Green Zone Distribution
16/09/2021
💪💪💪Omega3 ပါဝင်သော အစားအစားများနှင့် ဖြည့်စွတ်အဟာရများ မှီဝဲစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများစွာရှိပါသည်။
👉Omega3
နေစဉ်မှီဝဲပါက စိတ်ကျရောဂါ နှင့် စိုးရိမ်သောကများကို တိုက်ဖျက်နိုင်ပါသည်။
ဝမ်းနည်းခြင်း၊ စိတ်ဝင်စားမူနည်းခြင်း၊ ထုံထိုင်းခြင်း၊စိုးရိမ်သောကများခြင်း၊စဉ်ဆက်မပျက် စိုးရိမ်ခြင်းနှင့် စိတ်ကျရောဂါများကို တဖြည်းဖြည်းနည်းပါးလာပြီး သက်သာလာစေပါသည်။
Omega3 တွင် ALA Fatty Acid ၊ EPA Fatty Acid ၊ DHA Fatty Acid ပါဝင်ပြီး EPA Fatty Acid သည် စိတ်ကျရောဂါတိုက်ဖျက်ရာတွင် အကောင်းဆုံးဖြစ်ပါသည်။
👉Omega3
မျက်စိအမြင်လွှာကိုပိုမိုကောင်းမွန်စေပြီး မျက်စိကျန်းမာရေးကို အဓိကပံ့ပိုးကူညီပေးသည်။
DHA Fatty Acid လုံလုံလောက်လောက် ရရှိထားလျှင် အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါသည်။ မျက်ကြည်လွှာယိုးယွင်းပျက်စီးခြင်းကို လျော့ကျစေပါသည်။
👉Omega3
မှီဝဲထားခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် အစောပိုင်းဘဝတို့တွင်း ဦးနှောက်အာရုံကြော ကျန်းမာရေးကို မြှင့်တင်ပေးသည်။
မွေးကင်စ ကလေးငယ်များအတ၊ွက် ဦးနှောက်ဖွ့ိဖြိုးစေပါသည်။ DHA ( Polyunsaturated Fatty Acid) ဦးနှောက်ကို ဖွိ့ဖြိုးစေရန် 40% နှင့် မျက်ကြည်လွှာ ကို 60% ပံ့ပိုးကူညီပေးသည်။
DHA ပြည့်ဝသော ကလေးငယ်သည် အမြင်အာရုံ ပိုမိုကောင်းမွန်စေပါသည်။
ကိုယ်ဝန်ဆောင်ချိန် တွင် Omega 3 လုံလုံလောက်လောက် ရရှိထားပါက ကလေးငယ်အတွက် ညဏ်ရည်မြှင့်မူ၊ အမြင်အာရုံအားကောင်းမူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမူများ ဖြစ်ထွန်းစေပါသည်။
ဖွိ့ဖြိုးမူနှောင်နှေးနိုင်ခြေနှင့် ဦးနှောက်အာရုံကြောချို့တဲ့မူဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။
👉Omega 3
စားသုံးခြင်းဖြင့် နှလုံးရောဂါမြှင့်တတ်မူ နှင့် နှလုံးတိုက်ခိုက်ခံရခြင်း ၊လေဖြတ်ခြင်းတို့က်ု ကာကွယ်ပေးသည်။
👉Omega3
ကလေးငယ်များတွင် ADHD ရောဂါဖြစ်နိုင်ခြကို လျော့ကျစေပါသည်။
အားရုံစူးစိုက်မူ အားနည်းခြင်း၊ နိးကြားတတ်ကြွခြင်း နှင့် စိတ်ပြန့်ခြင်းတို့ကို လျော့ချစေပါသည်။
ADHD ရှိသော ကလေးငယ်သည် Omega 3 သောက်သုံးခြင်းဖြင့် အမြင်အာရုံကောင်းမူ ၊ အလုပ်ပြီးမြှောက်မူကို တိုးတတ်စေပါသည်။
ဂဏာမငြိမ်မူနှင့် ရန်လိုမူများကို လျော့ချစေပါသည်။
ငါးမှရသော Omega3 သည် ADHD အတွက် အကောင်းဆုံး ကူသမူတစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
👉Omega3
Metabolic Syndrome ဖြစ်နိုင်ချေကို လျော့ချနိုင်သည်။ အင်ဆူလင် ခုခံမူ၊ ရောင်းရမ်းနာကျင်မူနှင့် နှလုံးရောဂါ ဖြစ်နိုင်ချေ အချက်များကိုတိုးတတ်ကောင်းမွန်စေပါသည်။
👉Omega3
