Disciples Bible Seminary

Disciples Bible Seminary

Share

29/05/2026

🌳သမ္မာတရား၌ အမြစ်တွယ်သော အသက်တာ 🌳

"သင်တို့သည် သမ္မာတရားကိုသိကြသဖြင့်၊ ထိုသမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။" (ယောဟန် ၈:၃၂)

🔺ခရစ်ယာန် အသက်တာတွင် သမ္မာတရားကို မိမိကိုယ်တိုင် မှန်ကန်စွာ သိရှိနားလည်ခြင်းသည် အရေးကြီးဆုံးသော အခြေခံအုတ်မြစ် ဖြစ်သည်။💯💯
🟩 မှန်ကန်သော ဝိညာဉ်ရေးရာ အစာအာဟာရနှင့် သွန်သင်ခြင်း၊သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းပြသွန်သင်ပို့ဆောင်ခြင်း မရှိသောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းခရီးလမ်းသည် လမ်းလွဲတိမ်းစောင်းသွားတတ်ပါသည်။🖤🖤⛔

ထို့ကြောင့် နှုတ်ကပတ်တော် သမ္မာတရားကို စနစ်တကျနှင့် အသေအချာ သွန်သင်လမ်းညွှန်ပေးနေသည့် DBS (Disciples Bible Seminary)သို့ တက်ရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။ 💚💚

DBS တွင် သင်ဘာတွေ ရရှိမလဲ။
📖 "စနစ်ကျသော သမ္မာကျမ်းစာ လေ့လာခြင်း" နှုတ်ကပတ်တော်ကို အကောက်အလွဲမရှိ၊ အမှန်ကန်ဆုံး သွန်သင်ပေးခြင်း။
👣 "လက်တွေ့ကျသော သာသနာ အတွေ့အကြုံ" ဘုရားသခင်၏ နိုင်ငံတော်နှင့် အမှုတော်မြတ်၌ ပါဝင်ဆက်ကပ်လိုသူများအတွက် သာသနာလယ်ကွင်းပြင်များသို့ ကိုယ်တိုင်ဆင်းကာ ထိတွေ့လုပ်ဆောင်နိုင်မည့် အခွင့်အရေး။
🫆 "ခေါင်းဆောင်မှုနှင့် အစေခံခြင်း"
နှလုံးသားနှင့် အစစ်အမှန် အစေခံတတ်သော ဘုရားသခင်၏ လူစစ်ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း။

👥👥ဘုရားသခင်၏ ခေါ်ခြင်းကို ခံရသူများ၊ နှုတ်ကပတ်တော်၌ မွတ်သိပ်သူများနှင့် အမှုတော်မြတ်တွင် ထိရောက်စွာ အစေခံလိုသူ မည်သူမဆိုအတွက် DBS ကျမ်းစာကျောင်းက အသင့်ရှိနေပါသည်။ 💒

Photos from Disciples Bible Seminary's post 10/04/2026

📌 တပည့်တော်ကျမ်းစာကျောင်း 🔥

👍အ‌ရောက်လှမ်းခဲ့ သမ္မာတရားရှိရာ💪

🫰 သမ္မာတရားရ၍ ခရစ်တော်၏ နောက်လိုက်ဖြစ်လိုပါက
"တပည့်တော်ကျမ်းစာကျောင်း"သို့ အရောက်လှမ်းခဲ့ပါ။

📌 ၂၀၂၆ ခုနှစ် ဓမ္မပညာသင်နှစ်ကို
လာမည့် မေလ (၁၁) ရက်‌နေ့တွင်
စတင်ဖွင့်လှစ်မည်ဖြစ်သည်။

🧑‍🦱 ကျောင်းသူ/သားဟောင်းများ
ကျောင်းသား/သူသစ်များ ကျောင်းသို့
မေလ ၈ ရက်နေ့ နောက်ဆုံးထား၍
ရောက်ရှိရမည်ဖြစ်သည်။

