A Kyi's Kitchen

A Kyi's Kitchen

Share

17/09/2023

အသားအရေလှဖို့ ထောပတ်သီး အကျိုးကျေးဇူး
( ၄ ) မျိုး🥑🥑

သဘာဝ Moisturizer 💧💧

ထောပတ်သီးဟာ Vitamin A,D,E ကြွယ်ဝတာကြောင့် အသားအရေကို အတွင္းပိုင္းထိရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ သူ့ကို သဘာဝ moisturizer လို့တောင် တင်စားလို့ရပါတယ်။

Linoleic နဲ့ oleic အက်စစ်တွေပါဝင်တာကြောင့်အသားအရေကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးပါတယ်။☘️☘️

အပေါ်ယံ အရေပြားကို ကြံ့ခိုင်စေတယ်🌀🌀

အပေါ်ယံအရေပြားမကြံ့ခိုင်ရင် ပြင်ပပတ်ဝန်းကျင်က သက်ရောက္မှုတွေကို ကောင်းကောင်းကာကွယ်မပေးနိုင်လို့ အသားအရေနီတာ ရဲတာ စပ်တာ ပိုးဝင်တာတွေအလွယ်တကူဖြစ်နိုင်တယ်။

ကျန်းမာပြီးကောင်းမွန်တဲ့အသားအရေကို ရဖို့ဆိုရင် အပေါ်ယံအရေပြားကြံ့ခိုင်ဖို့လိုတယ်။

ထောပတ်သီးမှာ Omega 3 နဲ့ Omega 6 ပါဝင်တဲ့ acid ရှိတဲ့အတွက် အပေါ်ယံအရေပြားကို ကျန်းမာကြံ့ခိုင်အောင် အားဖြည့်‌ေပးပါတယ်။🌼🌼

အရွယ်တင်နုပျိုစေတယ် 🌱🌱

ထောပတ်သီးမှာ Vitamin E ပါဝင်တဲ့အတွက် အရေးအကြောင်းတွေကို သက်သာစေတယ်။
‌ေထာပတ်သီး‌ေရာင် စိမ်းစိမ်းလေးဖြစ်နေတာဟာ သူ့မှာchlorophy ပါဝင်လို့ပါ။

ဒီ Chlorophy က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ထောပတ်သီးက Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အတွက် အသားအရေကို တင်းတင်းဝင်းဝင်းလေးဖြစ်စေပါတယ်။🌺🌺

သဘာဝ Sunscreen🌻🌻

ထောပတ်သီးမှာ နေရောင်ကလာတဲ့ UVA rays နဲ့ UVB rays နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါဝင်ပါတယ်။

ဒါကြောင့်သဘာဝ sunscreen လို့ပြောလို့ပါတယ်။
ပြီးတော့ နေလောင်တာကိုလည်း ကုသပေးနိုင်ပါတယ်။
Crd

Photos from A Kyi's Kitchen's post 13/08/2023

တစောင်းခါး (တဇောင်းခါး) 🌵🌵

အကြည်ရဲ့ တစောင်းခါးချတ်နည်းနှင့် တစောင်းခါး အသုံးဝင်ပုံလေး မျှဝေချင်ပါတယ်။
#တစောင်းခါးချတ်နည်း 🧑‍🍳
တစောင်းခါးကို ထုပြီးဆားနဲ့နယ် ရေးဆေးပါတယ်
ရေဆေးထားတဲ့တစောင်းခါးကို ဆားနဲ့ ဟင်းခတ်မူန့်နယ်ထားလိုက်ပါတယ်
ကုန်းမျှစ်လည်းရတေ့ာ မျှစ်လေးကိုမျှင်ထားလိုက်ပါတယ်
ကြက်သွန်ဖြူ၊ နီ နှင့် ပုစွန်ခြောက်ကိုရောထောင်းပါတယ်
အဲ့တာပြီးသွာရင်တေ့ာ အိုးထဲဆီထည့် ဆီပူရင်ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို နနွင်း၊ ငပိနှင့် ငရုပ်နုမူန်အနည်းငယ်ထည့်ပြီဆီသတ်ပါတယ်။
ကြက်သွန်ဖြူနီကအရောင်ပြောင်းလာရင် တစောင်းခါးနဲ့မျှစ်ထည့်ပါတယ်။ ဆားနဲ့ဟင်းခတ်မူန့်ထည့်ပါတယ်။ ရေအနေတော်ထည့်ပြီး အဖုံးအုပ်ထားပါတယ်။
ရေခမ်းပြီဆို တစောင်းခါးနဲ့ မျှစ်ကို ကပ်နေအောင်လေးလုံးပြီး ချလိုက်လို့ရပါပြီ။ အခါးဓာတ်လည်းနည်းသွားပြီး စားလို့ကောင်းပါတယ်။

#တစောင်းခါးအသုံးဝင်ပုံ
တစောင်းခါးက သွေးထဲက ကိုလက်စထရောကို ကျပြီ နှလုံးသွေးကြောကျဉ်းရောဂါကိုကာကွယ်ပါတယ်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။
ဆီးချိုလည်းကျစေပါတယ်။
အမျှင်ဓာတ်များလို့ လိပ်ခေါင်းသမားတွေလည်းစားသင့်ပါတယ်။

အားလုံးကိုယ်ကျန်းမာ၊စိတ်ချမ်းသာကြပါစေ။
ချစ်တဲ့ အကြည်

Photos from A Kyi's Kitchen's post 29/07/2023

ပင်းတယ 0rganic Green tea ရပါပြီနော် 🌿

အားပေးကြပါဦးရှင် 🥰

Want your business to be the top-listed Beauty Salon in Hlaing?
Click here to claim your Sponsored Listing.

Website

Address


Insein Road
Hlaing