MSP . Online Market
12/03/2020
ကျောက်ကပ်အတွက် ကမ္ဘာကျော်တဲ့"ဆေး"
**************************************
တရုတ်ပြည်က အသည်းအသန်ဝယ်ယူနေတဲ့
"ကဒက်ဥ" ဟာ ကျောက်ကပ်ရောဂါမျိုးစုံကို
၁၀၀% ပျောက်ကင်းစေကြောင်း သိရပါတယ်။
(ကျောက်ကပ်ကင်ဆာပျောက်သူများလည်းရှိပါကြောင်း)
ရုက္ခအမည်အားဖြင့်
Dioscorea wallichi လို့ခေါ်ပြီး
တရုတ်ဆေးသုတေသနသိပ္ပံဖြစ်တဲ့
Shenyang Medical College ကတော့
Chinese yam လို့ခေါ်ပါတယ်။
တရုတ်နိုင်ငံဟာ "ကဒက်ဥ" ကို အမှုန့်ပြုလုပ်ပြီး
Capsule တောင့်အဖြစ် ဆေးဝါးထုတ်လုပ်ကာ
ကမ္ဘာဖြန့်ရောင်းချနေတာ ကြာပါပြီတဲ့။
ကဒက်ဥကို ဒေသအလိုက်
အခေါ်အဝေါ်ပြောင်းလဲပါသေးတယ်။
ဝေဒနာရှင်တွေအတွက်
ဟင်းချိုချက်သောက်ရပါတယ်။
သုံးလဆက်တိုက် သောက်ပေးစားပေးရမှာပါ။
မိုးရာသီမှာသာ ရနိုင်တဲ့အတွက်
ပါးပါးလှီး၍ဖြစ်စေ ကမြှောင်းလိုက်စိပ်၍ဖြစ်စေ
အခြောက်လှန်းပြီး သိုလှောင်ထားရမှာပါ။
(ရင့်လေကောင်းလေ)
ကျိုက်ထီးရိုးဈေးတန်းတွေမှာတော့
အခြောက်လှန်းပြီးသားတွေ ရနိုင်ပြီး
မီးကင်စား မီးဖုတ်စား သုပ်စား ကြော်စားနိုင်ပါတယ်။
ကဒက်ဥကိုဟင်းချိုချက် ပင်စိမ်းရွက်ခတ်ပြီး
ငပိထောင်းစပ်စပ်နဲ့စားလိုက်ရင်တော့ ..
အလွန်ထမင်းမြိန်တဲ့ အစားအစာလည်းဖြစ်ပါတယ်။
အခုလက်ရှိ စမ်းသပ်မှုတွေအရ
ကျောက်ကပ်ရောဂါအပြင်
အခြားပျောက်ကင်းနိုင်တဲ့ရောဂါ (၂၅-မျိုး)ကိုလည်း
တွေ့ရှိထားပါတယ်။
11/03/2020
#လိင်အင်္ဂါကြီးထွားဖွံ့ဖြိုးရန်_စားသောက်သင့်သည့်အစာများ
===========
၁။ဆိတ်ရိုး
(ခြင်ဆီကိုတိုးပွားစေ၍ သုတ်ခမ်းသုတ်ကျဲရောဂါကို ပျောက်ကင်းစေသည်။)
၂။ ဆိတ်လိင်ဥ
(လူလိင်ဥ၏ လုပ်ဆောင်နိုင်စွမ်းအားကိုတိုးမြင့်စေ၍ အထွေထွေသောကာမကိစ္စတို့ကို အကျိုးပြုသည်)
၃။ စာကလေး
(သုတ်လွှတ်မြန်ခြင်းကိုပျောက်ကင်းစေသည်)
၎။ ခိုသား
(သုတ်အားမကြာခဏ ပြန်လည်ပြည့်စေသည်)
၅။ ဦးဏှောက်အမျိုးမျိုး
(လူကိုဝဖြိုးစေသည်။ သုတ်နှင့်နို့ကိုပွားစေသည်)
၆။ ဂျူးမြစ်
(လိင်တံအကြောများကိုသန်မာစေသည်။ သုတ်လွှတ်မြန်ခြင်း အိပ်မက်၌ယောင်၍သုတ်ထွက်ခြင်း ရောဂါများကို ပျောက်ကင်းစေသည်)
၇။ ကြွက်နားပေါင်းရွက်
(နှုတ်ကိုမြိန်စေသည်။ သုတ်ကိုအလွန်ပွားစေသည်။ သုတ်ရည်တစ်စက်စက်ကျဆင်းသောရောဂါ သုတ်လွှတ်မြန်ရောဂါများကို ပျောက်ကင်းစေသည်။)
၈။ ကညွတ်
(သုတ်ကိုပွားစေသည်။ လိင်တန်အကြောများကို သန်မာစေသည်။ ကာမအားကိုဖြစ်စေသည်)
၉။ ကျွဲခေါင်းသီး
(သုတ်ကိုအလွန်ပျစ်နှစ်စေသည်။ သုတ်အားမကြာခဏပြန်ပြည့်သည်)
