Golden Kids
Golden Kids Graduation Ceremony
21/11/2025
" ကမ္ဘာ့ ကလေးများနေ့ World Children’s Day "
-------------------------------------------------
နိုဝင်ဘာ ၂၀ ရက်နေ့ကို ကမ္ဘာ့ ကလေးများနေ့ World Children’s Day အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာတဝှမ်းမှာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ( United Nations Children's Fund ) လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ဦးဆောင် နှိုဆော်ကြပါတယ် ။
ဒီနှစ်အတွက် ဆောင်ပုဒ် အဖြစ်တော့ -
My Day , My Rights -- လို့ သတ်မှတ်ထားပြီး-
“ ကလေးများနေ့ အချိန်အခါ
ကလေးများ အခွင့်အရေး ရှေ့ရှုပါ “ --
လို့ ဆီလျော်အောင် ပြောရမယ် ထင်ပါရဲ့ ။
ကလေးများအတွက် ရပ်တည်ပြီး ကလေးများရဲ့ ရှင်သန်မှု ၊ ကလေးများရဲ့ မျှော်လင့်ချက် နဲ့ ကလေးများရဲ့ အခွင့်အရေး တွေကို ပြောကြားကြဖို့ နှိုးဆော်ထားတာပါ။
“ My Day , My Rights “
----------------------------
နေရောင် လင်းလက်ပြီး နေ့ တနေ့ စတင်လာတာနဲ့ ကလေးသူငယ်တွေအဖို့ သူတို့ ရွေးချယ် ပုံဖော်ထားတာ မဟုတ်တဲ့ ကမ္ဘာကြီးထဲမှာ နိုးထလာကြရတာပါ။ ဒါပေမဲ့လည်း ကမ္ဘာ့နေရာတိုင်းက ကလေးသူငယ်တိုင်းအဖို့ ကလေးတွေ အတွက် အကာအကွယ် ရဖို့ ၊ သင်ကြားနိုင်ဖို့ နဲ့ သူတို့ရဲ့ အသံတွေ ဖော်ထုတ်တာကို နားထောင်ပေးကြဖို့ အခွင့်အရေး တွေနဲ့ နိုးထ လာနိုင်ကြဖို့ ဆောင်ရွက်ပေးကြရမှာပါ။
ဒီကနေ့ အချိန်အခါက ကလေးတွေကို နားထောင်ပေးကြရမှာပါ။ သူတို့ ဘယ်လို ရှင်သန် ရပ်တည်နေတယ်၊ သူတို့ရဲ့ အခွင့်အရေးတွေ ဘယ်လိုရှိတယ် ၊ ဘယ်လို လစ်ဟင်း ပျက်ကွက်နေတယ် ၊ ဘယ်လို ရရှိအောင် လုပ်ဆောင်မယ် ဆိုတာတွေကို နေ့စဉ်နဲ့အမျှ နားလည် သိမြင်ပေးရမှာပါ။
ကလေးသူငယ်တွေရဲ့ အသံတွေကို ကျယ်လောင်အောင် မြှင့်တင်ပေးပြီး ကလေးသူငယ်တိုင်ရဲ့ အခွင့်အရေးတွေ အတွက် မားမားမတ်မတ် ရပ်တည်ပေးကြပါစို့ ။
by UNICEF
Click here to claim your Sponsored Listing.
Contact the school
Address
No. 93, Middle Street, Ka Nyone Quarter
Dawei