Glowist_Htd

Glowist_Htd

Share

Photos from Glowist_Htd's post 28/11/2022

Shampoo ကအနက်ရောင်instock 2ဗူးရှိပါတယ်🥺ဝယ်ပြီးမှမသုံးဖြစ်လို့ပါ 7500ksနဲ့ယူပါနော်

Sunscreen က 1time useပါ မင်”နဲ့မတည့်လို့ price ကတော့cbမှာမေးပေးပါနော်😗

Htd del free

12/09/2022

17000ks

Headspa 7 Treatment Review

Moon တို့လို ဆံပင်ပါး ဆံပင်တိုတဲ့သူတွေအတွက် conditioner/hair treatment ကလေ ရှာရခက်တယ်လေ။ နောက်ပြီး ခေါင်းအေးစိတ်ကြည် ဆံပင်ကျွတ်တာလည်းသက်သာ ဆံပင်အုံကိုလည်း ထူထူလေးဖြစ်ချင်တယ်ဆိုတဲ့သူတွေအတွက် ထိရောက်မယ့် Headspa 7 treatment လေးအကြောင်း ပြောပြမယ်နော်။

များသောအားဖြင့် ပေါင်းဆေး/ပျော့ဆေးတွေက ဦးရေပြားမထိအောင် သုံးရတာဆိုတော့ ဆံပင်တိုတဲ့သူတွေဆို မထိဖို့ဆိုတာ အတော်ခက်ခဲတယ်ခေါ်ရမယ်။ Headspa 7 treatment က ဦးရေပြားပေါ်ကို တိုက်ရိုက်သုံးလို့ရတဲ့ Scalp (+ hair treatment) အမျိုးအစားပါ။ အချိန်အရမ်းပေးစရာမလိုပဲ မိနစ်ပိုင်းနဲ့တင် Hair Treatment ကောင်းကောင်း သုံးလို့ရတာမို့ (အထူးသဖြင့် ယောက်ျားလေးတွေအတွက်) အဆင်ပြေတယ်။ ဦးရေပြားအတွက်ကော ဆံပင်အတွက်ပါသုံးလို့ရတာမို့ အလုပ်ရှုပ်သက်သာသွားတယ်။

ဘာအတွက်ကောင်းလဲဆို ဦးရေပြားနဲ့ ဆံပင်ကျန်းမာသန်စွမ်းစေဖို့၊ ဦးရေပြားအဆီပြန်တဲ့အခါ ဖြစ်တတ်တဲ့ ဆံပင်ကျွတ်တာနဲ့ ပြားကပ်သွားတာမျိုးကို သက်သာစေဖို့၊ ဆံပင်ကို ထူသယောင်ယောင်လေးဖြစ်အောင် ဖန်တီးချင်တဲ့သူတွေနဲ့ ဆံပင်နဲ့ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်ဆည်းပေးပြီး ဆံပင်သား တောက်ပြောင်စေဖို့အတွက် သုံးပေးနိုင်ပါတယ်။

သူ့မှာ Main Ingredients အနေနဲ့ ဆံပင်နဲ့ ဦးရေပြားကျန်းမာသန်စွမ်းစေဖို့ Hydrolyzed Silk နဲ့ Collagen တို့ ပါဝင်ပြီး ဦးရေပြားသန့်ရှင်းပြီး အေးအေးလေးဖြစ်စေဖို့ Menthol နဲ့ Salicylic Acid တို့ ပါဝင်သလို ဆံပင်နဲ့ ဦးရေပြား အစိုဓာတ်အတွက် Panthenol တို့လည်း ပါဝင်ပါတယ်။ အနံ့ကတော့ ပူရှိန်းအနံ့သင်းသင်းလေး။ အနံ့ကတော့ တစ်ရက်လောက်တော့ စွဲပါတယ်။

အသုံးပြုပုံကတော့ ခေါင်းကိုသေချာလျှော်ပြီး ရေကို မစိုမခြောက်လေးအချိန်မှာ ဦးရေပြားပေါ်ကို သုံးမယ်ဆို ဆံပင်ကို ခွဲကြောင်းလေးတွေခွဲပြီး ဦးရေပြားတိုက်ရိုက် လောင်းပြီး သုံးလို့ရမယ်။ ပြီးရင် နည်းနည်းလေးလိုက်ပွတ်မယ်ဆို ရေနဲ့ Headspa treatment နဲ့ ထိတဲ့အခါ cream ပုံစံပြောင်းသွားမယ်။ အဲတာကို ခေါင်းပေါ်မှာ တစ်မိနစ်ကနေ သုံးမိနစ်လောက်ထားပြီး ရေဆေးချရုံပဲ။

ဆံပင်အတွက်ကတော့ ဆံပင်ရေစိုနေသေးအချိန်မှာ သုံးမယ်ဆို cream တန်းပြောင်းတာမျိုး ဆိုတော့ အဲလိုလေးသုံး နှံ့အောင်ထား။ ဆံပင်ဆို ငါးမိနစ်လောက်ထိထားပေးရင် ပိုကောင်းမယ်။ သူက ရေနဲ့ထိရင် မဆိုစလောက်လေး ပူတာမျိုးလေးတော့ ရှိတယ်။ ပြီးမှပဲ အေးသွားတာမျိုးပေါ့။

Moon သဘောကျတဲ့အချက်ကတော့ ဦးရေပြားအေးပြီး နေလို့ကောင်းတာပဲ။ ဦးရေပြားလေးလည်း သန့်သွားသလို အဆီပြန်တာသက်သာတယ်ခေါ်ရမယ်။

