Unique Restaurant
22/10/2023
ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို
ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ
=====================
ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ
ရောင်းအားပါပဲ
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ
ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ်
Overhead ဆိုတာက Fix ဖြစ်နေတဲ့
ကုန်ကျစရိတ်တွေဖြစ်ပါတယ်
ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ
စသည်ဖြင့်ပေါ့
ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို
ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ်
ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး
အချက်သူံးချက်က
1. Food Quality
2. Menu Setup
3. Service တို့ဖြစ်ပါတယ်
ဒီနေရာမှာတော့ ကျနော့ ကိုယ်တွေ့ တွေထဲကနေ
သိမှတ်မိသမျှကိုဖလှယ်မှာဖြစ်တာကြောင့်
အကျဉ်းရုံးပဲပြောပါမယ်
တကယ်က ပြောရင်အကျယ်ကြီးဖြစ်နေမှာပါ
ဆိုတော့ ပထမဆုံး Food Quality
စားသောက်ဆိုင်တစ်ဆိုင်ဟာ အပြင်အဆင်
ဘယ်လောက်ကောင်းနေနေ
Marketing Plan ကြီး ဘယ်လောက်လန်ပြန်နေနေ
ကိုယ့်ရဲ့ထုတ်ကုန်ဖြစ်တဲ့
အစားအသောက်အရည်အသွေးမကောင်းရင်
အောင်မြင်မှုကိူ ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိပါဘူး
Food Quality ဆိုတဲ့နေရာမှာ
အရေးအကြီးဆုံး ပုဂ္ဂိုလ်က Chef ပါပဲ
ကျနော်တို့ ဆိုင်ရှင်တွေက တခါတခါ Chef အတွက်
ပိုက်ဆံကုန်ခံရမှာကို သိပ်နှမြောတတ်တယ်
အကုန်အကျနည်းအောင် စျေးသက်သာတဲ့
Chef တွေကို လိုက်ရှာတတ်ကြတယ်
တကယ်က ကိုယ့်တဆိုင်လုံးရဲ့
အသက်သွေးကြောထဲက တစ်ခုကို ကိုင်မယ့်
သူဟာ လစာကောင်းကောင်း ပေးထားသင့်ပါတယ်
ဒါမှလည်း အရည်အချင်းပြည့်ဝတဲ့ စားဖိုမှူး သို့မဟုတ်
Kitchen Manager တစ်ယောက်ကို
ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်
Chef ကောင်းကောင်း ဘယ်လိုရှာမလဲ
ဒီအရည်အချင်းသုံးချက်နဲ့ ကိုက်ညီတဲ့ Chef ကိုရှာဖွေပါ
တစ် လက်ဆိပ်ရှိပြီး လက်ရာမှန်တဲ့သူ
နှစ် အလေအလွင့် ကို အနည်းဆုံးဖြစ်စေသူ
သုံး ဆိုင်ကို ကိုယ်ဆိုင်လို သဘောထားတဲ့သူမျိုးကိုရှာပါ
ဒါမျိုး ရှာရခက်မယ်လို့ထင်ပေမယ့် ဆိုင်ရှင်ဘက်က
တုန့်ပြန်မှုနဲ့လည်း အများကြီး သက်ဆိုင်နေတတ်ပါတယ်
ကျနော်က တော့ အမြဲ အစမ်းခန့်ကာလ သတ်မှတ်ပြီး
သာမာန်လစာရဲ့ သုံးပုံနှစ်ပုံပေးပြီး တစ်လအစမ်းခန့်လေ့
