Paws Pals

Paws Pals

Share

09/04/2024

ဆေးမထိုးခင်ထဲက အော်ဒါတင်ထားခဲ့တဲ့ မမဆီကို ကလေလးလေးနှစ်ကောင်ပို့ပေးခဲ့ပါပြီ 💕
မိသားစုအသစ်လးမှာအများကြီး အချစ်ခံရပြီး ပပျာ်ရွှင်ပါေစ ကေလးတုိ့ေရ 💕

Photos from Paws Pals's post 09/04/2024

ချစ်စရာလည်းကောင်း
လုံခြုံရေးအတွက်လည်း စိတ်ချရတဲ့
မျိုးရိုးကောင်း Jack Russell လေးတွေရဲ့
ဖေဖေမေမေ ဖြစ်ချင်သူတွေရှိလားဝေ့ 🥰

Terrier မျိုးစိတ်ကိုမှ ဥာဏ်ကောင်းပြီး
စွမ်းရည်မြင့်တဲ့အပြင် JRT Long Hair လေးတွေဆိုတော့
ကြီးလေလှလေဖြစ်ဖို့ အာမခံတယ်နော် 🐶🐶

သန်ချပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသား
ကျန်းမာရေးကောင်းတဲ့ ၄၅ရက်သား
သားသားမီးမီးလေးတွေပါ 🥰

Price- တစ်ကောင် ၂သိန်း ကျပ်

အာဝုလေးတွေအကြောင်းအသေးစိတ်သိရှိလိုပါက
Page Messenger (သို့မဟုတ်)
☎️ 09-758246819 ,
☎️ 09-766191323 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

Photos from Paws Pals's post 27/03/2024

ချစ်စရာလည်းကောင်း
လုံခြုံရေးအတွက်လည်း စိတ်ချရတဲ့
မျိုးရိုးကောင်း Jet Russell လေးတွေရဲ့
ဖေဖေမေမေ ဖြစ်ချင်သူတွေရှိလားဝေ့ 🥰

Terrier မျိုးစိတ်ကိုမှ ဥာဏ်ကောင်းပြီး
စွမ်းရည်မြင့်တဲ့အပြင် JRT Long Hair လေးတွေဆိုတော့
ကြီးလေလှလေဖြစ်ဖို့ အာမခံတယ်နော် 🐶🐶

သန်ချပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသား
ကျန်းမာရေးကောင်းတဲ့ ၄၅ရက်သား
သားသားမီးမီးလေးတွေပါ 🥰

Price- တစ်ကောင် ၂သိန်း ကျပ်

အာဝုလေးတွေအကြောင်းအသေးစိတ်သိရှိလိုပါက
Page Messenger (သို့မဟုတ်)
☎️ 09-758246819 ,
☎️ 09-766191323 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

16/03/2024

ခွေးလေးတွေကိုမကျွေးသင့်တဲ့အစားအစာများ

လူတို့စားတဲ့နေ့စဉ် စားနေတဲ့အစားအသောက်တိုင်းဟာခွေးလေးတွေနဲ့မတည့်ပါဘူး တချို့အစားအစာတွေဟာအဆိပ်တောင်ဖြစ်စေတတ်တာမို့ ခွေးလေးတွေကိုမကျွေးသင့်တဲ့အစားအသောက် အချို့ကိုဖော်ပြပေးလိုက်ပါတယ်

1- ပန်းသီး တရုတ်ဇီးသီး ချယ်ရီသီး ဇီးသီးစေ့

2- ထောပတ်သီး

3- broccoli ပန်းဂေါ်ဖီစိမ်း

4- caffeine ဓာတ်နဲ့ ကော်ဖီ

5- ကြက်အရေခွံ ကြက်ဆင်အရေခွံနဲ့အဆီများတဲ့အသားများ

6- ချောကလတ်

7- စပျစ်သီးနှင့်စပျစ်သီးခြောက်

8- Macadamia , Almond , Pistachios စတဲ့အစေ့အဆံများ

9- နွားနို့နှင့်နို့ထွက်ပစ္စည်းများ

10- မှိုများ

11- cinnamon မှုန့်

12- ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ကြက်သွန်မြိတ်

13- ဆားအလွန်အကျွံ အငံအလွန်အကျွံ

14- အပူအစပ်များ

15- ပီကေနှင့်သကြားလုံး

16- အမှည့်လွန်တဲ့ခရမ်းချဉ်သီးနှင့် အာလူး အစိမ်း

17- yeast နှင့် ဂျုံစိမ်း

18- အသားစိမ်း တို့ဖြစ်ပါတယ်

နောက်လည်းဗဟုသုတရစရာလေးတွေအမြဲတင်ပေးမှာမို့လို့ page လေးကို like and follow ပေးထားပါဦးနော်