ဆိုတော့ ဦးရေပြားအဆီပြန်လို့ ခေါင်းခဏခဏလျှော်နေရတဲ့သူတွေ ဒါလေး သုံးကြည့်စေချင်တယ်။ Moon ကတော့ အဆီအရမ်းမပြန်ပေမယ့် နှစ်ရက်လောက်နေရင် အဆီပြန်တတ်တော့ ဒါလေးသုံးပြီးနောက်မှာ သုံးရက်လောက်ကို သန့်သန့်လေးနဲ့ နေလို့ကောင်းနေကော။ ဆံပင်က ပြားကပ်သွားတာမရှိပဲ သူ့ဟာနဲ့သူ healthy volume ဖောင်းဖောင်းလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်နေတာမျိုးပေါ့။

ဦးရေပြားအဆီထွက်များလို့ ဆံပင်ကျွတ်တာမျိုးလည်း သက်သာသလို အဆီမပြန်ပဲ ဒီတိုင်းကျွတ်နေတာဆိုလည်း သက်သာတယ်။ Headspa Treatment ကလေ သိသာတာ မြန်တဲ့အထဲပါတယ်။ Moon တစ်ပတ်ကို နှစ်ခါ သုံးခါလောက် စိတ်ကူးပေါက်သလို သုံးတယ်။ နှစ်ပတ်လောက်နဲ့တင် သိသာလာတယ်။

ရေဆေးချရတာလည်း အရမ်းလွယ်တယ်။ ရေနဲ့ထိရင် cream ပြောင်းတာမို့ ရေဆေးပြီဆို ရေနဲ့ရောပြီး သေချာနှိပ်နယ်ပြီမှ ပြန်ဆေးချရင် ခေါင်းလည်းအေး ခေါင်းလည်းသန့်ပြီး နေလို့ကောင်းမှကောင်း။

ဆံပင်အတွက်တော့ ဆံပင်ပျော့တယ်။ Shine ဖြစ်လာတယ်။ သာမန်ပဲ။ Moon ဆံပင်က ပျက်စီးနေတာမျိုးမရှိတော့ သာမန်ပျော့ဆေးလိုပဲ။ ကြာကြာထားရင် ပိုပျော့တယ်။ မြန်မြန်နဲ့ဆေးချရင် ဘာမှသိပ်မသိဘူး။ Moon ကတော့ ဆံပင်ရှင်းရလွယ်ရင် တော်ပြီဆိုတော့ ဆံပင်အတွက်တော့ အရမ်းမမျှော်လင့်ထားတာလည်းပါမယ်။ ဆံပင်ပြန်ပေါက်တာ ဘာညာတော့ ဒါကတော့ အရမ်းသိသာတဲ့အထဲတော့ပါဘူး။ Hair Tonic တို့ ဘာတို့နဲ့ တွဲသုံးပေါ့နော်။

မကြိုက်တာကတော့ ဘူးဖွင့်တာကိုပဲ။ Nozzle ပုံစံမို့ ဦးရေပြားတိုက်ရိုက်သုံးလို့ရတယ် ဆိုပေမယ့်လည်း လက်ရေစိုနေရင် ဖွင့်ရတော်တော်ခက်တယ်။

နောက်တစ်ခု Hair/Scalp Scrub လုပ်ထားတယ်ဆို သူ့ကို နောက်နေ့မှ ဒါမှမဟုတ် နောက်နေ့မှသုံး။ မဟုတ်ရင် ဦးရေပြားက ပူစပ်ကြီးဖြစ်နေကော။ အေးတာကနောက်မှရယ်။ အကောင်းပြောတာ ကိုယ်တွေ့။ သတိထားရအောင်လို့ပါ။

ဒါဆို ဘယ်သူတွေသုံးလို့ရမလဲ။ ဆံပင်တိုပြီး ပြားကပ်နေတာ၊ ဦးရေပြားက အဆီပြန် ဆံပင်က မွဲခြောက်နေတာ၊ ဆံပင်ကျွတ်တာ သက်သာချင်တဲ့သူတွေအတွက် အဆင်ပြေပါမယ်။ (ဦးရေပြားခြောက်လည်း သုံးလို့ရပါတယ် တစ်ပတ်တစ်ခါလောက်ပေါ့)

Moon ဝယ်တာ 200ml ဘူးပါ။ Only Skin ကနေ ဝယ်တာပါ။ ဈေးက ၁၉/၁၈ အဲလောက်ပတ်ချာလည်ပါပဲ။

အားလုံးကိုလှသည်ထက် လှစေချင်တဲ့

🌙

Photos from Glowist_Htd's post 12/09/2022

19000ks ✔️

Preorder✔️

Prepaid ပါ✔️

Htd del free✔️

တစ်ခြားလိုချင်တာရှိရင်လာမေးလို့ရပါတယ်ရှင်❤️

Photos from Glowist_Htd's post 27/08/2022

Instock ရမဲ့ ဟာလေးတွေပါ❤️

Htd del free(Cash on del)

Other Prepaid

Photos from Bee Beauty Blog's post 26/08/2022

ဒါလေးတွေ မင်”ဆီမှာ ရပါတယ်နော် လိုချင်တာရှိရင် လာမေးလို့ရပါတယ်ရှင့်😚❤️

Want your business to be the top-listed Beauty Salon in Hinthada?
Click here to claim your Sponsored Listing.

Telephone

Website

Address


Hinthada

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00