၁၀။ ဝက်မြေစာဥ
(သုတ်ကိုအလွန်ပျစ်နှစ်စေသည်။ သုတ်အားမကြာခဏပြန်ပြည့်သည်)
၁၁။ဒိန်ချဉ်
(သုတ်ကိုပွားစေသည်။ ကုန်ခမ်းသွားသောကာမအားကို အလျင်အမြန်ဖြည့်တင်းပေးသည်။)
၁၂။ကြစုသီး
(အာယုဝဍ္ဎန အသက်ရှည်ဆေးဘက်ဝင်ဖြစ်သည်)
၁၃။ ပဲစဉ်းငုံ
(ကာမလွန်ကဲ၍ဖြစ်သော ပင်ပန်းခြင်းကိုပျောက်စေသည်)
၁၄။ စွံပလွန်သီး
(ကာမဆန္ဒအားကိုတိုးပွားစေသည်။ အချိန်ကြာမြင့်စွာ လိင်ဆက်ဆံနိုင်စွမ်း ရှိလာစေသည်။)
၁၅။ သီဟိုစေ့
(စားသောက်ပြီး ၂နာရီအကြာတွင် သုတ်အားတိုးလာစေသည်။ သုတ်ပျစ်နှစ်စေသည်။)
၁၆။ ဗာဒံစေ့
(စားသောက်ပြီး ၂နာရီအကြာတွင် သုတ်အားတိုးလာစေသည်။ သုတ်ပျစ်နှစ်စေသည်။)
၁၇။ ဖီးကြမ်းငှက်ပျော
(အမှည့်ပျော်ပျော်ကို ပျားရည်နှင့်စားပါက ပန်းသေပန်းညိုးရောဂါပျောက်ကင်းသည်။)
၁၈။ ရုံးပတီသီး
(လိင်တန်ပျော့ခွေခြင်းကို ပျောက်ကင်းစေသည်)
၁၉။ ရွှေကစွန်းဥ
(သုတ်နှင့်နို့ကိုပွားစေသည်။ ကိုယ်ဝန်ကိုတည်မြဲစေသည်)
၂၀။ မြင်းခွာရွက်
(ကာမလွန်ကဲမှုကြောင့်ဖြစ်သော ညောင်းညာကိုက်ခဲခြင်းကို ပျောက်ကင်းစေသည်)
၂၁။ ငါးရံ့ပတူရွက်
(ကာမလွန်၍ဖြစ်သော ကိုယ်လက်ပမ်းခြင်း ချည့်နဲ့ခြင်းကို ပျောက်ကင်းစေသည်)
၂၂။ စပ်စ်သီး
(ကာမလွန်၍ဖြစ်သော မောဟိုက်မူးဝေခြင်း နှလုံးတုန်မောပမ်းခြင်းကို ပျောက်ကင်းစေသည်)
၂၃။ တရုတ်စကားပွင့်အနီ
(ကာမလွန်ကဲ၍ဖြစ်သော ကိုယ်လက်ကိုက်ခဲခြင်း မူးဝေခြင်းများကို ပျောက်စေသည်)
၂၄။ ကြက်သွန်ဖြူဥ
(ကာမဆက်ဆံလိုသောဆန္ဒကို မကြာခဏဖြစ်စေသည်။ အိန္ဒိယ၌ ဆာဒူးယောဂီများသည် သမထကျင့်နေစဉ် ကာမဆန္ဓမဖြစ်စေရန်အတွက် ကြက်သွန်ဖြူကိုရှောင်ကျဉ်ရသည်)
၂၅။ ကြိတ်မှန်ရွက်
(အမျိုးသမီးများအတွက် အကောင်းဆုံးသွေးသား သန့်စင်ဆေးဖြစ်သည်။ မီယပ်ရောဂါအမျိုးမျိုး၊ အသားအရေ ညိုညစ်ခြင်း ကြမ်းတမ်းခြင်း၊ ဓမ္မတာထိန်ခြင်း ချုပ်ခြင်း ကျန်ခြင်း လွန်ခြင်း မမှန်ခြင်း၊ ဆင်ဝက်ခြံများ တင်းတိတ်များ အမည်းစက်များ အသားသီးများထွက်ခြင်း၊ မျက်ကွင်းညိုခြင်း မျက်တောင်ကျွတ်ခြင်း နှုတ်ခမ်းပြာခြင်း ဆံပင်ကျွတ်ခြင်း၊ ကိုယ်ဝန်အဆိပ်တက်ခြင်း၊ ကိုယ်ဝန်မရခြင်း မြုံခြင်း၊ အစရှိသော အမျိုးသမီးကိစ္စအဝဝတို့အတွက် အလွန်အစွမ်းထက်သော အပင်ဖြစ်ပါသည်။)
10/03/2020
🏺🏺 ခါးနာသက်သာစေရန်အတွက် အိမ်တွင်ပြုလုပ်နိုင်သောလေ့ကျင့်ခန်း (၆)မျိုး (အကြောလျော့နည်း)🏺🏺
၁) Kneeling Lunge Stretch