ရောင်းရမ်းခြင်းကို တိုက်ဖျက်နိုင်သည်။ နှလုံးရောဂါနှင့် ကင်ဆာအပါအဝင် နာတာရှည် နာမကျန်းမူတို့ကို ကူညီပေးပါသည်။
👉Omega3
Autoimmune ရောဂါများကို တိုက်ဖျက်နိုင်သည်။
ရောဂါအမျိုးမျိုးကို တိုက်ဖျက်နိုင်သဖြင့် ငယ်ရွယ်စဉ်ဘဝတွင် အထူးအရေးပါသည်။
ပထမ အသက်အပိုင်းအခြားတွင် Omega 3 လုံလောက်စွာ ရရှိခြင်းသည် Multiple sclerosis အပါအဝင် Autoimmune ရောဂါများ ဖြစ်နိုင်ချေများကို လျော့ကျစေပါသည်။ Omega 3 သည် Lupus, Rheumatoid Arthritis, Crohin's dieses Psoriasis ရောဂါများကုသရာတွင်လည်း ကူညီပေးပါသည်။
👉Omega3
ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ကာကွယ်ပေးပါသည်။
အူမကြီးကင်ဆာ ၅၅% ထိလျော့ချနိုင်ပါသည်။ဆီးကျိတ်ကင်ဆာ နှင့် ရင်သားကင်ဆာ များကိုလည်း လျာ့ချနိုင်ပါသည်။
👉Omega3
ပြင်းထန်သော ပန်းနာရင်ကျပ်ရောဂါ ၊ အဆုတ်နှင့် အသက်ရူလမ်းကြောင်း၌ ရောင်းရမ်းခြင်းတို့ကိုလည်း လျော့ချစေပါသည်။
👉Omega3
အသည်းရှိ အဆီဓါတ်ဖုံးခြင်းကိုလည်းလျော့ချစေပါသည်။
👉Omega3
အရိုးနှင့်အဆစ် ကျန်းမာရေးကိုလည်း တိုးတတ်စေပါသည်။ အရိုးပွရောဂါနှင့် အဆစ်အမြစ်ရောင်ရောဂါတို့သည် အရိုးစနစ်ကို ထိခိုက်စေသော ရောဂါများဖြစ်သည်။
Omega 3 သည် အရိုးများ၌ ကယ်ဆီယမ်ပမာဏကို မြှင့်တင်ပေးခြင်းအားဖြင့် အရိုးကြံခိုင်မူကို မြှင့်တင်နိုင်ပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေကို လျော့ချစေပါသည်။
👉Omega3
ရာသီလာစဉ် နာကျင်မူကိုလည်း သက်သာစေပါသည်။ ရာသီလာစဉ် နာကျင်မူသည် သင်၏ ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပါးဆုံ ရိုးတို့တွင် ဖြစ်ပေါ်ပြီး ကြောနှင့်ပေါင်အောက်ပိုင်းတို့တွင် နာကျင်စေပါသည်။
Omega 3 သည် နာကျင်ကိုက်ခဲမူကို ကုသရာတွင် Ibuprofen ထက်ပိုမိုထိရောက်ပါသည်။
👉Omega3
ကလေးငယ်များ အိပ်ရေးမဝခြင်းနှင့် လူကြီးများတွင် အဆို့ရှင် ပိတ်ပြီး အသက်ရူမဝခြင်းတို့ကိုသက်သာစေပြီး ကောင်းမွန်စွာ အိပ်စက်စေပါသည်။
👉Omega3
အသားအရည်အတွက်လည်း ကောင်းမွန်စေပါသည်။
DHA သည် သင့်အရေးပြား၏ ဖွဲ့စည်းတည်ဆောက်မူ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဆဲလ်အမြှေးပါးများ၏ ကျန်းမာရေးကိုလည်း တာဝန်ယူပေးသည်။
ကျန်းမာသော ဆဲလ်အမြှေးပါးသည် နူးညံ့စိုစွတ်ပျော့ပြောင်းပြီး အရေးအကြောင်းမရှိသော အသားအရည်ကို ဖြစ်ပေါ်စေပါသည်။
Managing oil ပါဝင်မူကြောင့် အသားအရည်ကာကွယ်ခြင်း၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းများကို လျော့ချစေပါသည်။
ဝက်ခြံနှင့်နေလှောင်ဒဏ်မှလည်းကာကွယ်ပေးပါသည်။
နေရာင်ခြည်နှင့်ထိတွေ့ပြီးနာက် အရေးပြားရှိ Collagen များ ပါဝင်သော အရာများထုတ်လွှတ်မူကို တားဆီးပေးပါသည်။ #️⃣ #️⃣ #️⃣
10/06/2020
Good For You
Click here to claim your Sponsored Listing.
Category
Website
Address
No(19/4B), Oakyin Butayone Street
Hlaing
11052