SN's Sharing
ရည်မှန်းချက်ခြင်းတူရင် ထလုပ်တဲ့သူက သာတယ်
ထလုပ်တာခြင်းတူရင် ကြိုးစားတဲ့သူက သာတယ်
ကြိုးစားတာခြင်းတူရင် ပညာရှိတဲ့သူက သာတယ်
ပညာရှိတာခြင်းတူရင် မိတ်ဆွေကောင်းရှိတဲ့သူက သာတယ်
မိတ်ဆွေကောင်းရှိတာခြင်းတူရင် စိတ်ထားကောင်းသူကသာတယ်
စိတ်ထားကောင်းတာခြင်းတူရင် ငွေရှိတဲ့သူက သာတယ်။
✍️sn'sdiaries
ယောကျာ်းလေးတစ်ယောက်မှာ ဆွဲဆောင်မှုအရှိဆုံး အချက်ကဘာလဲ ဆိုတာ?
ကိုယ့်စည်းမျဉ်းအတိုင်း ကိုယ်နေထိုင်နိုင်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ အချက်ပဲ . . .
သိဖို့ 😌 #အောင်သင်း #အမှိုက်ဆိုတာမရှိဘူး
31/12/2023
တစ်နေ့တစ်နေ့ အတွေးပေါင်းများစွာနဲ့ နိုးထဖြတ်သန်းနေရတဲ့ကြားထဲမှာ Social Media သုံးနေရင်း ဒီလိုလူတွေရှိနေလို့ စိတ်အနှောင့်ယှက်ဖြစ်ရသလို အချိန်တွေလဲ ပေါက်ကရတွေနဲ့ တိုက်စားခံရတယ်။
သူတို့ကိုတော့ပတ်ဝန်းကျင်ကို အဆိပ်ခပ်သူတွေလို့ ခေါင်းစဉ်တပ်လိုက်တာပါ
😏Social Media သုံးနေရင်း ပေါက်ကရ အဆီအနှစ်မရှိ ဆယ်လီအမည်တပ် ဗျူးနေတဲ့မီဒီယာတွေ
😏အတန်းရှင်းဖြစ်အောင်လုပ်ပြီး ကိုယ်ကျိုးအသုံးချ အမြတ်ထုတ်နေသူတွေ
😏ငါတစ်ယောက်ထဲတော့ဒုက္ခမခံနိုင်ဘူးဆိုပြီး ပေါက်ကရအဆီနှစ်မရှိ Post တွေကိုထိုင်ရေး ထိုင် share နေတဲ့သူတွေ
😏မျက်စိနောက်လောက်အောင် ထိုင်ကြွား ထိုင်ဖီးလ် ထိုင်ဝမ်းနည်းနေသူတွေ
😏ကိုယ့် NF ထဲမှာ ပေါက်ကရတွေ နေရာမယူအောင်ထားထားပါလျှက် Fri List ထဲက ပွဲကြိုက်ခင်တွေရဲ့ပွဲပေါင်းများစွာတွေ
👉ကိုယ့်ဘာကိုယ်အမှိုက်တွေ ခေါင်းထဲထည့်ရုံမက တခြားသူတွေထံပါ အမှိုက်သရိုက်တွေလိုက်ဖြန့်ဝေနေတဲ့ Page တွေ Profile တွေကို ကျွန်တော်ကတော့ New Year မှာ Unlike or Unfollow လုပ်ပစ်မှာပဲဖြစ်ပါတယ်။
ကျွန်တော့်အတွက် အကျိုးမရှိတဲ့အရာမှန်သမျှကို ရှင်းထုတ်ပစ်မှာဖြစ်လို့ . . . .
အားလုံးပဲ Happy New Year ပါနော် . . .
Click here to claim your Sponsored Listing.
Category
Website
Address
Dagon