Chan Thar

Chan Thar

Share

27/03/2026

"ယာခင်းရှင်"
***********
၁၉၈၉ ခုနှစ်တွင်ကျွန်တော်တို့မိသားစုမွန်ပြည်နယ်သထုံမြို့လေးကိုပြောင်းရွှေ့လာခဲ့ပြီးနန်းခဲရပ်ကွက်အဖွားခေါ်အုန်းစိန်ရဲ့ခြေတံရှည်အိမ်လေးမှာဌားရမ်းနေထိုင်ရပါတယ်။

အဖွားဒေါ်အုန်းစိန်ရဲ့ခြံကြီးမှာကျယ်ဝန်းပြီးအပင်မျိုးစုံစိုက်ပျိုးထားပါတယ်၊ပိန္နဲ၊မာလကာ၊ဒူးရင်းဩဇာ၊သရက်၊မရမ်း၊ဒညင်း၊ကနစို၊ဩဇာစတဲ့အပင်မျိုးစုံစိုက်ပျိုးထားပြီးခြံနောက်ဘက်တွင်ကြီးမားတဲ့ဝါးဘိုးရုံကြီးသုံးရုံခန့်ရှိပြီးအဆိုပါဝါးရုံကြီးတွေရဲ့အောက်မှာတော့ပူအိုက်တဲ့နွေရာသီပင်ဖြစ်စေခါမူအမြဲလိုလိုအေးမြလို့နေတတ်ပါတယ်။

ခြံကြီးရဲ့အလယ်လောက်မှာတော့ကြီးမားတဲ့ရေတွင်းကြီးတစ်တွင်းတည်ရှိပြီးရေချိုထွက်ပါတယ်၊ရေတွင်းတိုင်းရေချိုမထွက်ဘဲအချို့ရေတွင်းတွေမှာတော့ငံတဲ့အရသာမျိုးရှိတတ်ပြီး (ရေစေး) အမျိုးအစားတွင်းရေတွေလဲထွက်တတ်ပါတယ်အဆိုပါရေစေးတွင်းရေတွေကတော့ရေချိုးအဝတ်လျှော်ကြတဲ့အခါဆပ်ပြာဘယ်လောက်ပင်တိုက်စေခါမူအမြုတ်ထွက်မှု့နဲ့ပါးတတ်ပါတယ်။

အဖွားဒေါ်အုန်းစိန်ရဲ့ရေတွင်းကြီးကတော့အပေါ်ယံမြေသားမှအောက်ခြေဆယ်ပေကျော်ကျော်လောက်အထိသာမြေသားဖြစ်ပြီးရေတွင်းရဲ့အောက်ခြေပိုင်းကိုရောက်သွားချိန်မှာတော့ဂဝံသားကိုဝိုင်းစက်နေအောင်တူးထားပြီးအပေါ်ပိုင်းရေတွင်းရဲ့အကာအရံများကိုတော့ကိုးလက်မအုတ်ရိုးစီထားပြီးရေတွင်းပတ်ပတ်လည်ကိုတော့ရေချိုးခြင်း၊အဝတ်လျှော်ခြင်းတွေပြုလုပ်ဖို့တမံသလင်းကိုင်ထားပြီးတွင်းရေကိုစက်သီးနဲ့ရေငင်ပြီးအသုံးပြုရပါတယ်။

နွေရာသီပူအိုက်တဲ့အချိန်အခါမျိုးမှာညဘက်သူငယ်ချင်းတစ်စု၊ဒီထိုးတမ်း၊အရူးမကြီးမစာဉ၊စိန်ပြေးလိုက်တမ်းတွေကစားပြီးတဲ့အခါမှာတော့ညပိုင်းမအိပ်ခင်ရေတွင်းထဲမှရေကိုအလှည့်ကျခပ်ယူပြီးကိုယ်ကိုအေးသွားအောင်တစ်ဖြည်းဖြည်းခြင်းလောင်းပြီးရေချိုးရတာအရသာရှိလှပါတယ်။

မိုးတွင်းဘက်စနေ၊တနဂ်နွေနေ့ကျောင်းပိတ်ရက်တွေမှာတော့ကျွန်တော်တို့သူငယ်ချင်းလေးငါးယောက်စုပြီးမြသပိတ်တောင်တန်းကြီးတစ်လျှောက်နှင့်လာဝတောင်တန်းတစ်လျှောက်ဆီသို့မှိုရှာ၊မျှစ်ချိုးထွက်ကြပါတယ်။မိုးခပ်ဖွဲဖွဲရွာတဲ့နေ့တွေမှာဆိုရင်တော့သူငယ်ချင်းတွေမိုးကာအကျီလေးတွေကိုယ်စီဝတ်ရင်းတောင်တန်းကြီးတွေဆီသို့ချီတက်ကြရပါတယ်။

