Myantrip

Myantrip

Share

30/11/2022

👶ကလေးနဲ့ လေယာဉ်စီးမယ်ဆို လေယာဉ်မစီးခင် ဘာတွေပြင်ဆင်ရမလဲ❓

ကလေးတစ်ဖက်နဲ့ ခရီးသွားရတာဟာ ကသီလင်တနိုင်တယ်ဆိုတာ မှန်ပေမယ့် မဖြစ်မနေသွားဖို့ လိုအပ်လာခဲ့ရင် ကလေးအတွက် လိုအပ်လောက်မယ့် အသုံးအဆောင်တွေ ပြည့်ပြည့်စုံစုံပါဖို့ ပုံမှန်ထက် အချိန်စောပြီး ကြိုတင်ပြင်ဆင်ရပါတယ်။

ဘယ်လိုအရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

✅ ကလေးနဲ့ အဆင်ပြေနိုင်တဲ့ လေယာဉ်ချိန်ကို ရွေးပါ။
မိမိကလေးအိပ်တတ်တဲ့အချိန်ကို ရှောင်ပြီး လေယာဉ်ချိန်ရွေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ လေယာဉ်ချိန်က ကလေးရဲ့အိပ်ချိန်ဖြစ်နေခဲ့ရင် ငိုယိုဂျီကျနေတတ်တာကြောင့် ချော့ရခက်၊ ထိန်းရခက်ပြီး တခြားခရီးသည်တွေအတွက်လည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

✅ ကလေးအတွက် လိုအပ်မယ်ထင်တဲ့ ဆေးဝါးတွေဆောင်သွားပါ။
လေဖိအားကြောင့် နားအူပြီး မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တတ်ပြီး မိမိနေရာဒေသနဲ့မတူညီတဲ့နေရာကို သွားမယ်ဆို ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ဝမ်းသွားတာတွေ ဖြစ်တတ်တာကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဆောင်သွားသင့်ပါတယ်။

✅ အရေးပေါ်လိုတဲ့အခါ အလွယ်တကူသုံးဖို့အတွက် ဆောင်သွားရမယ့် ပစ္စည်းများကတော့ သေးခံ Diaper၊ Baby Wet Tissues၊ ပလတ်စတစ်အိတ်အပို၊ ကလေးငယ်နွေးထွေးစေဖို့ အနွေးထည်နဲ့ စောင်၊ ကလေးနို့ဘူး၊ မုန့်နဲ့ ဆေးဝါးတချို့ အစရှိတာတွေ ဆောင်သွားရပါမယ်။ လေယာဉ်ပေါ်မှာ အရေးပေါ်လိုလာတဲ့အခါ ဒီပစ္စည်းတွေကို အလွယ်တကူယူသုံးနိုင်ဖို့ မိမိအနီးနားမှာထားလို့ရတဲ့ ခရီးဆောင်အိတ်ထဲ ထည့်ထားပါ။

✅ အသက် ၂ နှစ်အောက် ကလေးငယ်များ လေယာဉ်စီးမယ်ဆိုရင် ကလေးငယ်ရဲ့ မွေးစာရင်းထောက်ခံစာကို တစ်ပါတည်းယူဆောင်လာဖို့ လိုပါတယ်။
ဒီအချက်လေးတွေကို စနစ်တကျပြင်ဆင်ထားမယ်ဆိုရင်တော့ မိသားစုအလိုက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်လေးဖြစ်စေမှာပါ။

👶ကလေးနဲ့ လေယာဉ်စီးမယ်ဆို လေယာဉ်မစီးခင် ဘာတွေပြင်ဆင်ရမလဲ❓
ကလေးတစ်ဖက်နဲ့ ခရီးသွားရတာဟာ ကသီလင်တနိုင်တယ်ဆိုတာ မှန်ပေမယ့် မဖြစ်မနေသွားဖို့ လိုအပ်လာခဲ့ရင် ကလေးအတွက် လိုအပ်လောက်မယ့် အသုံးအဆောင်တွေ ပြည့်ပြည့်စုံစုံပါဖို့ ပုံမှန်ထက် အချိန်စောပြီး ကြိုတင်ပြင်ဆင်ရပါတယ်။
ဘယ်လိုအရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

