Miao Shan

Miao Shan

Share

10/10/2024
06/10/2024

ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်သို့ သွားကြစို့

မင်းသုတ(တပ်ကုန်း)

လူသားမျိုးနွယ်အဖြစ် ပေါက်ဖွားလာသည်နှင့် တစ်ဦးတစ်ယောက်တည်းနေ၍ မရပေ။ လူ့ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့နှင့်ပင် နေရမည်သာ။ အိမ်တစ်အိမ်၊ မိသားစုတစ်စုမှသည် အိမ်နီးချင်းများနှင့် ထိတွေ့ဆက်ဆံလာရပေသည်။ ထိုမှတစ်ဆင့် ရွာချင်း၊ မြို့ချင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းအချင်း ကူးလူးဆက်သွယ်သွားလာနေထိုင်ကြရပေသည်။ ထို့နည်းတူစွာ နိုင်ငံတစ်နိုင်ငံဖြစ်တည်လာလျှင် ပတ်ဝန်းကျင်အိမ်နီးချင်း နိုင်ငံများ၊ ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံများနှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံတကာဆက်ဆံရေးစသဖြင့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်လာကြသည်။ ကမ္ဘာကြီးသည် ရွာတစ်ရွာပင်ဖြစ်လာခဲ့သည်။ ထိုရွာကြီး၌ မှီတင်နေထိုင်ကြကုန်သော လူသားတိုင်းသည်လည်း ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဘောဂ​ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဉာဏဗလများသည်က မရှိမဖြစ် ပြည့်စုံကြရန် လိုအပ်လှပေသည်။

“အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသည့်အတိုင်း ကျန်းမာသန်စွမ်းသော လူတစ်ယောက်ဖြစ်ရန် အရေးကြီးလှပါသည်။ ကျန်းမာရန် ကိုယ်ကာယလေ့ကျင့်ခန်းများ နေ့စဉ်ပုံမှန်ဆောင်ရွက်သင့်ပါသည်။ ဆောင်းရာသီ အေးစိမ့်သော ဒီဇင်ဘာလတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပလျက်ရှိကြပေသည်။ ထိုလတွင်သာ ပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ နှစ်စဉ်၊ လစဉ်၊ နေ့စဉ်ပြုလုပ်သင့်ပါသည်။ နံနက်စောစော အိပ်ယာထ အပြေးတက်ခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ အိမ်တွင်းကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်သင့်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်ဆိုသည့်စကားအတိုင်းမဖြစ်ခင်က ကြိုတင်ကာကွယ်သင့်ပေသည်။

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ထုတ်ဝေသည့် “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” စာအုပ်တွင် ဆရာတော်ဦးဗုဗ်က “သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း”ဟု စည်းစိမ်ပျက်ရခြင်းအကြောင်း ခြောက်ပါးကို ရေးသားထားသည်။ ၎င်းစာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း အိမ်တိုင်း၊ မိသားစုတိုင်း၌ ရှိသင့်သည့် စာအုပ်တစ်အုပ်ပင်ဖြစ်ပါသည်။ ငွေကြေးပစ္စည်းဥစ္စာဆိုရာ၌ ရွှေငွေရတနာတွင်းထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံ၊ လယ်ယာစပါးစသည့် ပစ္စည်းဥစ္စာများပင် မဟုတ်ပါလော။ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ရပေမည်။ အလုပ်လုပ်မှ ငွေရမည်။ အလုပ်လုပ်မှ ကောက်ပဲသီးနှံများ၊ ဆန်၊ ရေ၊ စပါး ပေါကြွယ်ဝမည်။ ​အခြေခံလူတန်းစားများဖြစ်သည့် အလုပ်သမားများ၊ ဆိုက်ကားသမားများ၊ ဆိုင်ကယ်ကယ်ရီများ၊ တက္ကစီများသည်ပင် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်ကြိုးစားရုန်းကန်နေရသည်။ နိုင်ငံ့ဝန်ထမ်းကျောင်းဆရာ ဆရာမများ၊ အမှုထမ်းအရာထမ်းများ၊ လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည်ပင် ကိုယ့်တာဝန် ကိုယ်ထမ်း ကျေပွန်စွာထမ်းဆောင်နေကြရသည်။ မိမိ၏စားဝတ်နေရေးအဆင်ပြေအောင် နိုင်ရာဝန်ကိုထမ်း အလုပ်လုပ်နေကြရသည်သာ။

လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုပြဿနာများ၊ ခိုးဆိုးလုနှိုက်များ ပပျောက်လာမည်။ ထိုမှတစ်ဆင့် နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းသည်လည်း အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်လာပေမည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးနေထိုင်ကြသည်။ “ထီးနဲ့ ဖိနပ်မပါ နွေအခါမှသိ၊ ဒါနနဲ့ သီလမပါ သေခါမှ သိမည်”ဆိုသည့်အတိုင်း သီလတောင့်မှ ဝမ်းတောင့်နိုင်ပေမည်။

“လူမှာအဝတ်၊ တောင်းမှာအကွပ်”ဆိုသလို တောင်းမှာ အကွပ်မပါက ပျက်စီးမှုမြန်သည်။ လူမှာ သီလနှင့်တူသော အကျင့်စာရိတ္တ အဝတ်မပါက ပတ်ဝန်းကျင်၌ မသင့်တော်ပေ။ ထို့ကြောင့် စီးပွားရေးလုပ်သည့်အခါ သီလမဂ္ဂင်သုံးပါးဖြစ်သည့် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ မှန်ကန်သောစကားကို ပြောဆိုခြင်း၊ လိမ်လည်မပြောဆိုခြင်း၊ ကောင်းစွာအလုပ်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ကောင်းစွာအသက်မွေးဝမ်းကျောင်းခြင်းတို့သည် အလွန်အရေးကြီးလှသည်။

“အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ” အကုသိုလ်ကင်းသောအလုပ်ကို လုပ်ခြင်းသည် မြတ်သောမင်္ဂလာဖြစ်၏လို့ ဘုရားဟောကြားခဲ့လေသည်။ အကျင့်စာရိတ္တသည် မရှိမဖြစ်လိုအပ်သည်။ စာရိတ္တညံ့ဖျင်းသူအား ပတ်ဝန်းကျင်တွင် မည်သူမျှ အပေါင်းအသင်း မလုပ်ချင်ကြပေ။ သူတစ်ပါးအသက်အား သတ်ဖြတ်သူ၊ သူတစ်ပါးပစ္စည်း ခိုးယူသူ၊ သူတစ်ပါးသားမယားအား ဖျက်ဆီးသူ၊ လိမ်လည်ပြောဆိုသူ၊ နောက်ကွယ်၌ သူတစ်ပါးအကြောင်း ကဲ့ရဲ့သူ၊ အပြစ်တင်တတ်သူနှင့် အရက်သေစာသောက်စားမူးယစ်သူတို့သည်ကား မကြာမီပျက်စီးခြင်းသို့ ရောက်ရလေသည်။ ပတ်ဝန်းကျင်မှ ရှောင်ကြဉ်ခြင်းခံရသောသူသာ ဖြစ်သွားတတ်သည်။ မိမိအား ကူညီရိုင်းပင်းတတ်သူများပင် စွန့်ခွာသွားတတ်ကြသည်။ လူကြီးသူမများနှင့် မိတ်ကောင်း ဆွေကောင်းများ၏ ကူညီစောင့်ရှောက်မှုများနှင့်လည်း ကွေကွင်းသွားရတတ်သည်။ ကြီးပွားတိုးတက် မှုတို့သည်လည်း ဆုတ်ယုတ်ရပေလိမ့်မည်။
သုတရသစာအုပ်ကောင်းများစွာ ရှိကြပါသည်။ ဆရာကြီးပီမိုးနင်း၏ “စိတ်ပညာ”စာအုပ်ကောင်းများသည်လည်း ကျွန်တော့်အတွက် ပြုပြင်စရာများစွာ တွေ့ရှိခဲ့ရပါသည်။ အားလပ်ချိန်တိုင်းကိုင်ခဲ့သည့် ဖုန်းလေး၏နေရာတွင် စာအုပ်များဖြင့် အစားထိုးနိုင်ခဲ့ပါသည်။ အဖေ့စာအုပ်စင်လေးက ကျွန်တော့် အတွက် အကောင်းဆုံးအဖော်မွန် မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့ပါသည်။ ငယ်ငယ်က ရိုသေရကောင်းမှန်းမသိဘဲ ဆုတ်ဖြဲခဲ့ဖူးသည့်စာအုပ်များကို ကျွန်တော် ချစ်တတ်ခဲ့ပါသည်။ စာဖတ်ခြင်းဖြင့် ဗဟုသုတများစွာ ရရှိခဲ့ပါသည်။ စိတ်ဖိစီးမှုများ လျော့ကျခဲ့ပါသည်။ မှတ်ဉာဏ်များ တိုးပွားလာခဲ့ပါသည်။ ကျန်းမာရေးဗဟုသုတများစွာ ရရှိခဲ့ပါသည်။ ဘဝနေထိုင်နည်းများကို သိရှိလာခဲ့ပါသည်။ နာကျင်မှု၊ စိတ်ဓာတ်ကျမှု၊ အားငယ်မှုများကို ကုစားပေးနိုင်ခဲ့ပါသည်။ စိတ်ကောင်းစေတနာကောင်းများဖြင့် ကိုယ်ချင်းစာနာတတ်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အမှာစကားလေးပြောလိုက်ချင်ပါသည်။ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်သို့ သွားကြစို့။”

https://t.me/myanmarnewspaper/149667

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

25/09/2024

နိိုင်ငံခြား(ပြည်ပ)လေ့လာရေးခရီးသွားဗဟုသုတမှတ်စုအကျဉ်း။
၁။ နိုင်ငံခြားသွားပါ ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။
၂။ မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်။
၃။ ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်။
၄။ ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်။
၅။ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်။
၆။ မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်။
၇။ နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့ စကားလုံးကို နားလည်လာမယ်။
၈။ အချိန်ကိုလေးစားတတ်လာမယ်။
၉။ ကိုယ့်အားကိုယ်ကိုး တတ်လာမယ်။
၁၀။ ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်။
၁၁။ ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်။
၁၂။ အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်။
၁၃။ မြန်မာယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာမယ်။
၁၄။ မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်။
၁၅။ သည်းခံခြင်းတရား ကြီးမားလာမယ်။
၁၆။ ဒေါသကို စီမံခန့်ခွဲတတ်လာမယ်။
၁၇။ ပတ်ဝန်းကျင်ကို ရှုမြင်ပုံ ကွဲပြားလာပါလိမ့်မယ်။
၁၈။ အရေးမကြီးတာ နဲ့ အရေးကြီးတာ ခွဲခြားတတ်လာလိမ့်မယ်။
၁၉။ အချိန်ကို စီမံခန့်ခွဲတတ်လာမယ်။
၂၀။. လုပ်အားတန်ဖိုး ချစ်မြတ်နိုးနိုင်းလာလိမ့်မယ်။
၂၁။ အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်။
၂၂။ ငွေကို တန်ဖိုးထားတတ်လာမယ်။
၂၃။ နိုင်ငံခြားသွားပါ ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာကို သင့်တွေ့ကြုံသင်ခန်းစားရလာလိမ့်မယ်။

Want your business to be the top-listed Media Company in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address


Southern Dawei Market Road
Dawei

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00