👉 သတ်မှတ်အရည်အချင်း
အမှန်တကယ် အမှုတော်အတွက် ဆက်ကပ်လိုသူ၊
နှုတ်ကပတ်တော်ကို မြတ်နိုးလေ့လာဆည်းပူးလိုသူ၊
အထက်တန်းအဆင့်ရှိသူ/ပြီးမြောက်သူ၊
ကယ်တင်ခြင်းစိတ်ချမှုရပြီးသူဖြစ်ရပါမည်။

👉လိုအပ်ချက်
ရပ်ကွက်ထောက်ခံစာ၊
မှတ်ပုံတင်၊
သင်းအုပ်ထောက်ခံချက်၊
တကိုယ်ရေသုံးပစ္စည်းများ၊

👉အခွင့်အရေး
အမှန်တကယ် အမှု‌တော်ကို စိတ်ဝင်စားပြီး
ကြိုးစားသင်ယူလိုသူဖြစ်ပါက ကျောင်းမှထောက်ပံ့ငွေ
လျှောက်ထားနိုင်သည်။ ကျောင်းကော်မတီ၏
ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်မည်။

📱ဆက်သွယ်ရန်
ဆရာမညိုညိုဝင်း - 09799549756
ဆရာဂျုံဇီ - 09788394470

မှတ်ချက် ။ ။ လူငယ် ထိန်းသိမ်းရေးစခန်း၊ ဆေးဖြတ်နေရာမဟုတ်ပါ။

Photos from Disciples Bible Seminary's post 17/01/2026

Congratulations 🎉 🎉
💕🫰to All Graduates🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓

18th Graduation Ceremony
17 January 2026
Josiah Hall - DBS
The Living Water Christian Centre
Partnership with Westlake Church Laussane

Heartfelt Thanks go to all friends and special guests.

All Praises to our Father God who brought us and sustained us till this day.

.
Photo by Lydia Noon

01/11/2025

✍️ တစ်စုံတစ်ရာတော့ ဖြစ်စေပါတယ်။

“ဆရာ၊ တပည့် စာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများစုကို မေ့သွားပြီ။ ဒါဆိုရင် စာဖတ်ခြင်းရဲ့ အဓိပ္ပာယ်က ဘာများလဲဗျာ။”

စူးစမ်းချင်စိတ် ပြင်းပြတဲ့ တပည့်တစ်ယောက်က သူ့ရဲ့ ဆရာသမားကို မေးလိုက်တဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာကတော့ ပြန်မဖြေဘဲ ဆိတ်ဆိတ်ငြိမ်သက်စွာပဲ သူ့ကို ကြည့်နေခဲ့ပါတယ်။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ဦးဟာ မြစ်ကမ်းနားမှာ ထိုင်နေကြတုန်း ရုတ်တရက် သက်ကြီးရွယ်အို ဆရာက ပြောလိုက်ပါတယ်။

“ငါ ရေငတ်နေတယ်။ ငါ့ကို ရေလေး ယူလာပေးပါကွယ်… ဒါပေမဲ့ အဲဒီ မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့ ဆန်ခါအဟောင်းကို သုံးပြီး ယူခဲ့ပါ”

တပည့်ဟာ နားမလည်နိုင်တဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှု ဖြစ်နေတာကိုး။ အပေါက်တွေ ပြည့်နေတဲ့ ဆန်ခါနဲ့ ဘယ်သူကများ ရေကို ယူလာနိုင်မှာလဲ။

ဒါပေမဲ့ သူကတော့ ငြင်းဆိုရဲခြင်း မရှိခဲ့ပါဘူး။
သူဟာ ဆန်ခါကို ကောက်ယူပြီး ကြိုးစားခဲ့ပါတယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ ထပ်ခါထပ်ခါ...