✅ ကလေးနဲ့ အဆင်ပြေနိုင်တဲ့ လေယာဉ်ချိန်ကို ရွေးပါ။
မိမိကလေးအိပ်တတ်တဲ့အချိန်ကို ရှောင်ပြီး လေယာဉ်ချိန်ရွေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ လေယာဉ်ချိန်က ကလေးရဲ့အိပ်ချိန်ဖြစ်နေခဲ့ရင် ငိုယိုဂျီကျနေတတ်တာကြောင့် ချော့ရခက်၊ ထိန်းရခက်ပြီး တခြားခရီးသည်တွေအတွက်လည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

✅ ကလေးအတွက် လိုအပ်မယ်ထင်တဲ့ ဆေးဝါးတွေဆောင်သွားပါ။
လေဖိအားကြောင့် နားအူပြီး မူးဝေတာ၊ အော့အန်တာတွေ ဖြစ်တတ်ပြီး မိမိနေရာဒေသနဲ့မတူညီတဲ့နေရာကို သွားမယ်ဆို ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ဝမ်းသွားတာတွေ ဖြစ်တတ်တာကြောင့် လိုအပ်တဲ့ ဆေးဝါးတွေကို ဆောင်သွားသင့်ပါတယ်။

✅ အရေးပေါ်လိုတဲ့အခါ အလွယ်တကူသုံးဖို့အတွက် ဆောင်သွားရမယ့် ပစ္စည်းများကတော့ သေးခံ Diaper၊ Baby Wet Tissues၊ ပလတ်စတစ်အိတ်အပို၊ ကလေးငယ်နွေးထွေးစေဖို့ အနွေးထည်နဲ့ စောင်၊ ကလေးနို့ဘူး၊ မုန့်နဲ့ ဆေးဝါးတချို့ အစရှိတာတွေ ဆောင်သွားရပါမယ်။ လေယာဉ်ပေါ်မှာ အရေးပေါ်လိုလာတဲ့အခါ ဒီပစ္စည်းတွေကို အလွယ်တကူယူသုံးနိုင်ဖို့ မိမိအနီးနားမှာထားလို့ရတဲ့ ခရီးဆောင်အိတ်ထဲ ထည့်ထားပါ။

✅ အသက် ၂ နှစ်အောက် ကလေးငယ်များ လေယာဉ်စီးမယ်ဆိုရင် ကလေးငယ်ရဲ့ မွေးစာရင်းထောက်ခံစာကို တစ်ပါတည်းယူဆောင်လာဖို့ လိုပါတယ်။

ဒီအချက်လေးတွေကို စနစ်တကျပြင်ဆင်ထားမယ်ဆိုရင်တော့ မိသားစုအလိုက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်လေးဖြစ်စေမှာပါ။

Photos from Myantrip's post 30/11/2022

ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံလမ်းမှ ဟိုတယ်များ

ချောင်းသာကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ အပျိုစင်ကမ်းခြေတွေကိုကို သွားရောက်လည်ပတ်ကြမယ့် မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းများအတွက် ဟိုတယ်ရွေးချယ်ကြတဲ့အခါ အသုံးဝင်စေဖို့ ရည်ရွယ်ပြီး Myantrip Travel အနေနဲ့ ချောင်းသာမှာရှိတဲ့ ဟိုတယ်တွေကို စာရင်းပြုစုပေးထားပါတယ်။

ခရီးသွားဧည့်သည်များ၊ ခရီးသွားလောကမှ အပေါင်းအသင်းများအတွက် အသုံးဝင်စေဖို့ မျှော်လင့်ပါတယ်။

