Shwe car accessories

Shwe car accessories

Share

Photos from Shwe car accessories's post 14/06/2022

SHWE ကားပစ္စည်းဆိုင်မှာ
လာရောက်ဝယ်ယူနိုင်ပါပြီ
လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ ဘူတာရုံလမ်းပွိုင့်နဲ့ကန်လမ်းပွိုင့်ကြား
09786999793

Photos from Shwe car accessories's post 08/06/2022

မိုက်ပုံ ရေမွှေးလေးရပါပြီ
refill ပါတော့ ထပ်ခါအနံထည့်လို့ရသည် ဒီတိုင်းထပ်ထားရင်တောင် အဆန်းလေးဖြစ်ပြီး စိတ်ဝင်စားစရာပါ
တစ်ခုကို 13000ks
မှာလိုလျှင် 09420180765
လာဝယ်ချင်လျှင်
အင်းစိန်လမ်းမကြီးပေါ
ကန်လမ်းပွိုင့်နှင့်ဘူတာရုံပွိုင့်ကြား Hi cool ဆိုင်ဘေး

28/05/2022

#အင်ဂျင်ဝိုင် 10w30/ 15w40 ဆိုတာတွေဟာ
ဂဏန်းတွေသည် အင်ဂျင်ဝိုင် အပျစ်အကြဲ Viscosity ကို ဆိုလိုခြင်းဖြစ်ပါတယ်..SAE 10..20...စသဖြင့် ( Society Of Automobile Engineering ) က နေ စံ သတ်မှတ်ထားတာဖြစ်ပါတယ်..အင်ဂျင်ထုတ်ကတည်းက SAE ဘယ်လောက်ထည့်ရမလဲလို့ သတ်မှတ်ထားပါတယ်
ဒါပေမယ့် မြန်မာ မှာကတော့ ကားတွေက နှစ်ချို့အောင် စီးနေကြတော့ အလွယ်သဘောပြောရရင်
အင်ဂျင်ကောင်းနေရင် ဆီ အပါးထည့်ပါ( 10w30)ပေါ့... အင်ဂျင်ကျနေရင်တော့ ထူလေကောင်းလေပါဘဲ (15w40)...(20w50)
ရှေ့က ဂဏန်းများသည် Minus ( - )
အနူတ်လက်ခဏာကို ပြောတာပါ
-15 အေးတဲ့အထိ အင်ဂျင်ဝိုင် မခဲသွားဘူးလို့ဆိုလိုတာပါ...နောက်က 40 သည် အပူချိန် ဆဲလ်စီးရပ်စ် ကိုပြောတာပါ..အပူချိန် ၄၀ ထိ မပျက်စီးဘူးလို့ ဆိုလိုတာပါဗျ..
W စာလုံးသည် winter ကို ဆိုလိုခြင်းဖြစ်ပါတယ်...

API (American Petroleum Institute) အဖွဲ့အစည်းမှ Multi Engine oil စတင်ပေါ်ပေါက်လာကတည်းက ဓာတ်ဆီသုံးအင်ဂျင်အတွက် '' S '' အရှည်က ( Service )
ဟု ရှေ့စာလုံးကို အစပြုပြီး ထုတ်လုပ်သည့် အရည်အသွေးအဆင့်အား (A, B,C,D,. ...) စသဖြင့် ရှေ့စာလူံး " S '' နှင့်တွဲ၍ (SA...SB. ..SC. ..SD. ..SF. ..SL. ..SM. ..SN)စသဖြင့် API အဆင့်သတ်မှတိပေးပါတယ်...
ဒီဇယ်သူံးအင်ဂျင်အတွက် '' C '' (Commercial) နဲ့ အစပြုပြီး ဓာတ်ဆီသုံးလိုဘဲ အဆင့်ခွဲရာ(CA. .CB. ..CC. ..CD. ....CH. ..CI. ..CJ) စသဖြင့် အရည်အသွေးသတ်မှတ်ချက်လုပ်ထားခြင်းဖြစ်ပါတယ်.. ဒါကြောင့် ဓာတ်ဆီကားဆိုရင် API ကို S နဲ့ စတာသုံးရပြီး ဒီဇယ်ကားဆို C နဲ့ စတာသုံးရပါတယ်..ဗျ

ဒါကြောင့် အင်ဂျင်ဝိုင် ပုံးတွေမှာ
SF/CC.. SM/CF. ...CI4/SL. ..CH4/SL. .စသဖြင့် Multi Grade တွေကို ဖော်ပြထားပါတယ်..

အင်ဂျင်ဝိုင် ရဲ့ မူလအရောင်ဟာ အဝါရောင်(ရွေရောင်) ဖြစ်ပြီး အနီရောင်..အစိမ်းရောင် တို့မှာ အရောင်ဆိုးထားခြင်းသာဖြစ်ပါသည်။
(ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပါတယ်)

# Credit Koyin Thar Hla

26/09/2021

Automatic Transmission (အော်တိုဂီယာ)
အတွက်ဂရုစိုက်ရမယ့် အရာ ၆ ချက်။

Gear box ကလဲ Engineကဲ့သို့အရေးကြီးပါတယ်၊
ပြင်ဆင်စရိတ်ကလဲ မသေးတဲ့အတွက်
သိကောင်းစရာအချက်တချို့
ကျတော်သိသလောက်လေး
တင်ပြလိုက်ပါတယ်။