ရှိပါတယ်
တစ်လအတွင်း မှာ မျက်စိဒေါက်ကြည့်ပြီး
ကြိုက်ရင်အလုပ်ဆက်ခန့်ပြီး
မကြိုက်ရင်မကြိုက်ကြောင်း ပြောပြပြီး လမ်းခွဲပါတယ်
အရည် အချင်းကောင်းတဲ့ Chef တွေဟာ
ဥပမာ ဟင်းပွဲအသစ် သိူ့မဟုတ် Today Special လို
ဟာမျိုး အတွက် အမြဲစဉ်းစားနေတတ်တယ်
ဒါပေမယ့် ထုတ်လာတဲ့ဟင်းပွဲကလည်း
item အသစ်တွေဝယ်စရာမလိုပဲ ဆိုင်မှာ
လူစားနည်းနေတဲ့ အသားငါးကိုပဲ
အသစ်ဖြစ်အောင်ပြုပြင် ပြင်ဆင်ပြီး
အထူး ဟင်းလျာဖြစ်အောင်လုပ်ပေးတတ်တယ်
Menu ကို အမြဲ ပြောင်းလဲဖို့ စိတ်ကူးနေတယ်
ဘယ်ဟင်းပွဲက ရောင်းရတယ်
ဘယ်ဟင်းပွဲကတော့ မထွက်ဘူးဆိုတာကို
စနစ်တကျ ယူထားတတ်တယ်
စသည်ဖြင့် ကြည့်ရှုနိုင်ပါတယ်
Chef ပြီးရင် ဒုတိယက စျေးဝယ်တဲ့ source ပဲ
တတ်နိုင်သမျှ ရေခဲရိုက်အသားကိုရှောင်ပါ
ဆိုင်မှာလည်း အများကြီးစျေးပေါလို့ ဝယ်ပြီး
လှောင်ပြီး ခဲထားတာမျိုးကိုရှောင်ပါ
အသားကောင်းကောင်း
ဟင်းသီးဟင်းရွက် လှလှကောင်းကောင်းကို ရွေးသုံးပါ
တန်ရာတန်ကြေးကို ယူပါ
Quality ကောင်းတဲ့ ဟင်းတစ်ပွဲကို စားသုံးသူက
တကယ်ပေးပြီး စားတတ်ပါတယ်
စျေးပေါတိုင်းရောင်းအားတက်တာမဟုတ်ပါ
ကိုယ်ပေးတာနဲ့ စားရတာနဲ့တန်ရင် Customer က
လာတာပါပဲ
ဆိုတော့ ကိုယ်နဲ့ အတူ Grow Together ဖြစ်မယ့်
Chef ကိူရွာပါ
ပစ္စည်းကို စျေးပေါတာထက်တန်ပြီးကောင်းတဲ့
ပစ္စည်းမျိုးကို သုံးပါ
Quality မပြည့်မှီဘူးဆို မနှမြောနဲ့လွှင့်ပစ်ပါ
နံပါတ်နှစ် Menu Setup
ဒီနေရာမှာ လည်း Chef ကအရေးကြီးသလို
ကိုယ်တိုင်ဦးဆောင်နေတဲ့ဆိုင်ရှင်ကလည်း
သိပ်အရေးကြီးပါတယ်
ကိုယ့်ဆိုင်ရဲ့ trend ကိုကိုယ်သိရမယ်
ဥပမာ
တရုတ်အစားအစာဆိုပြီး မြန်မာထမင်းဟင်းတွေတွဲ
မရောင်းရဘူး တွဲချင်ယိုးဒယားစာမျိုး တွဲလို့ရတယ်
ချစ်တီးထမင်းဆိုင်ဆိုပြီး
သဘောင်္သီးထာင်းခေတ်စားလို့ဆိုပြီး
တွဲရောင်းလို့မရဘူး
Customer က ကိုယ့်ဆိုင်ရဲ့ specialize ဖြစ်တာကို
ခေါင်းထဲဆွဲနေဖို့လိုတယ်
ဆိုတော့ Menu Setup လုပ်တဲ့အခါ
ပထမဆုံးက ကိုယ်ဆိုင်ကဘာပုံစံသွားမလဲဆိုတာကို
ရွေးချယ်ရမယ်
ပြီးရင် ကိုယ့် Chef က
ဘာတွေတကယ်ကောင်းတာလဲဆိုတာကိုသိရမယ်
ဒါမှ အကောင်းဆုံးအရသာကို ပေးနိုင်မှာဖြစ်တယ်
ဒုတိယအနေနဲ့မှာ
Menu ဟာ ပြွတ်သိပ်ကြပ်ညပ်နေဖို့မလိုဘူး
Customer ကိုခေါင်းရှုပ်အောင်မလုပ်ရဘူး
မကောင်းလိုက်ကောင်းလိုက် ဟင်းပွဲတစ်ရာထက်
တကယ်ကောင်းတဲ့ ဟင်းဆယ်ပွဲပဲပါတဲ့ Menu က
ပိုပြီး effective ဖြစ်တယ်