Like & Share ခြင်းဖြင့် ကူညီပေးပါ။
**ပြန်လည်ကူးယူ ဖော်ပြခွင့် မပြုပါခင်ဗျာ။**

==============
ချောင်းသာကမ်းခြေမှဟိုတယ်များ
==============

- ဟိုတယ် ACE (တောင်ကုန်းဟိုတယ်)
09404408833, 09404408811, 09404408822

- ချောင်းသာလော့ဂျ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 890050102, 09 890050101, 09 890050100
https://www.facebook.com/chaungthaLodgehotelresort

- ရွှေဟင်္သာဟိုတယ် (ကမ်းခြေဟိုတယ်)
*လက်ရှိ ပိတ်ထားပါတယ်။*

- ဧကရာဇ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 977961738, 09 767210810
https://www.facebook.com/theakarizhotel

- ဒိုင်းမွန်းဟိုတယ် (ကမ်းခြေဟိုတယ်)
09 955168655, 09 980891959, 09 256830664
https://www.facebook.com/Diamond-Hotel-Chaung-Tha-Beach-103359792095903

- ဘဲလ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 250235235, 09 5200983
https://www.facebook.com/BelleResortChaungThaBeach

- ဂရန့်ဟိုတယ် (ကမ်းခြေဟိုတယ်)
0422042330, 09 8568376, 09253771127
https://www.facebook.com/grandhotel.chaungthabeach

- သီရိဟိုတယ် (ကမ်းခြေဟိုတယ်)
09263287711, 09770601934
https://www.facebook.com/Thiri-Hotel-Chaung-Tha-Beach-Resort-586725604829202

- ဂိုးလ်ဒင်းဘိချ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09 5200952, 09 5200564, 09 44800 1370
https://www.facebook.com/chaungthacenter

- ခိုင်ချောင်းသာဟိုတယ် (ကမ်းခြေဟိုတယ်)
0422042242, 0422042243, 095200606
https://www.facebook.com/khinechaungthahotel

- စည်းစိမ်ဟိုတယ် (ကမ်းခြေဟိုတယ်)
09765422101, 09777123700
https://www.facebook.com/breezeresortchaungthabyamazing

- နယူးချောင်းသာဟိုတယ် (ကမ်းခြေဟိုတယ်)
09 250714148, 04 220 42 367
https://www.facebook.com/newchaungthahotel

- အဇူရာဟိုတယ် (ကမ်းခြေဟိုတယ်)
09977990001, 09977990002, 09977990003
https://www.facebook.com/AzuraBeachResort

- အမေးဇင်းဟိုတယ် (ကမ်းခြေဟိုတယ်)
09765422108, 09777123700, 09777123800
https://www.facebook.com/amazingchaungtharesortpathein

==============

- Lucky Land ဟိုတယ် (ကားလမ်းမဟိုတယ်)
09444339191, 09966339191
https://www.facebook.com/luckylandhotel

- Sea Moon ဟိုတယ် (ကားလမ်းမဟိုတယ်)
09 89 87 31 471
https://www.facebook.com/profile.php?id=100063906468005

- ရွိုင်ရယ်နိုင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09 945988885, 09 945988886
https://www.facebook.com/profile.php?id=100084498674398

- ဟိုတယ် Relax (ကားလမ်းမဟိုတယ်)
09898055556, 09898055559
https://www.facebook.com/hotelrelaxchaungthar

- ဟိုတယ်ဧရာဝတီ (ကားလမ်းမဟိုတယ်)
09 5200622, 09 5200626, 09 5200624
https://www.facebook.com/hotelayeyawady

- နိုဘယ်လ်ချောင်းသာဟိုတယ် (ကားလမ်းမဟိုတယ်)
09444421793, 09444421794
https://www.facebook.com/ytandaye

- Sea View ဟိုတယ် (ကားလမ်းမဟိုတယ်)
09790277011, 09790277012
https://www.facebook.com/profile.php?id=100063812023014

- စူပရင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09779562834, 09257438551
https://www.facebook.com/chaungtharhotelsupreme

- အလိုင်းယန့်ဟိုတယ် (ကားလမ်းမဟိုတယ်)
09 251035445
https://www.facebook.com/allianceresorthotel

