Future Japanese Language School
14/01/2022
နှင်းတွေထူထပ်စွာဖုံးလွှမ်းနေတဲ့ Tokyo မြို့ရဲ့အလှကို ဖမ်းယူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ
2022 ခုနှစ် ဇန်နဝါရီလ 6 ရက်နေ့မှာတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပထမဆုံးဆီးနှင်းများ ထူထပ်စွာကျဆင်းမှု သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာတိုကျိုတွင် လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီးနှင်းထူထပ်စွာကျဆင်းမှု သတိပေးချက်ပဲဖြစ်ပါတယ်။
တိုကျိုမြို့ရဲ့ နှင်းတွေထူထပ်နေတဲ့လမ်းတွေက ဓာတ်ပုံဆရာတွေအတွက်တော့ တကယ့်ကိုထူးခြားပြီး ဆွဲဆောင်မှုတွေနဲ့ပြည့်လို့နေပါတယ်။ ဆီးနှင်းတွေနဲ့အပြည့်နဲ့ တိုကျိုမြို့လမ်းတွေရဲ့ အလှတွေကို ဓာတ်ပုံဆရာ Yuichi Yokota က လုံးဝလက်လွှတ်မခံနိုင်ခဲ့တာပါ။
ဓာတ်ပုံဆရာ Yuichi Yokota က ဆီးနှင်းတွေတဖြိုက်ဖြိုက်ကျဆင်းနေတဲ့ တိုကျိုညတွေရဲ့အလှကို ပေါ်လွင်စေမယ့် ရိုက်ချက်တွေနဲ့ ရိုက်ကူးဝေမျှပေးခဲ့တာပါ။ သူ့ရဲ့ဓာတ်ပုံတွေက ဆောင်းတွင်းရဲ့အငွေ့အသက်တွေကို ခံစားမိစေမှာဖြစ်ပြီး တိုကျိုညတွေရဲ့ ချမ်းအေးမှုတွေကိုပါ ခံစားမိစေမှာဖြစ်ပါတယ်။
ဓာတ်ပုံဆရာ Yuichi Yokota ရဲ့ ဆီးနှင်းတွေကျဆင်းနေတဲ့ တိုကျိုညအလှဓာတ်ပုံအချို့ကို ဝေမျှပေးလိုက်ပါတယ်။
SHWEMOM
Photos from yokoichi777's instagram
16/10/2021
ဖူဂျီတောင်ရဲ့အရိပ် တစ်ခွင်လုံးလွမ်းမိုးနေတဲ့မြို့ကလေး
(ဂျပန်လူမျိုးတို့ အထွတ်အမြတ်ထားရာ Mt.Fuji)
ဖူဂျီတောင်ဟာ ဂျပန်လူမျိုးတို့ရဲ့နှလုံးသားထဲမှာ ထူးခြားပီးမြတ်နိုးရတဲ့အရပ်ဌာနေတစ်ခုဖြစ်ပါတယ်။
ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံထဲက အမြင့်ဆုံးတောင်ဖြစ်ပီး မီးတောင်တစ်ခုလဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖူဂျီတောင်ဟာ ရှင်တိုဘာသာကိုးကွယ်ယုံကြည်သူတွေရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ပါတယ်။
ယဥ်ကျေးမူဆိုင်ရာအားဖြင့် ဂျပန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး ရုပ်ရှင်များ၊အနုပညာပန်းချီများ၊ အမျိုးမျိုးသောကုန်ပစ္စည်းတွေမှာ ဖော်ပြကြပါတယ်။
ဖူဂျီတောင်ရဲ့အရိပ် တစ်ခွင်လုံးလွမ်းမိုးနေတဲ့ မြို့လေးအကြောင်းသိချင်ရင်တော့ ပုံတစ်ခုချင်းစီမှာ ရေးပေးထားပါတယ်။
Crd # JAPO Myanmar
16/10/2021
အကြောင်းတစ်ခုခုဖြင့် ဂျပန်နိုင်ငံကိုသွားရောက်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ရာသီဥတုတွေအကြောင်းကလဲ သိထားဖို့လိုပါမယ်နော်။
ဂျပန်နိုင်ငံမှာက အဓိကအားဖြင့် ရာသီဥတု(၄)မျိုးရှိတယ်လို့ သတ်မှတ်ထားပါတယ်နော်။အဲတာတွေကတော့ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီဆိုပီးတော့ ဖြစ်ပါတယ်။
ပုံလေးတွေ တစ်ခုချင်းစီမှာ ရာသီဥတုတစ်ခုချင်းစီအကြောင်းကို ရေးထားပါတယ်နော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hpa-an