ပုံတွင်ပြထားသည့်အတိုင်းခါးကိုတည့်မတ်စွာထား၍ ရှေ့ဒူးကို ၉၀ဒီဂရီကွေးပါ။ နောက်ဒူးကိုကြမ်းပြင်နှင့်ထိသည်အထိကွေးချပါ။ ၅ စက္ကန့်ထိန်းထား၍ မတ်တပ်ရပ်အနေအထားသို့ပြန်ရပ်ပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
ထိုနည်းအတိုင်းခြေထောက်ပြောင်း၍ ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
၂) Back Flexion Stretch
မပျော့လွန်း မမာလွန်းသောအိပ်ယာပေါ်တွင်ပက်လက်အနေအထားလှဲနေပါ။ ဒူးနှစ်ဖက်ကိုကွေး၍ မိမိ၏လက်နှစ်ဘက်ဖြင့်မိမိရင်ဘတ်အနီးသို့ဆွဲနိုင်သမျှဆွဲပါ။ ဒူးကွေးသည်နှင့်တပြိုင်နက်မိမိဦးခေါင်းကိုလည်းဒူးအနီးသို့ မတင်ပါ။ ၅ စက္ကန့်ခန့်ထိန်းထား၍ မူလအနေအထားအတိုင်းပြန်နေပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
၃)Piriformis Muscle Stretch
ပုံတွင်ပြထားသည့်အတိုင်း ပက်လက်အနေအထားဖြင့် ညာဒူး၏ရှေ့တွင်ဘယ်ဒူးကိုယှက်ထားပါ။ ထိုညာဒူးကိုမိမိခန္ဓာကိုယ်အနီးသို့ဆွဲနိုင်သမျှဆွဲ၍ ၅ စက္ကန့်ထိန်းထားပြီး ပြန်ဖြေလျှော့ပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
ထိုနည်းတူစွာ ဘယ်ဒူးရှေ့တွင် ညာဒူးယှက်၍ ၁၀ ကြိမ်ပြုလုပ်ပါ။
၎) Chair Hamstring Stretch
ပုံတွင်ပြထားသည့်အတိုင်း ထိုင်ခုံ (သို့) ခုတင်စွန်းတွင်ထိုင်ပါ။ မိမိ၏ရှေ့တွင် အနိမ့်အမြင့်တူညီသောခုံတခုထားပါ။ ညာခြေထောက်ကိုမိမိရှေ့ရှိခုံပေါ်သို့ဆန်တန်းထားပြီးမိမိခန္ဓကိုယ်ကိုရှေ့သို့ညွှတ်ချပါ။ ၅ စက္ကန့်ထိန်းထား၍ ပြန်ဖြေလျှော့ပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
ထိုနည်းတူစွာ ဘယ်ခြေထောက်ကိုလည်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
၅) Lateral Flexion Stretch
ပုံတွင်ပြထားသည့်အတိုင်း မတ်တပ်ရပ်အနေအထားဖြင့် ညာဘက်လက်ကိုမြှောက်ထားပါ။ မိမိခန္ဓာကိုယ်ဘယ်ဘက်ခြမ်းသို့ကိုင်းညွှတ်ပါ။ ၅ စက္ကန့်ထိန်းထား၎င်း မူလအနေအထားအတိုင်းပြန်ဖြေလျှော့ပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်လုပ်ပါ။
ထိုနည်းတူစွာ မိမိဘယ်ဘက်လက်ကိုမြှောက်၍ ခန္ဓာကိုယ်ညာဘက်ခြမ်းသို့ကိုင်းညွှတ်ပြီး ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
၆) Towel Hamstring Stretch
ပက်လက်အနေအထားဖြင့် ဒူးတဖက်ကွေးထားပါ။ ကျန်ဒူးတဖက်ကို မိမိခန္ဓာကိုယ်နှင့် ၉၀ ဒီဂရီဆန့်တန်း၍ သဘက်တခုအသုံးပြုကာ မိမိခြေဖဝါးကို ခန္ဓာကိုယ်ဘက်သို့ ခြေသလုံးတလျှောက်တင်းလာသည်အထိ ဆွဲချပါ။ ၅ စက္ကန့်ခန့်ထိန်းထား၍ ပြန်ဖြေလျှော့ပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