အများဆုံးအသုံးပြုတဲလမ်းကတော့အထက (၁) အနီးလေယာဥ်ကွင်း (ရဟတ်ယာဥ်သာဆင်းလို့ရ) ကိုဖြတ်ကျော်ပြီးဇေတဝန်ကျောင်းအနီးမှဖြတ်သွားပြီးနေမိတ္တရကုန်းတော်ဘက်မှကြီးမားတဲ့ရာဘာတောကြီးတွေကိုဖြတ်ကျော်ပြီးလာဝတောင်တန်းဆီကိုတက်ရောက်ရ
ပါတယ်။

မနက်စောစောရာဘာတောအတွင်းရာဘာစေးခြစ်ယူနေသူအချို့ကိုတွေ့ရှိရပြီးညပိုင်းကတဲကရာဘာခြစ်ပြီးသားမြှောင်းလေးထဲမှစဥ့်အင်တုံလေးထဲကိုကျရောက်နေတဲ့ရာဘာစေးဖြူဖြူတွေကိုပုံးနဲ့ထမ်းယူပြီးရာဘာကြပ်တင်တဲ့နေရာဆီကိုသယ်ယူနေကြပါတယ်။ရာဘာပင်ခြေရင်းတွင်အစေးခြစ်ထားတဲ့အစအနတွေကိုမည်သူမဆိုကောက်ယူလို်ရပြီးအဆိုပါအစအနတွေကိုနေပူလှန်းပြီးထင်းမီးဖို (သို့မဟုတ်) မီးသွေးမီးဖိုတွေကိုမီးမွှေးကြတဲ့အခါထင်းရှူးဆီအစားအသုံးပြုကြပါတယ်။

ရာဘာစေးကမီးတောက်အားကောင်းတာမို့​မိုးတွင်းဘက်မီးမွှေးရာမှာပင်ရာဘာစေးရဲ့အစွမ်းကြောင့်ခဏတာအချိန်အတွင်းမှာပင်မီးတောက်အားကောင်းလှပါတယ်။

ရာဘာတော့ကြီးရဲ့အဆုံးမှာတော့ဝါးရဲ့အဖြားပိုင်းဝါးခက်တွေနဲ့ညီညာစွာခြံစည်းရိုးခတ်ထားတဲ့၊ကိုအောင်မင်းရဲ့ယာတဲငယ်လေးတည်ရှိပါတယ်။ခြံအကျယ်လေးဧကကျော်ကျော်ကျယ်ဝန်းပြီးခြံထဲမှာမေမြို့ပန်း၊ဂန္ဒမာ၊နှင်းဆီ၊သစ်ခွစတဲ့ပန်းမျိုးစုံအပြင်ခြံစည်းရိုးပတ်ပတ်လည်တွင်ဌက်ပျောပင်တွေကိုစိုက်ပျိုးထားပြီးဘူး၊ဖရုံ၊သခွါး၊ပဲတောင့်ရှည်၊ပူစီနံ၊နံနံပင်၊ငရုတ်တို်အပြင်ခြံတောင့်ရှိသရက်ပင်ပေါ်သို့ငရုတ်​ကောင်းကိုဝါးနဲ့စင်တင်ပြီးစိုက်ပျိုးထားလိုက်ပါသေးတယ်။

"ဗျို့ကိုအောင်မင်းရေ"

"ဗျို့ကိုအာင်မင်း"

"ကျွန်တော်တို့တောတက်လာရင်းအစ်ကို့ရဲ့ယာတဲလေးမှာခဏနားမလို်ဝင်လာတာပါ"

"အေးအေးရတယ်ညီလေးရေ"

"မင်းတို့ထမင်းထုပ်တွေတဲထဲမှာထားခဲ့လိုက်"

"မင်းတို့တောတက်ရင်းပြန်ဆင်းလာရင်ငါတို်အတူတူထမင်းစားကြတာပေါ့"

"သိပ်တော့နောက်မကျစေနဲ့အစ်ကိုထမင်းစားစောင့်နေမယ်"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့"

"အစ်ကိုကြီး"

မိုးတိတ်သွားပြီမို့အမောပြေသွားတဲ့အချိန်မှာတောလမ်းလေးအတိုင်းသူငယ်ချင်းတစ်စု့တစ်ရွှေ့ရွှေ့တက်သွားကြပါတယ်ထိုနေ့သူငယ်ချင်းတွေကံကောင်းချင်တော့မှိုအနဲငယ်နဲ့မျှစ်အတော်များများရရှိလိုက်ပြီးတောင်ခြေအနီးရှိတညင်းခြံပိုင်ရှင်မှမြို့ကိုတင်ပို့မည့်တညင်းသ​ီးတွေထဲမှခူးဆွတ်ပြီးစအသ​ီးလေးတွေကိုလက်ဆောင်ထည့်ပေးလိုက်ပါတယ်။