၁။ ရေအရမ်း မြုပ်အောင်မမောင်းပါနဲ့ ။
ရေကြီးတယ်ဆိုတာ ရန်ကုန်မှာနှစ်စဉ်ဖြစ်နေကြပါ၊
လူတွေက ဓာတ်ဆီကားဆို ရေထဲမမောင်းသင့်ဘူး၊ ဓာတ်ဆီအင်ဂျင်ကရေထိမခံဖူးဘဲသိကြတာပါ၊
အမှန်တော့ Automatic transmissionကိုလဲ
ထိခိုက်စေပါတယ်။
သူအလုပ်လုပ်လို့
ဆီတွေပူလာရင်အဆင်ပြေအောင်
pressure release valveလေးတွေပါပါတယ်၊
အဲကတဆင့်ရေဝင်ရင်
transmission ပျက်စီး နိုင်ပါတယ်။
ရေနည်းနည်းကိုဖြတ်မောင်းတာ
ဘာမှမဖြစ်ပေမယ့်၊
ရေနက်ရင် အဲ့ကနေ ရေဝင်ဖို့များပါတယ်။

၂။ ကားမရပ်သေးဘဲ D မှ R သို့
ရုတ်တရက်ပြောင်းခြင်း ။
ဒီတစ်ချက်က ကျွမ်းကျင်တယ်လို့ပြောတဲ့
အတွေ့အကြုံရှိသူတွေတောင်
လုပ်တာတွေ့ရပါတယ်၊
ကားကို အမြန်Parkingထိုးရင်
ရုတ်တရက် ကားက အပြည့်မရပ်သေးဘဲ
D ကနေ ရုတ်တရက် R ကိုထိုးခြင်းဟာ
ဂီယာဘောက်ထဲရှိအစိတ်အပိုင်းတွေကို
ပျက်စီးစေပါတယ်။

၃။ Transmission Oil မလဲခြင်း ။
Engine oil တော့လဲရတာ သိကြပါတယ်၊ Transmission oil ကို လဲရမယ်ဆိုတာ
လူတွေသတိမရတာများပါတယ်၊
တချို့ transmission တွေမှာ
“life-time လဲစရာမလို”လို့ရေးထားရင်တောင်
လဲကိုလဲရပါတယ်၊
သူက engine oil လို kilo 5000 တိုင်း
လဲစရာမလိုပေမယ့် လဲတော့လဲရပါတယ်၊
kilo 15000-50000 အထိ
အမျိုးမျိုးပြောကြပါတယ်၊
အကောင်းဆုံးကတော့ ကိုယ့်ကားကို စစ်ပြီး
ကြည်လင်မနေဘဲ ညစ်ပတ်နေရင်
လဲလှယ်သင့်ပါတယ်။

၄။ Burn Out လုပ်ခြင်း
Tireတွေအငွေ့ထွက်အောင်
Burn outလုပ်ခြင်းက
ကြည့်ရတာတော့ အထာကျသလိုရှိပေမယ့် transmission ပျက်စီးစေပါတယ်။

၅။ ကားစက်နှိုးပြီးကြာရှည်စွာ D မှာထား၍
Break နင်းထားခြင်း။
ဒါက မီးပွိုင့်အကြာကြီးမိချိန်မှာ
ကျွန်တော်အပါအဝင် အများစုလုပ်ကြပါတယ်၊
Dမှာအကြာကြီးထား၍ ဘရိတ်နင်းထားချိန်မှာ transmission heat တက်တော့
အရမ်းတော့ မကောင်းဘူးပေါ့ဗျာ။
အဲ့အချိန် N မှာထားတာထက်
P ပြောင်းထားတာအကောင်းဆုံးပါပဲ၊
အဲ့ဒါမှ transmission က
လွတ်လပ်စွာ နားနေနိုင်မှာပါ။
(အရမ်းကြာမှပါ၊
ခဏလေးမီးပွိုင့်မိတာကို
P ပြောင်းလိုက် D ပြောင်းလိုက်
ခဏခဏ လုပ်တော့
Gear box ပိုပင်ပန်းတာပေါ့)

၆။ ကုန်းဆင်းကုန်းတက်များတွင်
စနစ်တကျမရပ်တတ်ခြင်း။
သိပ်အရေးကြီးသလို
ကားမောင်းသူ ၉၅%လောက်က
ဒီအချက်ကို မသိကြပါဘူး။
ကုန်းဆင်း/တက်မှာ P ကောက်ထိုးပြီးရပ်တာက
ပြန်ထွက်ရင် ဒုတ်၊ဒက်
အသံကြီးတွေ ဆောင့်ထွက်လာပါတယ်၊
ဒါဟာ transmission အတွက်မကောင်းပါဘူး။
ပျက်စီးနိုင်ပါတယ်။

ရပ်နည်းအမှန် - ကားရပ်စဉ်ဘရိတ်ကိုနင်းထားပြီး
အရင် Hand Brake ( E-brake, parking brake)
ကိုဆွဲပြီးအရင်ချုပ်လိုက်ပါ ၊
ပြီးမှ လွှတ်ကြည့်လို့ ကားမလိမ့်ဘူးဆိုမှ
P ကိုထိုးပါ။

ကားထွက်နည်း- ထွက်မယ်ဆို စက်နှိုး၊ ပြီးရင်
P ကနေ Dေ ပြာင်း ပြီး မှ Hands Brake ဖြုတ်၊
နောက်ဆုံးမှ brake ကိုလွှတ်ပါ။

Want your business to be the top-listed Home Improvement Business in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address


Hlaing