13/03/2024

သင်မသိသေးတဲ့ခွေးလေးတွေရဲ့ထူးခြားချက်များ

ခွေးလေးတွေဟာအချိန်ကိုခန့်မှန်းနိုင်ကြပါတယ် သူတို့ဟာအစားစားတာ လမ်းလျှောက်ထွက်တာလိုမျိုး ပုံမှန်လုပ်နေကြအရာတွေရဲ့အချိန်ကိုမှတ်ထားတတ်ပါတယ်

UCSD ရဲ့လေ့လာချက်အရခွေးလေးတွေဟာသူတို့သခင်ကိုတခြားသတ္တဝါတွေနဲ့ချစ်ခင်ပြနေရင် မနာလိုဖြစ်တတ်ကြပါတယ်

ရုရှားနိုင်ငံရဲ့လေလွင့်ခွေးလေးတွေဟာ ရထားစီးနည်းကိုသင်ယူထားကြပြီးအစာရှာဖို့သတ်မှတ်ထားတဲ့ဘူတာတွေကိုရထားပြောင်းစီးပြီးသွားတတ်ကြပါတယ်

ခွေးလေးတွေရဲ့အနံ့ခံအာရုံဟာလူတွေထက်အဆ 100,000 လောက်ကောင်းပါတယ် သူတို့ဟာလူတွေရဲ့ခံစားချက်ကိုတောင်အနံ့ခံနိုင်ကြပါတယ် ဥပမာ လူဟာကြောက်ရွံ့နေတဲ့အချိန်ချွေးထွက်လာတာကိုအနံ့ရပြီးလူရဲ့စိတ်ပြောင်းလဲမှုကိုအလွယ်တကူသိကြပါတယ်

ခွေးလေးတစ်ကောင်ကိုပွတ်သပ်ပေးခြင်းဟာသင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအမှန်တကယ် ကောင်းမွန်စေပါတယ် လေ့လာမှုအရလူတစ်ယောက်ဟာခွေးလေးတစ်ကောင်ကို ၁၅ မိနစ်ခန့်ပွတ်သပ်ပေးနေချိန်သွေးဖိအားကို ၁၀% ထိလျော့ကျစေပြီး စိတ်ဖိစီးခြင်း စိတ်ဓာတ်ကျခြင်းနဲ့ အထီးကျန်ခြင်းတွေကိုပြေပျောက်စေပါတယ်

နောက်ထပ်လည်းအခုလိုဗဟုသုတရစရာလေးများကိုတင်ဆက်ပေးဦးမှာမို့ page လေး ကို Like and follow လုပ်ထားပါနော်

05/03/2024

သင်ဟာခွေးလေးတစ်ကောင်မွေးထားတယ်ဆိုရင်ဒီဗဟုသုလေးတွေသိဖို့လိုအပ်ပါတယ်

-ခွေးလေးတွေကို မနက် 7:00 မှ ည 9:00အတွင်းမိမိကြိုက်တဲ့အချိန်အစာကျွေးနိုင်ပါတယ် သူတို့အတွက်တစ်နေ့ကို အစာ၂ နပ်ကျွေးရင်လုံလောက်ပါတယ် တစ်နပ်ကို ၁၂ နာရီခန့်ခြားပြီးကျွေးပေးပါ

-အမွှေးရှည်နဲ့ပုံမှန်အမွှေးရှည် ခွေးလေးတွေကို ၄ ပတ်မှ ၆ ပတ်တစ်ခါရေချိုးပေးပါ အမွှေးတိုတဲ့ခွေးလေးတွေကိုတော့ ၁ လ ၁ခါ ဒါမှမဟုတ် ၃လ တစ်ခါလောက်ချိုးပေးလို့ရပါတယ်

-အိမ်မှာတစ်ယောက်ထဲအချိန်အကြာကြီးကျန်ခဲ့ရတာကိုခွေးလေးတွေကမကြိုက်ပါဘူး ဒါပေမယ့် အချိန်ခဏလေးဆိုရင်တော့သူတို့အဆင်ပြေပါတယ်

