှိကြသော ဆရာ၊ဆရာမ များနှင့် ရောက်ရာအရပ် ကျရာအခန်းကဏ္ဍတို့မှ အသီးသီးတော်လှန်နေကြသော CDM ကျောင်းသား၊ကျောင်းသူ များအား “ဂျီ.တီ.အိုင်(အင်းစိန်)ကြားကာလအုပ်ချုပ်ရေးကောင်စီ” မှ လေးစားမှုဖြင့် အထူးတလည် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အင်းစိန် GTI ကျောင်းတော်ကြီးသည် ၁၉၁၂ ခုနှစ်မှစ၍ မွေးထုတ်ခဲ့သော ကျောင်းသားဟောင်းများ အနက်မှ“ဂျီ.တီ.အိုင်(အင်းစိန်)ကြားကာလအုပ်ချုပ်ရေးကောင်စီ”နှင့် ပူးပေါင်းကာ CDM ဆရာ/မ များနှင့် အစစအရာရာ လိုအပ်သော ဒေသတို့အား ကူညီထောက်ပံ့ပေးကြသည့် ကျောင်းသားဟောင်းအချို့တို့အား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
၁၀၉ နှစ်ပြည့်မြောက်သည့် ခုနှစ်မှ စတင်၍ အမှန်တရားအား မြတ်နိုးကြသော ဆရာ ဆရာမများ ၊ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသားဟောင်းများသည် အင်းစိန် GTI ၏ ရတုအဆက်ဆက် သမိုင်းတွင် အထင်အရှား ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေမည်ဖြစ်ပါသည်။
15/11/2021
❙ တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုရန် ကိစ္စနှင့်စပ်လျဉ်း၍ မိဘပြည်သူ၊ ကျောင်းသူ၊ကျောင်းသားများသို့ အသိပေး သတင်းထုတ်ပြန်ခြင်း
◾️အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်ရန် ခိုင်မာစွာ သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်သည့်အလျောက် ကြားကာလအတွင်း ပညာရည်ဆန်းစစ်မှု စာမေးပွဲစနစ်များကိုလည်း ဖက်ဒရယ်ပညာရေး သဘောတရားများ၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အများပြည်သူ နစ်နာမှုမရှိစေရေးကို အထူးဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
◾️သင်ရိုးညွှန်းတမ်းစနစ် ပြောင်းလဲရေးတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည့် တက္ကသိုလ်၀င်တန်း၌ တက်ရောက်နေဆဲ ကျောင်းသူ၊ကျောင်းသားများ အတွက် ပညာရေး အရည်အသွေးရှိကာ အများပြည်သူ လက်ခံနိုင်သော ဆန်းစစ်ဖြေဆိုမှုစာမေးပွဲတစ်ခု ကျင်းပပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ ပညာရှင်များ၊ နည်းပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးလျက်ရှိပါသည်။
◾️ထို စာမေးပွဲကို တက္ကသိုလ်၀င်တန်းကျောင်းသူ၊ကျောင်းသားအားလုံး လက်လှမ်းမီ ပါ၀င်ဖြေဆို နိုင်မည့် အစီအစဉ် ဖြစ်စေရန် သက်ဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းများ/သမဂ္ဂများ၊ ပညာရေးအဖွဲ့ အစည်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ တက္ကသိုလ်ကောင်စီများ၊ ဆရာ သမဂ္ဂများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နည်းပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
◾️လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသားများ၊ မိဘပြည်သူများ အနေဖြင့် မိမိဆန္ဒမပါ၀င်ပဲ တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခံရ ခြင်းများ၊ ယခုနှစ် စာမေးပွဲဖြေဆိုရန် အမည်စာရင်း မတင်သွင်းလျှင် နောက်နှစ်များတွင် ဖြေဆိုခွင့်မပြုဟူသော အာဏာရှင် ဆန်သည့် ဖိအားပေးမှုများသည် အနာဂတ်လူငယ်များအား ပညာရည်နိမ့်ပါးအောင် လုပ်ဆောင်နေခြင်း ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အားလုံးပါဝင်နိုင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကို အများဆန္ဒနှင့်အညီ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါ မတရား ဖိအားပေး ခြိမ်းခြောက်မှုများကို စိုးရိမ်ပူပန်ရန် မလိုအပ်ပါ။
◾️ပြည်တွင်းပြည်ပ နိုင်ငံတကာမှလုံးဝအသိအမှတ်မပြုသော တရားမ၀င် စစ်ကောင်စီ၏ ပညာရေးလုပ်ဆောင်မှုများအားလုံးသည် အလိုအလျောက် တရားမ၀င်ကြောင်း ကြေညာထားပြီးဖြစ်သဖြင့် စစ်ကောင်စီမှ ခိုင်းစေကျင်းပသည့် တက္ကသိုလ်၀င်တန်း စာမေးပွဲရလဒ်များကိုလည်း ဖက်ဒရယ်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည့် အဆင့်မြင့်ပညာ တက္ကသိုလ်/ကောလိပ်/ သိပ္ပံများက အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။
ပညာရေး၀န်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Insein
11012