Future English Language Centre
24/05/2026
Future ELC ရဲ့ အဓိကမောင်းနှင်အားဟာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မိမိတို့ရဲ့ စွမ်းဆောင်ရည်တွေကို အစဉ်မပြတ် မြှင့်တင်နိုင်ဖို့နဲ့ Professional ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေဖို့အတွက် Skills Development Training တွေကို အမြဲမပြတ် ပံ့ပိုးကူညီ တက်ရောက်စေလျက် ရှိပါတယ်။
အခုလို လုပ်ငန်းခွင်အပြင်ပန်းက ကြိုးစားအားထုတ်မှုတွေနဲ့အတူ Training တွေကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြတဲ့ ဝန်ထမ်းများ၊ ဆရာ/ဆရာမများကို FutureELC မိသားစုမှ ဂုဏ်ယူစွာဖြင့် အသိအမှတ်ပြုသည့် အနေဖြင့် ဂုဏ်ပြုစာအိတ်များ ချီးမြှင့်ပေးခဲ့ပါတယ်။
နောင်အနာဂတ် ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အတူတူ သင်ယူရင်း၊ အတူတူ တိုးတက်ရင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို ပုံဖော်သွားကြပါစို့။
23/05/2026
💜💪 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐢𝐧𝐠 𝐎𝐮𝐫 𝐄𝐧𝐭𝐢𝐫𝐞 𝐓𝐞𝐚𝐦 💪💜
ကျောင်းသား၊ မိဘနှင့် ဆရာ၊ ဆရာမများအကြား ကောင်းမွန်သော ဆက်သွယ်ပြောဆိုမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ Future ELC တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် Mental Well-Being Workshop ကို ၂၀၂၆ ခုနှစ်၊ မေလ (၂၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ✨🧠
အဆိုပါ Workshop တွင် နေ့စဉ်ကြုံတွေ့ရတတ်သည့် စိတ်ဖိစီးမှု (Stress & Anxiety) များကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်းများ၊ Communication Skills နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်း (Emotional Resilience) မြှင့်တင်နည်းများကို အပြုသဘောဆောင်စွာ အတူတကွ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ 💡
Future ELC အနေဖြင့် အရည်အသွေးမြင့် ပညာရေးအပြင် ကျောင်းသား၊ ဆရာများနှင့် ဝန်ထမ်းများအားလုံး၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကိုပါ အလေးဂရုပြုကာ "ဘေးကင်းလုံခြုံပြီး နွေးထွေးသည့် ပညာရေးရပ်ဝန်းတစ်ခု" ကို အတူတကွ တည်ဆောက်လျက် ရှိပါသည်။ 🤝💜
💜⭐️Future ELC တွင် ဖွင့်လှစ်ထားသော Cambridge Exam Preparation အတန်းများမှ သားသား/မီးမီးများရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် Speaking Project Video များကို ပြန်လည်မျှဝေပေးလိုက်ရပါသည်။ ⭐️💜
🎓သားသား/မီးမီးတို့ရဲ့ လေ့လာသင်ယူမှုများကို ပြန်လည်စစ်ဆေးခြင်းများထဲက အစိတ်အပိုင်းတစ်ခုအနေဖြင့် Speaking Project videos များကို အတန်းလိုက် အလှည့်ကျ ဆောင်ရွက်ရပြီး ယခုလို Speaking Project Videos များ ဆောင်ရွက်ရသဖြင့် ကလေးများရဲ့ လေ့လာသင်ယူထားမှုများကို ပြန်လည် အသုံးချနိုင်စွမ်း၊တင်ဆက်မှုစွမ်းရည်များ တိုးတက်လာစေခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာစေခြင်းအပြင် ကလေးများအတွက် အခုလို Video လေးများကို အတူတူ ရိုက်ကူးပေးကြတဲ့ မိသားစုဝင်များနှင့် သားသားမီးမီးတိုကြားထဲ ရင်းနှီးမှုလည်း ပိုတိုးလာစေပါတယ်။👩🎓🧑🎓