- မိုတယ်ရွှေကမ္ဘာ (ကားလမ်းမမိုတယ်)
09 765164532, 09 965149146, 09 955143100
https://www.facebook.com/profile.php?id=100063755423763

==============

- Sea Breeze Resort (ကမ်းခြေဘက် - အုန်းတော)
09250300181
https://www.facebook.com/SeaBreezeResortChaungThaBeach

- Nilar Win Resort (ကမ်းခြေဘက် - အုန်းတော)
09407800007, 09882700008
https://www.facebook.com/profile.php?id=100068736740049

- PK Resort (ကမ်းခြေဘက် - အုန်းတော)
09422521638, 09964952132, 095201848
https://www.facebook.com/profile.php?id=100064076585373

- Winner Resort (ကမ်းခြေဘက် - အုန်းတော)
09 424 30 00 15, 09 250 59 89 70
https://www.facebook.com/profile.php?id=100063529662032

- Golden Gate Villa (ကမ်းခြေဘက် - အုန်းတော)
09892996655, 09259589322
https://www.facebook.com/GoldenGateVilla

- Royal Family Chaung Tha (ကမ်းခြေဘက် - အုန်းတော)
ရေကူးကန်လေးပါပါတယ်။
09 4400 29605, 09 889099038
https://www.facebook.com/royalfamilychaungtha

- Htike Thu San Resort (ကမ်းခြေဘက် - အုန်းတော)
09254255257, 09444441718, 09767676444
https://www.facebook.com/profile.php?id=100064022976381

- Royal Chaung Tha Guest House (ကားလမ်းမဘက် - အုန်းတော)
09 422508846, 09 799090341, 09 773772685
https://www.facebook.com/profile.php?id=100063942494180

- New Discovery Inn (ကားလမ်းမဘက် - အုန်းတော)
09 889643337, 09 5157683
https://www.facebook.com/profile.php?id=100069913967665

- Royal Ruby Guest House (ကားလမ်းမဘက် - အုန်းတော)
09400755051, 09441302494
https://www.facebook.com/Royal-Ruby-Guest-House-%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%80%E1%80%99%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%B1-102812505930419/

- K*K Guest House (ကားလမ်းမဘက် - အုန်းတော)
09420723233, 09250267689
https://www.facebook.com/3kguesthouse

==============

- ကော်ရယ်ဗြူးဟိုတယ် (ဖိုးကုလားကျွန်း)
09 261 511 117, 09 261 511 118
https://www.facebook.com/CoralViewResortPhoKaLar

==============
ရွှေသောင်ယံလမ်းမှ ဟိုတယ်များ
==============

- ဟေးလ်ဂါးဒင်းဟိုတယ် (ကားလမ်းမဟိုတယ်)
09 422 444 823, 09 251 669 995
https://www.facebook.com/hillgardenhotel

- ဂိုးလ်ဒင်းဘေးဟိုတယ် (ကမ်းခြေဟိုတယ်)
09250192950, 09795003225
https://www.facebook.com/Golden-Bay-Resort-Hotel-Chaung-Thar-1416241815351107

- ဂယ်ရစ်ဇင်ဟိုတယ် (ကမ်းခြေဟိုတယ်)
042-2042425, 0943888888, 09777777851, 0949494949
https://www.facebook.com/gerizimhotel

- အိုးရှင်းဗြူးဟိုတယ် (တောင်ကုန်းဟိုတယ်)
09 977127582, 09 977127625
https://www.facebook.com/oceanviewresortchaungtha

- Mangrove View ဟိုတယ် (ဥယျာဉ်ဟိုတယ်)
09 881222207, 09 881777944, 09 5501004
https://www.facebook.com/mangroveviewresort

- ဟိုတယ်ရွှေသောင်ယံ (ရွှေသောင်ယံ ကမ်းခြေဟိုတယ်)
09 431 70508
https://www.facebook.com/shwethaungyanSTY

- လိုင်လိုင်းဟိုတယ် (ရွှေသောင်ယံ ကမ်းခြေဟိုတယ်)
09 404070501, 09 404070502, 09 955599915
https://www.facebook.com/lailaihotelshwethaungyanbeach

- Believe One ဟိုတယ် (အပျိုစင် ကမ်းခြေဟိုတယ်)
09 5105967, 09 450215912, 09 884888567
https://www.facebook.com/BelieveOneResorts

==============

မြန်ထရစ် (Myantrip Travel)
https://myantrip.com
https://www.facebook.com/MyanTripMyanmar
30 Nov 2022

#ချောင်းသာ #ရွှေသောင်ယံ #အပျိုစင်ကမ်းခြေ #ဟိုတယ် #မြန်ထရစ်

Photos from Myantrip's post 24/11/2022

မိသားစုအားလပ်ရက် ခရီးစဉ်ကို ချောင်းသာသွားမယ်ဆိုရင်
ကလေးတွေပျော်ပျော်ရွှင်ရွှင် ရေကစားလို့ရတဲ့ Water Park ပါတဲ့
ဒီဟိုတယ်ကို ညွှန်းဆိုချင်ပါတယ် ...
ရွှေသောင်ယံ၊ ကျောက်မောင်နှမ သွားတဲ့လမ်းနံဘေးမှာ တည်ရှိပါတယ်
သီးသီးသန့်သန့် အနားယူအပန်းဖြေချင်သူတွေအတွက်လည်း သင့်တော်ပါတယ်
ချောင်းသာကမ်းခြေက သွားမယ်ဆို သိပ်တော့ မဝေးပါဘူး
အဝေးပြေးကားနဲ့ လာမယ့်သူတွေအနေနဲ့ ချောင်းသာ - ရွှေသောင်ယံ လမ်းဆုံထိ ဟိုတယ်က လာကြိုပေးပါတယ်
မြန်ထရစ်ရဲ့ အရောင်းရဆုံး စာရင်းဝင် လူကြိုက်များတဲ့ ဟိုတယ်တစ်ခုပါပဲ ...

ဒီဇင်ဘာအတွက် အခန်းဈေးနှုန်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်
*မှတ်ချက် - ဖော်ပြပါဈေးနှုန်းတွေဟာ မြန်ထရစ်က ရောင်းပေးတဲ့ ဈေးနှုန်းတွေသာ ဖြစ်ပါတယ်*

Deluxe Garden View (Building)
- Mon to Thurs - 97,000 Ks
- Fri to Sun - 115,000 Ks
Christmas (24/25 Dec + Dinner) - 145,000 Ks
New Year (31 Dec + Dinner) - 145,000 Ks

Garden View Suite
- Mon to Thurs - 145,000 Ks
- Fri to Sun - 195,000 Ks
Christmas (24/25 Dec + Dinner) - 260,000 Ks
New Year (31 Dec + Dinner) - 290,000 Ks

2nd Sea View Suite
- Mon to Thurs - 175,000 Ks
- Fri to Sun - 220,000 Ks
Christmas (24/25 Dec + Dinner) - 290,000 Ks
New Year (31 Dec + Dinner) - 320,000 Ks

Sea View Suite
- Mon to Thurs - 240,000 Ks
- Fri to Sun - 270,000 Ks
Christmas (24/25 Dec + Dinner) - 310,000 Ks
New Year (31 Dec + Dinner) - 340,000 Ks

ဟိုတယ် booking တင်မယ်ဆိုရင်
=====================
⏰ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအတွင်း ပိတ်ရက်မရှိ
💬 Facebook Messenger (သို့မဟုတ်) ☎ 09 779161690 (Viber)
များသို့ ဆက်သွယ်နိုင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
လေယာဉ်လက်မှတ်နှင့် ဟိုတယ် Booking
Website - https://www.myantrip.com/
Hotel App - https://play.google.com/store/apps/details?id=com.myantrip.twa