-ခွေးလေးတွေဟာကျယ်လောင်တဲ့အသံတွေကိုကြောက်ကြပါတယ် မိုးချိန်းသံ သေနတ်သံ မီးရှုးဖောက်သံနဲ့ လေပြင်းတိုက်သံတွေကိုကြောက်ပါတယ်
သူတို့ကိုအသံကျယ်ကျယ်မကြားစေအောင်ဂရုစိုက်ပေးပါ

-ခွေးလေးတွေဟာ ကျော ဗိုက်သား ခေါင်းထိပ် နားအောက်ပါးနေရာတွေကိုပွတ်သပ်ပေးတာကိုသဘောကျပါတယ် သူတိုကိုမကြာခဏ petting (ပွတ်သပ်) ပေးပါ

နောက်လည်း ခွေးလေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတလေးတွေတင်ပေးမှာဖြစ်လို့ page လေးကို like and follow လုပ်ပေးထားပါနော်

02/03/2024

Jack Russell လေးတွေအတွက် diet plan

Jack Russell လေးတွေအတွက်သက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ဖို့ညီမျှအစာတဲ့ကျွေးမွေးနည်း လိုအပ်ပါတယ်

အရည်အသွေးကောင်းတဲ့ ပရိုတင်း ကျန်းမာစေတဲ့ကစီဓာတ် ဗီတာမင် နဲ့ အသီးအရွက်ကရတဲ့ အမျှင်ဓာတ်တွေဟာ သူတို့အတွက်အထူးသင့်လျော်ပါတယ်

အရွယ်ရောက်ပြီးသားခွေးလေးတွေကိုတစ်ရက်လျှင် အစာနှစ်ကြိမ်ခန့်ကျွေးနိုင်ပြီး ထိုပမာဏကသူတို့အတွက်လိုအပ်တဲ့ပရိုတင်းနှင့် အစာခြေစနစ် အတွက်လုံလောက်ပါတယ်

ခွေးလေးတွေကိုသင်နဲ့အတူဝေမျှကျွေးခြင်းမပြုလုပ်သင့်ပါဘူး လူတို့ရဲ့အစားအသောက်တွေကသူတို့အတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ် အထူးသဖြင့် ချောကလတ်နဲ့စပျစ်သီးဟာအဆိပ်ဖြစ်စေပါတယ် အဟာရပြည့်ဝတဲ့ အစာခြောက် ဒါမှမဟုတ် ကိုယ်တိုင်ချက်ပြုတ်ထားတဲ့သီးသန့်အစာကိုသာကျွေးပါ

JRT လေးတွေအတွက်ကျန်းမာတဲ့ ကိုယ်အလေးချိန်ဟာ 6-8 kg (14-18lb) ဖြစ်ပြီးအရပ်အမြင့်ဟာ 25-38cm (10-15 in) ဖြစ်ပါတယ် ခွေးလေးတွေဟာအသက် ၁၀လ မှ ၁၂ လအတွင်းအရွယ်ကြရောက်ပြီး ကျန်းမာတဲ့ Jack Russell လေးတစ်ကောင်က အသက် ၁၃ နှစ်မှ ၁၆ နှစ်ထိရှင်သန်နိုင်ကြပါတယ်

ဒီအချက်လေးတွေက Jack Russell လေးတွေတင်မဟုတ်ပဲ အခြားခွေးလေးတွေအတွက်ပါအသုံးဝင်တာကြောင့်ဗဟုသုတအဖြစ်ဝေမျှလိုက်ပါတယ်ရှင့်

28/02/2024

Jack Russell ဆိုတဲ့နာမည်လေးဘယ်လိုဖြစ်လာလဲ

1800ပြည့်နှစ်အလယ်ပိုင်းနဲ့နှောင်းပိုင်းကြားအင်္ဂလန်နိုင်ငံ devonshire မြို့မှာ terrier မျိုးစိတ်တွေကိုစတင်မွေးမြူ ခဲ့သူ Reverend John Russell (1795-1883) ရဲ့အမည်ကိုအခြေခံခဲ့ခြင်းဖြစ်ပါတယ်