📌ကျောင်းသားများနဲ့ အုပ်ထိန်းသူများရဲ့ ခွင့်ပြုချက်အရ ယခု Video ကို အသုံးပြုပါသည်။📌
20/05/2026
𝐅𝐮𝐭𝐮𝐫𝐞 𝐄𝐋𝐂 ရဲ့ ကျောင်းသား/သူတွေအတွက် နိုင်ငံတကာစံနှုန်းမီ အကောင်းဆုံးပညာရေး ပေးစွမ်းနိုင်ဖို့ 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐃𝐞𝐚𝐧 များကိုယ်တိုင် ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐄𝐅𝐋 & 𝐍𝐞𝐮𝐫𝐨𝐂𝐋𝐈𝐋 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 များကို တက်ရောက်အောင်မြင်ခဲ့ပါတယ်။ 🎉
💡 ဒီသင်တန်းတွေကနေတစ်ဆင့်
🧠 ကလေးတွေ သင်သမျှစာတွေကို မေ့မသွားဘဲ ပိုမိုထိရောက်စွာ မှတ်မိနေစေဖို့ ကလေးတစ်ဦးချင်းစီရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ မှတ်နိုင်စွမ်းအား၊ လေ့လာမှုနှုန်း (Learning Paces) တွေအပေါ် မူတည်ပြီး ဘာသာစကားကို ပိုမိုတိုးတက်အောင် ပေါင်းစပ်သင်ကြားပေးတော့မယ့်အပြင်
📈မေးခွန်းဟောင်းတွေကိုပဲ တောက်လျှောက်အလွတ်ကျက် ဖြေခိုင်းနေမယ့်အစား၊ Cambridge စာစစ်သူတွေ အဓိကလိုချင်တဲ့ အချက်တွေကို ကလေးတွေ ကောင်းကောင်းနားလည်ပြီး Exam Tasks အလိုက် လိုအပ်တဲ့ ဘာသာစကားဆိုင်ရာ Subskills တွေကို အမိအရ ဖြေဆိုနိုင်အောင် အနီးကပ် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။
✨ ဒီ Workshop တွေကနေ ရရှိလာတဲ့ နိုင်ငံတကာအဆင့်မီ လက်တွေ့ကျတဲ့ Insights အသစ်တွေနဲ့အတူ 𝐅𝐮𝐭𝐮𝐫𝐞 𝐄𝐋𝐂 ရဲ့ သင်ကြားရေးအဖွဲ့ဟာ ကလေးတွေ စာမေးပွဲမှာ ထူးချွန်ရုံသာမက တကယ့်လက်တွေ့ဘဝမှာပါ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ အတန်းတွင်းသင်ကြားမှုစနစ်တွေကို အကောင်းဆုံး အဆင့်မြှင့်တင်ပေးသွားတော့မှာ ဖြစ်ပါတယ်။
💡 မေမေ၊ ဖေဖေတို့ရေ... နွေရာသီအလွန် သားသားမီးမီးတို့ရဲ့ ပညာရေးခရီးအတွက် အကောင်းဆုံးအစီအစဉ် ရှိပြီးပြီလား?
𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 အတိုင်း အင်္ဂလိပ်စာအရည်အသွေးကို ထိထိရောက်ရောက် မြှင့်တင်ပေးမယ့် 𝐅𝐮𝐭𝐮𝐫𝐞 𝐄𝐋𝐂 ရဲ့ ဇွန်လ 𝐂𝐚𝐦𝐩𝐮𝐬 တန်းခွဲသစ်များအတွက် သင်တန်းကြေး လျှော့ဈေးအစီအစဉ်ကြီး လာပါပြီ။ 🚀
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူးနော်... ✨
𝐅𝐮𝐭𝐮𝐫𝐞 𝐏𝐥𝐮𝐬 ရဲ့ သင်္ချာ (𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬) နဲ့ သိပ္ပံ (𝐒𝐜𝐢𝐞𝐧𝐜𝐞) အတန်းတွေအတွက်ပါ အထူး 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ထပ်မံရရှိဦးမှာပါ!
ကုန်ကျစရိတ် သက်သက်သာသာနဲ့ ကလေးတို့ရဲ့ အနာဂတ်ကို အခုပဲ အမိအရ ပုံဖော်ပေးလိုက်ပါ။ 💯
📲 တန်းခွဲအသေးစိတ်နဲ့ လျှော့စျေးနှုန်းကို Page Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Hlaing Yadanar Housing, Thazin Street
Hlaing
11051
Opening Hours
| Monday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |