Delivery For You - DFU
21/03/2022
Rider တွေအတွက် သတင်းကောင်း !!
အခုလို ဆီဈေး နှုန်းတွေတက်ပြီး အဖက်ဖက်က ခက်ခဲနေတဲ့ ကာလမှာ စက်ဘီးတစ်စီးရှိရုံနဲ့ သင့်ရဲ့ မိတ်ဆွေ rider တွေနှင့်အတူ ပူးပေါင်းပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို မိတ်ဆွေတို့အနေနဲ့တိထားမိပါသလား။
တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထ စနစ်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်လိုတဲ့ Independent rider သမားတွေအတွက် DFU မှ လိုအပ်တဲ့ resources မှန်သမျှကိုထောက်ပံ့ပေးခြင်းအားဖြင့် Independent deli business တစ်ခု အစပြုပေးသွားမှာဖြစ်ပါတယ်။
Delivery လုပ်ငန်းငယ်တစ်ခုအတွက် လိုအပ်တဲ့ အထောက်အကူမှန်သမျှကို DFU မှ ပူးပေါင်း လုပ်ပေးနိုင်စေဖို့အတွက် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အသီးသီးမှ Independent Rider အဖွဲ့များအား ဖိတ်ခေါ်အပ်ပါသည်။
"DFU" နဲ့ လက်တွဲ ပြီးကိုယ်ပိုင် deli လုပ်ငန်းအသေး တစ်ခု တည်ထောင်ချင်တယ် ဆိုရင်တော့အောက်ပါ form မှာ sign up လေး မြန်မြန်လုပ်လိုက်ပါနော်။
https://docs.google.com/forms/d/e/1FAIpQLSdEI0TRBN9vnh32-n6XPCC_nSIT0yl0uWRlCwuQBeQQ51jmmQ/viewform?usp=pp_url
အထက်ပါအကြောင်းအရာနဲ့ ပတ်သတ်ရျ် အသေးစိတ်သိရှိချင်တယ်ဆို ရင်တော့ page messenger မှတစ်ဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။
We Deliver For You!
11/03/2022
မိတ်ဆွေတို့ရဲ့ လုပ်ငန်း တိုးတက်အောင်မြင်ဖို့ အတွက် မြန်ဆန် တိကျတဲ့ delivery service တစ်ခု မရှိလို့ စိတ်ညစ်နေရပါသလား?
အဲ့အတွက်ဝော့ာစိတ်မပူပါနဲ့ မိတ်ဆွေတို့ စိတ်ညစ်နေရတဲ့ deli နဲ့ပတ်သတ်ပြီး ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ DFU ကအဆင်သင့် ရှိနေပါတယ်။
"DFU" ဟာဆိုရင် ငွေရေးကြေးရေး အရ တောင့်တင်းတဲ့ company တစ်ခု ဖြစ်တဲ့ အပြင် မြန်ဆန်မှု တိကျမှု တာ၀န်ခံမှု အပြည့်ရှိတဲ့ delivery workforce တွေနဲ့ ပူးပေါင်းပြီး မိတ်ဆွေတို့ရဲ့ customer တွေ လိုချင်တဲ့ အချိန်မှီအရောက် ပို့ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံး ဆက်သွယ် လာတဲ့ customer ငါးယောက် အတွက် အထူးအစီအစဉ် ရှိတာမို့ လက်မနှေးပဲ အမြန်ဆုံး ဆက်သွယ် လိုက်ပါနော်။"DFU" နဲ့ လက်တွဲ ပြီး လုပ်ဆောင်ချင်တယ် ဆိုရင်တော့ Page Messenger မှ တစ်ဆင့် မေးမြန်းနိုင်သလို အောက်ပါ ဖုန်းနံပါတ်မှတစ်ဆင့်လည်း ဆက်သွယ်၍မေးမြန်းနိုင်ပါတယ် ရှင့်။
☎️ 09777659099
We Deliver For You!
20/01/2022
ရှောင်လို့မရမယ့် Negative comments တွေကို ဒီလိုဖြေရှင်းပါ။
Negative feedbacks/ comments တွေ မရဖူးတဲ့ လုပ်ငန်းဆိုတာမရှိပါဘူး။ ဘယ်လောက်ပဲ သင့်ဝန်ဆောင်မှုကောင်းပြီး သင့်ပစ္စည်းရဲ့ အရည်အသွေး မြင့်မားနေပါစေ မကြိုက်တဲ့သူ၊ အဆင်မပြေတဲ့သူနည်းစုကတော့ ရှိနေတတ်ပါတယ်။ ဒါကြောင့် Online shop တိုင်းကြုံရမယ့် Negative Comments တွေကို လုပ်ငန်းထိခိုက်မှုမရှိအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို '𝗗𝗙𝗨' Team က အဆင့်ခြောက်ဆင့် ခွဲပြီး မျှဝေပေးချင်ပါတယ်။
〰️〰️〰️
1. လျစ်လျူမရှုပါနဲ့ 📌
အဆိုးဘက်က ဝေဖန်ထားတဲ့ Comment တွေ၊ သင့်ပစ္စည်းမကောင်းကြောင်း၊ မသုံးသင့်ကြောင်း ပြောထားတဲ့ Feedbacks တွေကို မမြင်ချင်ယောင်ဆောင်တာမျိုး၊ ဖျက်ပစ်လိုက်တာမျိုး လုံးဝမလုပ်မိပါစေနဲ့။ ဒီလိုလျစ်လျူရှုလိုက်တာက ပြဿနာပြီးသွားတာမဟုတ်ဘဲ ဝယ်သူကို ပိုစိတ်ဆိုးစေပြီး လုပ်ငန်းမကောင်းကြောင်း သင်ကိုယ်တိုင်ဝန်ခံလိုက်မိတာနဲ့ အတူတူပါပဲ။
2. ယဉ်ကျေးစွာ တောင်းပန်ပါ 📌
သူတို့ဝေဖန်ထားတဲ့အချက်က မှားမှားမှန်မှန် အရင်တောင်းပန်ပါ။ သင့် Customer ဖြစ်နေတဲ့အတွက် သူ့အဆင်မပြေမှုဟာ သင်နဲ့အနည်းအကျဉ်းတော့ သက်ဆိုင်တယ်ဆိုတာမမေ့ပါနဲ့။ တောင်းပန်တဲ့အခါမှာလည်း အထက်စီးဆန်တဲ့လေသံ မဖြစ်စေဘဲ အတတ်နိုင်ဆုံး ချိုသာစွာ တောင်းပန်ပါ။
3. ရှင်းပြပါ။ မငြင်းပါနဲ့ 📌
တောင်းပန်ပြီးချိန်မှာ Customer နဲ့ လုပ်ငန်းကြားဖြစ်ခဲ့တဲ့ အမှားတွေ၊ နားလည်မှုတွေကို ဖြည်းဖြည်းချင်း ရှင်းပြပါ။ ရှင်းပြတဲ့နေရာမှာလည်း Customer ရဲ့စကားကို ဖြတ်ပြောတာမျိုး၊ သူပြောတုန်း ဝင်ငြင်းတာမျိုးကို လုံးဝမလုပ်မိပါစေနဲ့။ အရှေ့ကတောင်းပန်ထားလို့ စိတ်ပြေနေရင်တောင် ငြင်းလိုက်မိလို့ ပြဿနာက အစပြန်ရောက်သွားနိုင်ပါတယ်။
4. ကတိအမှားတွေ မပေးမိပါစေနဲ့ 📌
စိတ်ပြေစေချင်ဇောနဲ့ သင့်ဘက်က မပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ၊ လျှော့ဈေးတွေနဲ့ မမျှားပါနဲ့။ ကိုယ်တတ်နိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ပဲ တစ်ခုခုအစားပြန်ပေးမယ့်အကြောင်း ကတိပေးပါ။
5. ပြန်ဖျက်ပေးလို့ ရ/မရ မေးပါ 📌
သင်ရဲ့ ရှင်းပြပေးမှုတွေကြောင့် Customer ကစိတ်ပြေသွားပြီဆိုရင် အခုရေးထားတဲ့ Negative Feedbacks/ comments ကို ဖျက်ပေးလို့ ရ/မရမေးပါ။ ဝယ်သူအများစုကတော့ စိတ်ကျေနပ်သွားရင် သူတို့ရေးထားတာကို ပြန်ဖျက်ပေးလေ့ရှိကြတာမို့ သင့်ဘက်က အတင်းမဖျက်ခိုင်းမိဖို့ပဲလိုပါတယ်။
6. Follow up လိုက်ပါ 📌
သင့်ရဲ့ Customer တိုင်းကို Follow up လိုက်ပြီး အဆင်ပြေမပြေ မေးနေရမှာဆိုပေမယ့် Negative feedbacks/ comments ပေးဖူးတဲ့ Customer ကို ပိုပြီး အလေးထား ဆက်ဆံပေးဖို့လိုပါတယ်။ သူ့ရဲ့ Negative experience အပြီးမှာ ပေးချင်တဲ့အကြံဉာဏ်၊ သုံးရတာအဆင်ပြေမပြေကို အမြဲ Follow up လိုက်ပေးဖို့မမေ့ပါနဲ့။
မျှဝေပေးခဲ့တဲ့ အဆင့်ခြောက်ဆင့်နဲ့အတူ သင့်လုပ်ငန်းရဲ့ Negative Comments တွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ Negative comments တွေကို ဘယ်လိုပဲကိုင်တွယ်ဖြေရှင်းနိုင်ပါစေ သင့်ပစ္စည်း/ ဝန်ဆောင်မှုက အမှန်တကယ်ကောင်းမွန်နေဖို့လည်း လိုအပ်ပါသေးတယ်။
Delivery နဲ့ပတ်သတ်ပြီး '𝗗𝗙𝗨' နဲ့ ဆက်သွယ်အပ်နှံလိုပါက ဖော်ပြပါ link မှာ စာရင်းပေးသွင်းခဲ့နိုင်ပါတယ်ခင်ဗျာ။ '𝗗𝗙𝗨' ဘက်က အမြန်ဆုံးဆက်သွယ်ပေးပါမယ်။
https://forms.gle/c5hRQ1mAAbS6Gwtk7
We Deliver Value For You!
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
📧 – [email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. A1, Pyay Road (Near Inya Lake), Hlaing TSP
Hlaing
11052