#လေယာဉ်လက်မှတ် #ဟိုတယ် #မြန်ထရစ်

14/11/2022

ဟိုတယ်အကြောင်း သိကောင်းစရာ (Housekeeping)
=====================
ဟိုတယ်အခန်းတံခါးမှာ "Please Do Not Disturb (မနှောက်ယှက်ပါနှင့်)" ဆိုတဲ့ စာတန်းပါတဲ့ ကဒ်ပြားလေးတွေ ချိတ်ဆွဲထားတတ်ကြပါတယ်။ ဒီကဒ်ပြားလေးနဲ့ ပတ်သတ်ပြီး ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်။ ဇာတ်လမ်းတစ်ခုကတော့ Housekeeping လို့ခေါ်တဲ့ "အခန်းသန့်ရှင်းရေး" ပေါ့။

Standard Hotel တစ်ခုမှာ နေကြတဲ့အခါ တစ်နေ့တစ်ကြိမ်ခန့် အခန်းသန့်ရှင်းရေး ဝင်ပေးတတ်ကြပါတယ်။ အခန်းသန့်ရှင်းရေး ဝင်ပေးတယ်ဆိုတာက အိပ်ယာကို ပြန်ပြင်ပေးတယ်။ အမှိုက်တွေ ယူသွားတယ်။ ကုန်နေတဲ့ ရေဗူးတွေ၊ တစ်ခါသုံး သွားတိုက်တံ၊ သွားတိုက်ဆေးတွေ ... စသည်ဖြင့် လဲပေးခဲ့တယ်ပေါ့။

Laundry Service ရှိတဲ့ ဟိုတယ်တွေဆိုရင် ကိုယ်လျှော်ချင်တဲ့ အဝတ်အစားတွေကို Laundry Bag ထဲကို ထည့်ထားလိုက်ရင် ယူသွားပေးပါတယ်။ နောက်တစ်ကြိမ် အခန်းသန့်ရှင်းရေး ဝင်တဲ့အခါ လျှော်ဖွတ်ထားတဲ့ အဝတ်တွေကို ကျသင့်ငွေ ဘောက်ချာနဲ့တကွ ပြန်ထားပေးထားပါလိမ့်မယ်။

အခန်းသန့်ရှင်းရေး မဝင်ခင်မှာ၊ တာဝန်ကျတဲ့ Housekeeper က အခန်းတံခါးကို ခေါက်ပြီး "Housekeeping" လို့ အသံပေးတတ်ကြပါတယ်။ ကိုယ်က အခန်းသန့်ရှင်းရေး လာတဲ့အချိန် အခန်းထဲမှာရှိနေတယ်၊ အဆင်ပြေတယ် အိုကေတယ်ဆိုရင် တံခါးဖွင့်ပေးလိုက်ပါ။ အခန်းထဲက အကြောင်းပြန်မလာဘူး၊ အခန်းတံခါးမှာလည်း "Please Do Not Disturb" ဆိုတဲ့ ကဒ်ပြားချိတ်ထားတာ မရှိဘူးဆိုရင်တော့ Housekeeper က သူ့ဟာသူ တံခါးဖွင့်ပြီး အခန်းသန့်ရှင်းရေး ဝင်ပေးသွားပါလိမ့်မယ်။

ဒီနေရာ ဇာတ်လမ်းဖြစ်တာပါပဲ။ ကိုယ်နေတဲ့အခန်းကို ကိုယ်မရှိတုန်း တစ်ယောက်ယောက် ဝင်သွားတာကို သိလိုက်ရတဲ့အခါ၊ စိတ်ထဲမှာ အလိုမကျတာမျိုး ဖြစ်တတ်တာ ဓမ္မတာပဲမဟုတ်လား။ ကိုယ်ထားခဲ့တဲ့ ပစ္စည်းတွေ ပျောက်/မပျောက် အသည်းအသန် ရှာတတ်ကြပါတယ်။ စိတ်မြန်သူတွေဆိုရင် Hotel Reception ကိုသွားပြီး ဒေါသတကြီး တုံ့ပြန်တတ်ကြပါသေးတယ်။