သူဟာ ပိုပြီး မြန်မြန်ပြေး၊ ဆန်ခါကို ထောင့်ချိုး အမျိုးမျိုးနဲ့ ကိုင်၊ အပေါက်တွေကို လက်ချောင်းတွေနဲ့ ပိတ်ပြီးတောင် ကြိုးစားခဲ့ပါတယ်။ ဘာမှ အဆင်မပြေခဲ့ပါဘူး။ ရေတစ်စက်လေးတောင်မှ သူ မထိန်းထားနိုင်ခဲ့ပါဘူး။

ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်အားလျော့စွာနဲ့ သူဟာ ဆန်ခါကို ဆရာ့ခြေရင်းမှာ ချလိုက်ပြီး ပြောလိုက်ပါတယ်။
“တောင်းပန်ပါတယ် ဆရာ။ တပည့် မအောင်မြင်ပါဘူး။ မဖြစ်နိုင်ပါဘူးခင်ဗျာ။”

ဆရာက သူ့ကို ကြင်နာစွာ ကြည့်ပြီး ပြောလိုက်ပါတယ်။
“မင်း မရှုံးနိမ့်ပါဘူးကွယ်။ အဲဒီ ဆန်ခါကို ကြည့်လိုက်ပါဦး။”

တပည့်ဟာ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ တစ်ခုခုကို သတိထားမိလိုက်ပါတယ်။

ဟောင်းနွမ်းပြီး မည်းမှောင်နေတဲ့၊ ညစ်ပတ်နေတဲ့ ဆန်ခါဟာ အခုဆိုရင် တောက်ပြောင်သန့်ရှင်းနေပါပြီ။ ရေဟာ ဆန်ခါမှာ ဘယ်တော့မှ မကျန်ရှိခဲ့ပေမယ့် ဆန်ခါဟာ တောက်ပလာတဲ့အထိ အကြိမ်ကြိမ် ဆေးကြောပေးခဲ့ပြီးသား ဖြစ်နေပါတယ်။
ဆရာက ဆက်ပြောပါတယ်။

“အဲဒါက စာဖတ်ခြင်းရဲ့ သဘောတရားပဲကွယ်။ အသေးစိတ် အချက်အလက်တိုင်းကို မင်း မမှတ်မိဘူးဆိုရင်လည်း အရေးမကြီးပါဘူး။ အသိပညာတွေဟာ ဆန်ခါကနေ ရေတွေ စီးကျသွားသလိုပဲ လွတ်ထွက်သွားတယ်လို့ ထင်ရပေမယ့်လည်း အရေးမကြီးပါဘူး… ဘာဖြစ်လို့လဲဆိုတော့ မင်း ဖတ်နေတဲ့ အချိန်မှာ မင်းရဲ့ စိတ်ဟာ လန်းဆန်းနေတယ်။ မင်းရဲ့ စိတ်ဓာတ်ဟာ အသစ်တဖန် ဖြစ်ပေါ်နေတယ်။
မင်းရဲ့ စိတ်ကူးစိတ်သန်းတွေဟာ အောက်ဆီဂျင် ရရှိနေတယ်။ မင်း ချက်ချင်း သတိမထားမိရင်တောင်မှ မင်းဟာ အတွင်းထဲကနေ ပြောင်းလဲတိုးတက်နေတာ ဖြစ်လို့ပဲကွယ်။”

ဒါဟာ စာဖတ်ခြင်းရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
မင်းရဲ့ မှတ်ဉာဏ်ကို ဖြည့်ဖို့ မဟုတ်ဘဲ…
မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ကြွယ်ဝစေဖို့ပဲ ဖြစ်ပါတယ်။

(မူရင်းရေးသားသူကို ဂါရဝပြုပါသည်)
Credit

ယောရှုမှတ်စာ။ 1 (MYJ)
¯¯¯¯¯¯¯¯¯¯
⁸ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။
⁹ သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။

ကျမ်းစာကို ပိုဖတ်ဖြစ်ကြပါစေ။

Want your place of worship to be the top-listed Place Of Worship in Dagon?
Click here to claim your Sponsored Listing.

Telephone

Address


421-422, Shwe Oak Aw Street, 104 Ward, S/Dagon, Yangon
Dagon