ဒုတိယပိုင်း
Menu setup မှာ
အပိုင်းပိုင်းခွဲခြားထားရမယ်
ပုံမှန်စားသောက်ဆိုင်တစ်ခုရဲ့ Menu တွေကတော့
ဒီပုံစံလာတယ်
Breakfast
Appetizer
House Special
Main Course
Soup
Vegetables and salads
Drinks
Dessert
ဆိုပြီး အဆင့်ဆင့်သွားပေးရတယ်
Appetizer ဆိုတာက
အစာပြေ အမြည်း စာလေးတွေကိုခေါ်တာဖြစ်ပြီ
House special ကတော့
ကိုယ့်ဆိုင်ရဲ့ best seller item တွေကိုဆိုလိုတယ်
Menu setup မှာလျို့ဝှက်ချက်ကတော့
Customer ကို ခဏစောင့်နေရတုန်းမှာ
အဆင့်ဆင့် စားနိုင်အောင်စီစဉ်ပေးတာပါပဲ
ဟင်းပွဲကြီးတွေမှာထားတုန်းမှာ
Appetizer Menu တွေကို ရှေ့ထုတ်ပေးတာဟာ
စောင့်နေရင်း အစာပြေစားဖို့ပါ
အဲ့ဒီထဲမှာ ကိုယ်က item တစ်ခုကို
ရောင်းချင်တယ်ဆိုရင်
တခြား item အသစ်တစ်ခုကို ထုတ်ပြီး
စျေးခပ်မြင့်မြင့်တင်ထားပြီး ယှဉ်ပြထားရတယ်
ဒါမှ ကိုယ်ရောင်းချင်တဲ့ item ကို
ကိုယ်ရောင်းချင်တဲ့စျေးနဲ့ ရောင်းထွက်မှာဖြစ်တယ်
နောက်ပြီး menu ကစာအုပ်လိုမဟုတ်ပဲ
ကတ်ပြားလိုက်ကြီးဆိုရင်
ကတ်ပြားရဲ့ ညာဘက်အပေါ်ဆုံးဒေါင့်ကွက်ဟာ
လူကြည့်အများဆုံး အကွက်ဖြစ်တာကြောင့်
စျေးကြီးပြီး ကိုယ့်အတွက်လည်းကျန်မယ့်
ဟင်းပွဲမျိုးတွေက်ုဖော်ပြထားသင့်တယ်
ဘယ်ဘက်ထောင့် အောက်ဆုံးကွက်ဟာ
လူကြည့်အနည်းဆုံးဖြစ်တာကြောင့်
သိပ်အားမပါလှတဲ့
လက်ဘက်ရည်ကော်ဖီဆိုတာမျိုးကို ထားသင့်တယ်
တခြားပြောစရာတွေအများကြီးပါပဲ
အဲ့တော့
ဟင်းပွဲနည်းနည်းနဲ့ စနစ်တကျစီစဉ်ထားတဲ့
Menu ဟာ ပုံနေဘလပွနဲ့ လုပ်ထားတဲ့ Menuထက်
ပို effective ဖြစ်တယ်ဆိုတာသိကြရမယ်
ကိုယ့်chef ကို Menu ကို
သုံးလ သို့မဟုတ်ခြောက်လမှာ
တစ်ခါ Renew ပြန်လုပ်ဖို့ ပြောရမယ်
နောက်ဆုံး ပြောစရာအများဆုံး နဲ့ အကျယ်ဆုံး
အပိုင်းကတော့
Service ပဲ
စားပွဲထိုးတွေကို အရည်အချင်းပြည့်အောင်
အလုပ်ကိုလေးစားတတ်အောင် သင်ကြားပေးရမယ်
၁ Menu ကို သိရှိနားလည်အောင် သင်ပေးတာမျိုး
၂ ယူနီဖောင်းကို အကုန်အကျခံပြီး ကောင်းအောင်
ဆင်ပေးတာမျိုး
၃ Bonus ကို တစ်ဦးချင်းစီမယူစေပဲ မျှမျှတတခွဲဝေ
ပေးတာမျိုး
၄ နေ့စဉ် Briefings ပေးတာမျိုး လုပ်ကြရမယ်
Menu ထဲကအစားအသောက်တွေကို ချက်ပြီး
စားပွဲထိုးတွေကိုပါမြည်းခိုင်းပါ
ဒါမှ သူက Customer တွေကို
ပြန်ပြောပြတတ်မှာဖြစ်တယ်
ဘာလေးကတော့စားကောင်းတယ်
ဘယ်လိုလေးတွဲစားရင်လိုက်ဖက်တယ်ဆိုတာမျိုး
ပြောပြတတ်လာပါလိမ့်မယ်
Customer ကလည်း
အဲ့ဒီလိုဂရုစိုက်ခံရတာကိုကြိုက်ပါတယ်