ထိုနည်းတူစွာ အခြားခြေထောက်တဘက်ကိုလည်း ၁၀ ကြိမ်ခန့်ပြုလုပ်ပါ။
📌📌ဆေးဝိဇ္ဇာ အာရုံကြောဆေးကို အစာစားပြီး ၅ပြား တနေ့၃ကြိမ်သောက်ပြီး တြိဝိဇ္ဇာစည်းဆေး ကို ပတ္တီးမှာသုတ်ပြီး ကပ်ပေးပါ📌📌
06/03/2020
♥နံနက် အိပ်ယာထတဲ့ အချိန်တိုင်း ရေနှစ်ခွက် သောက်ခြင်းဖြင့် ဝမ်းမှန်မှန်သွားပါမည်♥
➖➖➖➖➖➖➖➖
နံနက် ၅ နာရီမှ ၇ နာရီတွင် အူမကြီး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်အတွင်း အိပ်ရာထကာ ရေနှစ်ခွက် အ၀သောက်ပြီး ၀မ်းမှန်မှန် သွားသင့်သည်။ ထိုသို့မဟုတ်ပါက အူမကြီးညှစ်အား နည်းနေ၍ ဖြစ်ပြီး အမျှင်ရှိသော အစားအစာ များများစားပေးပါ။
နံနက် ၇ နာရီမှ ၉ နာရီအတွင်း အစာအိမ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထိုအချိန်တွင် နံနက်ခင်းစာ (Breakfast) အ၀ စားသင့်သည်။
နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နှလုံး (Heart) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ထမင်းစားပြီး ခဏတဖြုတ် အနားယူသင့်သည်။
ညနေ ၁ နာရီမှ ၃ နာရီအတွင်း အူသိမ်မှ အလုပ်လုပ်ချိန် ဖြစ်ကာ အလေးအပင်များ မ,ခြင်းမှ ဆင်ခြင်ရန် အထူးလိုအပ်သည်။
ညနေ ၃ နာရီမှ ၅ နာရီတွင် ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှ စ,ပြီး ရေများများ သောက်ရန် လိုအပ်သည်။
ညနေ ၅ နာရီမှ ၇ နာရီသည် ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ ကျောက်ကပ်ပျက်စီးလွယ်သည်။
ည ၇ နာရီမှ ၉ နာရီတွင် နှလုံးအမြှေးပါး အလုပ်လုပ်ချိန် ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့် Entertainment များ၊ ရယ်မောဖွယ် ဟာသများ စသဖြင့် ကြည့်ရှုခံစား သင့်သည်။
ည ၉ နာရီမှ ၁၁ နာရီသည် ခန္ဓာကိုယ်၏ အပိုင်းကြီး ၃ ပိုင်း (ဦးခေါင်း၊ ကိုယ်ပိုင်း၊ ခြေထောက်ပိုင်း) များကို နှီးနှောဖလှယ်ချိန် ဖြစ်သည်။
ည ၁၁ နာရီမှ ၃ နာရီသည် အသည်း (Liver) အလုပ်လုပ်ချိန် ဖြစ်သောကြောင့် ၁၁ နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ။ သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။
ထို့ပြင် ၁၁ နာရီမှ ၁ နာရီတွင် သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃ နာရီမှ ၅ နာရီထိသည် အဆုတ်မှ အလုပ်လုပ်ချိန် ဖြစ်သောကြောင့် မနက် ၅ နာရီအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သင့်သည်။
သင့်မိတ်ဆွေများကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Dagon
11191