Flannel Box Phakant
08/02/2021
"ဆန္ဒပြ ပြည်သူများသတိ"
ရေရှည်တိုက်ပွဲဖြစ်သည်။
88 ဟာ August 8 ကေန September 21ထိ ကြာပါတယ်
သတိချပ်ပါ
မိမိတို့ခွန်အားကို ချွေတာပါ။
#ဒါကိုသတိပြုပါ
စစ္တပ္က မပစ်သေးတာ ပြည်သူကို ချစ်လို့မပစ်တာမဟုတ်ပါ။
မပစ်ရဲလို့မပစ်တာလည်း မဟုတ်ပါ။အချိန်တစ်ခုစောင့်နေတာပါ။
အဲ့ဒါကေတာ့ ပြည်သူတွေ ပင်ပန်းမယ့်အချိန်ကိုစောင့်နေတာပါ။
ခန္တာကိုယ်အရမ်းပင်ပန်းလာရင် စိတ်ပိုင်းဆိုင်ရာတွေ ပါက်လာမွာပါ။
***စစ်အောင်နိုင်ရေး သေဘာတရားမွာ ရန်သူရဲ့ အလစ်အငိုက်ကို ယူရမယ်ဆိုတာ စစ်သားတိုင်းသိတဲ့သဘောတရားပါ***
အဲ့တော့ သမိုင်းကြောင်းပြန်ကြည့်ပါ။
လူတွေအားလုံးပင်ပန်းအောင် လမ်းပေါ်မှာ ၇ ရက် ၈ ရက်တင်ထားမှာပါ။
အရမ်းပင်ပန်းလာပြီဆိုမှ ခ်မွာပါ။
အခုစောင့်နေတဲ့ ပင်ပန်းနေတဲ့ရဲတွေ အစား သေသေချာချာ အားမွေးထားတဲ့ စစ်သားတွေ ကို အစားထိုးပြီး ရက်ရက်စက်စက် နှိမ်နင်းမှာပါ။
ဒါ့ကြောင့်
ပြည်သူတွေက ကိုယ့်အားတွေကိုချန်ထားပါ ၊မီးကုန်ယမ်းကုန် ကြဲ လို့မရေသးပါဘူး။
(၁) လမ်းသိပ်မလျှောက်ပါနဲ့ ဆိုင်ကယ်၊ကား စတာတွေနဲ့ လိုက်ပါ ၊လှည့်ပါ။
ဖြစ်နိုင်ရင် လမ်းအဝေးကြီးလုံးဝမလျှောက်ပါနဲ့။ အခုနယ်တွေမှာ ပြနေသလို ဆိုင်ကယ် ဆန္ဒပြနည်းလမ်းတွေ သိပ်ကောင်းပါတယ်။
အခုတောင် လမ်းအဝေးကြီး လျှောက်ပြီး အားတွေ လျော့နေကြပြီ
(၂) အရမ်းမအော်ပါနဲ့ ၊ ကြွေးကြော်သံတွေကို ဖုန်းထဲ သွင်းပြီးဖွင့်ပါ။
(၃) တနေကုန်မနေပါနဲ့ အလှည့်ကျ နားနားပြီးမှ လိုက်ပါဆန္ဒပြကြပါ။
(၄) သင်္ကြန်လှည့်နေသလို အပျော်လုပ်နေတာမဟုတ်ပါ။ စားချိန်စား၊နားချိန်နားနဲ့ စနစ်တကျလုပ်ပါ။
(၅) ရေရှည်တိုက်ပွဲ ဖြစ်လို့ မိမိတို့
ခန္ဓာကိုယ် ရေရှည်တိုက်ပွဲ ဝင်နိုင်ဖို့ စနစ္တက် ပြင်ဆင်ထားပေးပါ။
စိတ်ကြိုက် ကူးတင်နိုင်ပါသည်။ ကူးတင်ပါက လူပိုမြင်ပါသည်။
Photo credit
Click here to claim your Sponsored Listing.
Category
Website
Address
Hpakan