Healer Gems

Healer Gems

Share

01/01/2026

Wishing you and your beloved family a happy, healthy, and prosperous New Year.

19/05/2024

Remedies for Mind, Heart & Soul

27/04/2024
19/04/2024

ကျောက်မျက်ရတနာတွေဝတ်ဆင်တဲ့အခါမှာတစ်ချို့က အလှအပအဖြစ်ဝတ်ဆင်ကြပီးတော့.
တစ်ချို့ကလည်း အဆောင်အဖြစ် ဝတ်ဆင်ကြလေ့ ရှိပါတယ်။
အဲဒီလိုဝတ်ဆင်တဲ့အခါမှာ
တစ်ချို့ကျောက်မျက်ရတနာတွေဟာ
ဝတ်ဆင်သူကို
ကံစန်းတွေတက်လာစေပီးတော့
အထူးထူးသော ကောင်းကျိုးရလာဘ်တွေ ဖြစ်လာစေနိုင်ပါတယ် တဲ့.
အဲဒီလိုဘဲ့ သတ္တုတွေကိုဝတ်ဆင်တဲ့အခါမှာလည်း
အဲဒီ ဓာတ်သတ္တုတွေ ဓာတ်ပြုပီးတော့
မိမိရဲ့ ခန္ဓာကိုယ်အတွင်းအပြင်မှာ ရှိတဲ့ ဓာတ်သဘာဝ တွေကိုညီညွတ်လာပီးတော့ကျန်းမာရေး ကောင်းစေပါတယ် တဲ့.
ဆိုကြပါစို့. .
#ရွှေဝတ်မယ်ဆိုရင်
မိမိရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့သွေးသားတွေကိုသန့်စင်စေပါတယ် တဲ့.
သွေးသားသန့်စင်တော့ ကျန်းမာလှပမယ်ပေါ့နော်။

#ငွေကိုဝတ်ဆင်မယ်ဆိုရင်
ရောဂါကင်းပီးတော့ အရွယ်တင်နုပျိုစေနိုင်ပါတယ် တဲ့.

(တစ်ချို့အသက်ကြီးအဖိုးအဖွားတွေ ငွေလက်စွပ်ခတ်ဝတ်ကြလေ့ရှိတယ်.
လေရောဂါကင်းဝေးစေတယ် လို့အယူဆရှိပါတယ်။
ငွေဝတ်ဆင်ထားရင်လေမဖြတ်ဘူးလို့ တစ်ချို့လူကြီးတွေပြောတာကြားဖူးပါတယ်.မှန်မမှန်တော့မသိပါ)စကားချပ်

#ကြေးကိုဝတ်ဆင်မယ်ဆိုရင်
စုန်းတိုက်နတ်တိုက် အောက်လမ်း ပယောဂ ပြုစားတာတွေက လွတ်ကင်းစေပါတယ် .တဲ့.

#ပလက်တီနမ်ကိုဝတ်ဆင်ထားမယ်ဆိုရင်
ခန္ဓာကိုယ်အတွင်းပိုင်းမှာ စွဲကပ်နေတဲ့ နာတာရှည်ရောဂါဝေဒ နာတွေကို လျော့နည်းစေတယ် သက်သာစေပါတယ် တဲ့
ဒါ့အပြင် သွေးသားလည်ပတ်မှုအားကောင်းပီးတော့ ဓာတ်လေးပါးကိုမှန်စေပါတယ်. တဲ့
ဒါ့ကြောင့် ကျန်းမာရေး အားနည်းသူတွေ ပလက်တီနမ် ကိုဝတ်ဆင်ကြပါ. လို့
တိုက်တွန်းပါတယ်နော်။

ဒီစာစုကို လွန်ခဲ့တဲ့. ၇နှစ်လောက်က.ဖတ်ခဲ့ဖူးလို့ မှတ်ထားတာ ပြန်တွေ့လို့ တင်ပေးလိုက်တာပါ။
စာရေးသူကတော့. ဆရာအောင်ဖုန်းမြင့်
ဖြစ်ပါတယ်..

Photos from Healer Gems's post 19/04/2024

"လက်တကမ်းက
အနီးဆုံး စာအုပ်ကို ယူလိုက်ပါ
စာမျက်နှာ ၂၄ ကိုလှန်လိုက်ပါ
၈ ကြောင်းမြောက် စာကြောင်းကို
ဖတ်ကြည့်လိုက်ပါ။

အဲ့ဒါ ၂၀၂၄ အတွက်
ခင်ဗျားရဲ့ ကံကြမ္မာဟောကိန်းပါပဲ။“
Credit: ကြွက်ကလေး မယ်ကျွိ

ကိုယ့်ကတော့
ပတ်ပတ်လည် စာအုပ်တွေ အနားမှရရှိသော်လည်း

ကျိုက်ထိုက တရားစခန်းမှ ထွက်လာသော ဆရာမ တစ်ယောက်က

စာအုပ်လိုချင်တယ်ဖုန်းဆင်ပြောလို့

ရှာပေးရင်း အနီးဆုံးရောက်နေတာ

ဖတ်လိုက်တော့

"အေးအေးဆေးဆေးပဲလေ။ အပူအပင် သိပ်မရှိဘူး။ သူတစ်ပါးအပေါ် မုန်းတာမရှိတဲ့ အတွက်ကြောင့် စိတ်နှလုံး အေးချမ်းနေတယ်။"

Want your business to be the top-listed Jewelery/watch Store in Hlaing?
Click here to claim your Sponsored Listing.

Telephone

Address


Hlaing
11052

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00