ယူနီဖောင်း
အလုပ်တစ်ခု မှာ အဲ့အလုပ်ပေါ်ကို
ဂုဏ်ယူစေလောက်တဲ့ ယူနီဖောင်းဟာ
အမြဲလိုအပ်တယ်
စမတ်ကျကျ ချုပ်လုပ်ပေးထားတဲ့
ယူနီဖောင်းနဲ့စားပွဲထိုးဟာ ပေတီပေစုတ်မဝတ်ရဲဘူး
ကိုယ့်ဆိုင်လည်း ဂုဏ်မငယ်ဘူး
ထို့အတူ စားသုံးသူကိုယ်တိုင်လည်း
စိတ်သန့်တယ်လေ
နောက်တစ်ခုကတော့ Unity ပေါ့
အဲ့လိုစည်းလုံးတဲ့စိတ်ကလေးလည်းဖြစ်သွားစေတယ်
ဒါဟာ ဆိုင်ရဲ့ image တစ်ခုပဲ
Bonus
စားပွဲထိုးတွေအချင်းချင်းသွေးကွဲကြတာက
Tip ရတယ်မရဘူးကစတာပဲ
အဲ့ဒီကနေစားပွဲလုကိုင်တာ သူ့စားပွဲဆို
ငါကဝင်မကူဘူးဆိုပြီး
Team work ပ်က္စီးတာဟာ အဲ့ဒီကစတာပဲ
မန်နေဂျာကို သေချာပြောပြီး tip ကို Tip Jar တစ်ခု
လုပ်ထားပြီးစုထားပါ ပြီးလို့ လကုန်ရင်
အားလုံးအညီအမျှခွဲယူပါ
Briefing မှာလည်းထည့်ပြော ပါ
ဒီလိုလုပ်တာဟာ ညီညွတ်စေချင်လို့
ဒီ tip ဟာ
သူတစ်ယောက်တည်းကောင်းလို့မဟုတ်ဘူး
အားလုံး က ဘေးက ပံ့ပိုးလုပ်ကိုင်နေလို့
ရတာဖြစ်တယ်ဆိုတာနားလည်အောင်ပြောပါ
Team work မိမိချိတ်ဆက်နိုင်အောင်
ကိုယ်က တည့်မတ်ပေးပါ
Briefing
ဒါဟာ အရေးကြီးတဲ့ထဲပါပါတယ်
တစ်ချို့ကလည်း Briefing ဆိုတာ တန်းစီပြီး
ဆူရတယ်လို့ထင်တယ်
မဟုတ်ပါဘူး
Briefing ဆိုတာ တစ်ရက်စာ
အဆင်ပြေမှုမပြေမှုတွေကို ပြောဆ်ုတိုင်ပင်တာ
ချီးမွမ်းသင့်တာ ကိုချီးမွမ်းတာ
ဆုံးမသင့်တာကို နားဝင်အောင်ဆုံးမတာဖြစ်ပြီး
လုပ်ကိုလုပ်ရမယ့်အရာတွေကို
နေ့စဉ်နားဝင်အောင်ရိုက်သွင်းတာသာဖြစ်တယ်
Briefing ပေးတဲ့ဆိုင်နဲ့ မပေးတဲ့ဆိုင်ဟာ
အကျိူးသက်ရောက်မှုသိပ်ကွာတယ်
ပြီးတော့ ဒီအချိန်ဟာ စာပွဲထိုးအားလုံးနဲ့ ကိုယ်နဲ့ရဲ့
တစ်ခုတည်းသော မပျက်သင့်တဲ့ communication ပဲ
ပြီးတော့ အရေးအကြီးဆုံး က kitchen ရော
အရှေ့ service ရောကို သင့်လျော်သော Bonus
ခံစားခွင့်ကိုပြောပြထားပါ
ပြောပြရင်း တကယ်ထိရောက်ရင်လည်း
တကယ်ပေးပါ ဒါအရေးအကြီးဆုံးပါပဲ
ဝန်ထမ်းဟာဝန်ထမ်းဆိုပေမယ့်
ကိုယ်နဲ့ Grow together ဖြစ်အောင်ဆွဲဆောင်ပါ
ဒါကိုယ့်အရည်အချင်းပါပဲ
ပြောရင်တော့ အကျယ်ကြီးပါ ဒါပေမယ့်
ဒီအနှစ်ချုပ်အချက်ကလေးတွေ ပြင်ဆင်နိုင်မယ်ဆို
သင့်ဆိုင်ဟာ ရောင်းအားသိသိသာသာ
တက်လာပါလိမ့်မယ်
စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
ဆိုင်ပိုင်ရှင်များ ဒီထက်ရောင်းအားတက်ပြီး
အောင်မြင်ကြပါစေ
20/10/2023
ဒဲ့ပြောဟျောင့် 😎😂
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yamonna Road
Dawbon