ZMA Edit

ZMA Edit

Share

23/04/2024

ဆရာကြီးဦးအောင်သင်း၏ မှတ်သားထိုက်တဲ့စကားများ...။

ကိုယ့်မှာအမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။

သမိုင်းကို ဖျက်ရင်တောင်
အမှန်တရား ကျန်သေးတယ်
ပထဝီပျက်ရင် တိုင်းပြည်ပျက်ပြီပဲ။

ဝိနည်းနဲ့မညီတဲ့ဘုန်းကြီးတစ်ပါးကိုတွေ့ရုံနဲ့ သံဃာဆိုတဲ့
အဖွဲ့အစည်းကြီးကိုမပြစ်မှားအပ်ဘူး။

ငယ်ငယ်မှာစန်းပွင့်လွန်းရင်ဘဝမှာ လာဘ်ပိတ်သွားတတ်တယ်၊သတိပြုပါ။

ဘာမှလုပ်စရာမရှိရင်
စာဖတ်နေခြင်းဟာ
အကောင်းဆုံးအလုပ်ပါပဲ။

အလိမ္မာစာမှာရှိ ဆိုပေမယ့်
အသက်လေးဆယ်ကျော်တဲ့အထိ
အသိတရား ဘာမှမရှိသေးရင်
ဘယ်လောက်စာတွေဖတ်ဖတ်
မလိမ္မာတော့ဘူး...။

အချစ်မှာ မျက်စိမရှိပါဘူး
ဦးနှောက်မှာတော့ မျက်စိရှိရလိမ့်မယ်။

လူတစ်ယောက်ဟာမိုးပျံအောင်တော်နေပါစေ သူ့မှာ
တာဝန်ယူလိုစိတ်မရှိရင် ဘယ်နေရာမှ အသုံးမဝင်ဘူး။

သမိုင်းကြောင်းကိုပြန်ပြောတဲ့အခါ တစ်စုံတစ်ယောက်ကို
အားနာနေရင် အနာဂါတ်ကိုသစ္စာဖောက်ရာကျတယ်။

ငယ်ငယ်မှာကိုယ့်ကိုကိုယ်ခိုင်းရတယ်၊ငယ်ငယ်မှာ
ကိုယ့်ကိုကိုယ်မခိုင်းရင် ကြီးလာရင်သူများခိုင်းတာခံရတတ်တယ်။

Want your public figure to be the top-listed Public Figure in Gyobingauk?
Click here to claim your Sponsored Listing.

Category

Website

Address


Gyobingauk