တကယ်တော့ ဒါဟာ Standard Hotel တစ်ခုရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ဒါမျိုးတွေ မဖြစ်စေဖို့အတွက် အခန်းတံခါးရဲ့ လက်ကိုင်မှာ "Do Not Disturb" ကဒ်ပြားလေးတွေ ထားရှိပေးထားတာ ဖြစ်ပါတယ်။ တချို့သော ဟိုတယ်တွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေပါတဲ့ ဧည့်သည်များအတွက် လုံခြုံစွာ သိမ်းဆည်းထားနိုင်ဖို့အတွက် အခန်းတွေထဲမှာ Safe Box တွေ ထည့်ပေးထားတတ်ကြပါတယ်။

ရှေ့ဆက်ပြောရရင် - ကိုယ်က အခန်းထဲမှာ အိပ်စက်အနားယူဖို့ တွေးထားတယ်။ အိပ်နေတဲ့အချိန်မှာ အခန်းသန့်ရှင်းရေးဝင်လာဖို့လည်း မလိုအပ်ဘူးဆိုရင် - တံခါးလက်ကိုင်များ ချိတ်ဆွဲထားတဲ့ "Please Do Not Disturb" ကဒ်ပြားလေးကို အခန်းအပြင်ကိုထုတ်ပြီး ချိတ်ဆွဲထားလိုက်ပါ။

"Please Do Not Disturb" ကဒ်ပြားလေးရဲ့ အခြားတစ်ဖက်အခြမ်းမှာ ဆိုရင်တော့ "Welcome Please Knock" "Please make up the room" စသည်ဖြင့် အခန်းသန့်ရှင်းရေး ဝင်လို့ရကြောင်း ရေးထားတဲ့စာတန်းရှိပါတယ်။

ကိုယ်က အခန်းထဲမှာ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အခန်းထဲဝင်ပြီး အခန်းသန့်ရှင်းရေး ဝင်လို့ရတယ်ဆိုရင် "Please Do Not Disturb" ကဒ်ပြားလေးရဲ့ အခြားသော တစ်ဖက်ခြမ်းကို လှည့်ပြီး၊ အခန်းသန့်ရှင်းရေး ဝင်လို့ရကြောင်း စာတန်းပါတဲ့ ကဒ်ပြားလေးကို အခန်းအပြင်ကိုထုတ်ပြီး ချိတ်ဆွဲထားလိုက်ပါ။

"Please Do Not Disturb" ကဒ်ပြားကို အခန်းအပြင်မှာ ချိတ်ထားတိုင်း အခန်းထဲကို ဝင်လာလို့ မရဘူးလို့တော့ တစ်ထစ်ချသတ်မှတ်ထားလို့ မရပါဘူး။ Housekeeper တွေရဲ့ report အရ ဟိုတယ်တာဝန်ရှိသူတွေ အနေနဲ့ အခန်းနဲ့ပတ်သက်ပြီး မသင်္ကာစရာ အကြောင်းအရာမျိုး တွေ့ရှိပါက အချိန်မရွေး ဝင်ရောက်နိုင်ပါတယ်။ ဥပမာအားဖြင့် အခန်းထဲမှာ အသံတွေ ဆူညံနေတာ၊ အော်ဟစ်နေကြတာ (--ခြွင်းချက်)၊ 24-48 နာရီကြာအောင် အခန်းထဲပေးမဝင်တာ၊ လူအများကြီး ဝင်သွားတာ၊ ထွက်သွားတာ .. စသည်ဖြင့်ပေါ့။

ဒါကတော့ ဟိုတယ်အကြောင်း သိကောင်းစရာတွေထဲက တစ်ခုပေါ့။
နောက်ထပ်လည်း ဟိုတယ်မှာ နေကြတဲ့အခါ သိထားသင့်တွေကို ထပ်မံပြီး ဝေမျှပေးသွားပါဦးမယ်။
ဖတ်ရှုပေးသွားကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်ထရစ် (Myantrip Travel)
14 Nov 2022

#ဟိုတယ် #မြန်ထရစ်

Want your business to be the top-listed Travel Agency in Dedaye?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် (၉၆)၊ ပြည်တော်သာလမ်း၊ ဒေးဒရဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
Dedaye
10261

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00