ကိုအောင်မင်းရဲ့ခြံလေးဆီကိုပြန်ရောက်တော့သူနဲ့အတူပန်းပင်တွေကိုရေကူလောင်းကြပြီးခြံထွက်သီးနှံတွေကိုခူးဆွတ်ရင်းချက်ဖို့ပြုတ်ဖို့စီစဥ်ကြပါတယ်။

ထမင်းအိုးဖိုခွင်ပေါ်ရောက်တာနှင့်ချည်ပေါင်ဟင်းချက်ဖို့ပြင်ဆင်​ေနရင်းမီးဖိုဘေးမှာငါးပိလေးကိုယောင်းမနဲ့ကင်ထားလိုက်ပါတယ်အနံ့မွှေးလာမှဌက်ပျောဖက်ပေါ်မှတင်ထားလိုက်ပြီးငရုတ်သီးစိမ်းကိုမ​ီးပြပြီးဆုံထဲမှထည့်ထောင်းလိုက်ပါတယ်ငရုတ်သီးစိမ်းညက်မှပဲတောင့်ရှည်၊ငပိကင်၊ပူစီနံ့တို့ကိုထည့်ပြီးထောင်းခါငပိထောင်းကိုအစသပ်လိုက်ပါတယ်။

ထမင်းအိုးနှပ်ပြီးတာနဲ့ချဥ်ပေါင်အဝါချက်အိုးလေးကိုဖိုခွင်ပေါ်တင်လိုက်ပြီးအိုးဆူလာတဲ့အခါမှာတော့ငရုတ်သီးစိမ်းနိူင်နိူင်လေးခပ်လိုက်ပြီးဟင်းအိုးကိုလက်စသပ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကိုအောင်မင်းရဲ့လက်ကျန်အာဗြဲခြောက်လေးကိုဆီပူထိုးပြီးတဲရှေ့ဝါးကွပ်ပစ်လေးပေါ်မှာငါးဦးသားထမင်းပူပူဟင်းပူပူနဲ့မို့ချဥ်ရည်ဟင်းလေးဆမ်းလိုက်ငါးပိထောင်းစပ်စပ်လေးနဲ့တို့စရာအစုံအလင်နဲ့စားလိုက်ကတာမို့ကျွန်တော်တို့်ယူလာတဲ့ထမင်းထုပ်တွေအပြင်ကိုအောင်မင်းတည်ထားတဲ့ထမင်းအိုးတစ်လုံးပင်အားလုံးကုန်သွားပါတော့တယ်။

သထုံမြို့မှာနေထိုင်စဥ်အတွင်းတောတက်ခဲ့တဲ့ကာလတွေအတွင်းကိုအောင်းမင်းရဲ့ယာတဲလေးမှာကျွန်တော်တို့အဖို့ကွန်းခိုရာလေးဖြစ်ပြီးသူ့ခြံလေးကိုရောက်တိုင်းဝိုင်းလုပ်ဝိုင်းစားမိသားစုပုံစံဖြတ်သန်းကြရင်း၁၉၉၃ ခုနှစ်မှာတော့အဖေ့ပြောင်းရွှေ့မိန့်ထွက်ပြီးဧရာဝတိုင်း ပန်းတနော်လေးဆီကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းကိုအောင်မင်းရဲ့ယာတဲလေးနဲ့ကင်းကွာသွားခဲ့ပါတော့တယ်။

အခု့တော့သထုံမြို့လေးနဲ့ကင်းကွာခဲ့တာနှစ်ပေါင်း (၃၀) ကျော်ရှိလာခဲ့ပေမယ့်ကိုအောင်မင်းရဲ့ယာလေးတဲဆီမှာစားခဲ့ဖူးတဲ့ထမင်းတစ်နပ်ကိုယနေ့တိုင်မမေ့နိူင်အောင်ရှိခဲ့ပြီးတစ်နေ့နေ့မှာတော့ (၅) နှစ်တာကွန်းခိုခဲ့ဖူးတဲ့သထုံမြို့ရဲ့ရင်ခွင်ဆီသို့ပြန်လည်ခိုလှုံအုံးမယ်လို့အခိုင်အမာဆုံးဖြတ်ထားပါတော့တယ်ခင်ဗျာ။

21.1.2024
Photo crd
ကိုချမ်း (ထီလာမြေ)

Want your public figure to be the top-listed Public Figure in Hlegu?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlegu

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00