Essential For U
29/01/2021
အရောင်လေးတွေသေချာရွေးလို့ရအောင်တင်ပေးလိုက်ပါတယ်
စိတ်ကြိုက်ရွေးချယ်ပြီး အခုပဲမှာလိုက်တော့နော်😘
8,500ks
Instock
24/01/2021
🌸🌸အားလုံးလဲသိပြီးဖြစ်တဲ့ ရေသောက်ခြင်းက ကျန်းမာရေးအတွက် အရေးပါဆုံးသော အရာတစ်ခုဖြစ်ကြောင်းကို Essential For U page မှ ထပ်မံမျှဝေပေးချင်ပါတယ်။🌸🌸
ရေသောက်ခြင်းက ရောဂါအများအပြားကို ကုသနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
ငယ်ရွယ်နုပျိုနေခြင်းရဲ့ အတုမရှိတဲ့လျှို့ဝှက်ချက်တစ်ခုလို့ပြော မယ်ဆိုရင်လဲ ရေများများသောက်သုံးခြင်းပါပဲ
အလှအပပညာရှင်တွေကလည်း ရေများများသောက်သုံးခြင်းက အသားအရေအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တဲ့အပြင် အသားအရေကြည်လင်တောက်ပနေအောင် ပြုလုပ်ပေးတယ်လို့ အခိုင်အမာပြောကြားကြပါတယ်။ ဒါ့အပြင် ရေဓာတ်က အသားအရေသိပ်သည်းကျစ်လျစ်နေအောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။
ရေသောက်သုံးခြင်းကြောင့် အသားအရေအတွက် ရရှိနိုင်မယ့် ကောင်းကျိုးများကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်
💦 အစာ မစားခင် ရေသောက်သုံးခြင်းဖြင့် အူမကြီးက သန့်စင်ပေးပြီး မိမိစားသုံးလိုက်မယ့် အစားအစာတွေထဲက အာဟာရဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ထိုမှတဆင့် အရေပြားက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အာဟာရဓာတ်ကို လုံလုံလောက်လောက်ရရှိသွားမှာ ဖြစ်ပါတယ်။
💦 ဒုတိယကောင်းကျိုးအနေနဲ့ကတော့ ရေသောက်သုံးခြင်းက သွေးအသစ်များဖြစ်ပေါ်မှုနဲ့ ကြွက်သားဆဲလ်များ ကျန်းမာကျစ်လျစ်နေဖို့ ကူညီပေးတာကြောင့် အရေပြားက တွဲကျနေမှာ မဟုတ်တော့ဘဲ ကျန်းမာလှပကျစ်လျစ်နေအောင် ကူညီပေးပါတယ်။
💦 ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ အရေးကြီးဆုံးပြုလုပ်ရမယ့်အရာကတော့ ရေများများသောက်သုံးခြင်းပဲဖြစ်ပါတယ်။ မနက်အိပ်ရာနိုးနိုးချင်းမှာ ရေအေးတစ်ခွက် အဝသောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပါသေးတယ်။
💦 သွေးထဲမှာ ရှိတဲ့အဆိပ်အတောက် အညစ်အကြေးများကို ရေက ဖယ်ရှားပေးခြင်းဖြင့် အသားအရေကြည်လင်တောက်ပလာအောင်၊ နူးညံ့ချောမွတ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
💦 နောက်ဆုံး အကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်ထဲရှိရေဓာတ်များက သွေးဖြူဥအဖွဲ့အစည်းများ ညီညွှတ်မျှတမှုရှိအောင် ထိန်းညှိပေးပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပြင်ပမှ ရောဂါဘယများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် တားဆီးပေးပြီး အမဲစက်နဲ့ဝက်ခြံများမပေါက်အောင်၊ ယားနာနဲ့ နှင်းခူရောဂါကဲ့သို့ အရေပြားရောဂါများ မခံစားရအောင် ရေများများသောက်သုံးသင့်ပါတယ်။
နိုင်ငံတကာ အလှအပဆိုင်ရာဂျာနယ်မှ ပြုလုပ်တဲ့ လေ့လာစမ်းသပ်ချက်အရ တစ်နေ့ကို ရေ ၉ ခွက်ခွဲသောက်သုံးခြင်းက အံမခန်းခြားနားချက်ကို ပေးစွမ်းနိုင်တယ်လို့ အဖြေရလဒ်ထွက်ရှိခဲ့ပါတယ်။ တစ်နေ့ကို ရေ ၉ ခွက်ခွဲ မှန်မှန်သောက်တဲ့အခါ ရက်သတ္တပတ် ၄ ပတ်ကြာတာနဲ့အမျှ အသားအရေကျစ်ကျစ်လျစ်လျစ်လေးဖြစ်သွားခြင်းကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတယ်။
အရေပြားအထူးကုပညာရှင်များကလည်း ရေနည်းနည်းပဲသောက်မယ်၊ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင်တော့ အသားအရေက ညှိညစ်ညစ်နဲ့ ကြည့်ရဆိုးလာမယ်၊ အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းကို စောစောစီးစီးခံစားရနိုင်တယ်လို့ ပြောကြားကြပါတယ်။ပြီးတော့ အသားအရေခြောက်သွေ့လာတာနဲ့အမျှ နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်း၊တင်းတိပ် ၊မှဲ့ခြောက် ၊ဝက်ခြံ နှင့် ဗောက် များဖြစ်လာ တတ်ပါတယ်။
ဒါ့ကြောင့် ကျန်းမာလှပစိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ချင်သူများအနေနဲ့ ရေများများသောက်သုံးဖို့ အကြံပြုပါတယ်နော်
Click here to claim your Sponsored Listing.
Category
Website
Address
Hopin