Rev.Russell ဟာဘုရားကျောင်းနဲ့လူမှုရေးလှုပ်ရှားမှုတွေအပြင် မြေခွေးအမဲလိုက်ခြင်း နှင့် မြေခွေးအမဲလိုက်ခွေးများမွေးမြူခြင်းကိုဝါသနာထုံသူဖြစ်ပြီး သူဟာအလွန်ထက်မြက်ထူးခြားသူလို့ဆိုခဲ့ကြပါတယ်

Rev.Russell ဟာမြေခွေးအမဲလိုက်ဖို့အတွက်သင့်တော်တဲ့အရပ် မကြီးမသေးလွန်းတဲ့ခြေလက်လေးတွေနဲ့ စွမ်းအင်ပြည့်ဝတဲ့ terrier လေးရဖို့ ပထမဆုံးမျိုးစိတ်စပ်ခဲ့တဲ့တီထွင်သူဖြစ်တဲ့အပြင်JRT လေးတွေရဲ့ နာမည်ဖြစ်ပေါ်စေခဲ့သူလည်းဖြစ်ပါတယ်

နောက်ထပ်လည်း Jack Russell လေးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတ လေးတွေတင်ဆက်ပေးဦးမှာဖြစ်လို့ page လေးကို like and follow လုပ်ပေးထားပေးပါနော်

28/02/2024

မကြာခင် Paws Pals page လေးမှာ Jack Russell terrier ခွေးလေးတွေရောင်းချပေးတော့မှာမို့လို့ JRT လေးတွေကိုမွေးရတဲ့ အားသာချက်နဲ့ထူးခြားချက်လေးတွေကိုပြောပြပေးပါမယ်

JRT လေးတွေကအမြဲတက်ကြွပြီးenergy ပြည့်နေတတ်တဲ့ခွေးလေးတွေ

အရပ်ပုပုလေးပေမယ့်သူ့အရပ်ရဲ့ ၄ ၅ ဆအမြင့်တွေကိုအလွယ်တကူခုန်လွှားနိုင်တယ်

သူတို့ဟာခွေးကြီးမျိုးတွေလိုသတ္တိနဲ့ခွန်းအားရှိတဲ့ခွေးသေးမျိုးလေးတွေပါ

JRT တွေရဲ့သဘာဝအရ ဟိန်းနေအောင်အသံအားကောင်းတာကြောင့်သင့်ခြံနဲ့အိမ်အတွက် watchdog ကောင်းလေးဖြစ်လာမှာမလွဲပါဘူး

ကလေးထိန်းတော်ပြီးယုံကြည်ရတဲ့နေရာမှာ ပထမ ရထားတဲ့ Labrador Retriever လေးတွေပြီးရင် Jack Russell Terrier လေးတွေက second top နေရာမှာရှိပါတယ်

JRT လေးတွေဟာသင်ယူနိုင်စွမ်းမှတ်ဉာဏ်ကောင်းပြီးနာခံတတ်တဲ့သဘာဝရှိတာကြောင့် ခွေးအသေးမျိုးနွယ်ထဲမှာ smart အဖြစ်ဆုံးလို့လည်းနာမည်ကြီးပါတယ်

JRT တွေဟာခွေးသေးမျိုးဖြစ်ပေမယ့်ချုပ်ချယ်ပြီးနူးညံ့ယုယလို့မရပါဘူး သူတို့ကခွန်အားကောင်းကောင်းနဲ့ပြေးလွှားဆော့ကစားချင်တဲ့ ခွေးလေးတွေဖြစ်ပါတယ်

JRT လေးတွေဟာအခြေခံ အမွှေးအရောင်လေးမျိုးရှိပါတယ် အညို အဖြူ အမည်း နဲ့ ရှားပါး ခဲရောင်ဖြစ်ပြီး အမွှေးကာတွေကလည်းအမျိုးမျိုးကွဲပြားနိုင်ပါတယ် အမွှေးရှည် အမွှေးတိုနဲ့ အတိုအရှည် ၂မျိုးရောနေတဲ့ပုံစံတို့ဖြစ်ပါတယ်

26/02/2024

Paws Pals page လေးမှ ခွေးချစ်သူလူကြီးမင်းများအားလုံးအတွက် small breed ခွေးသေးမျိုးဖြစ်တဲ့ Jack russell terrier လေးတွေနဲ့မိတ်ဆက်ပေးပါရစေ

Jack Russell Terrier လေးတွေကဘယ်နိုင်ငံရဲ့မျိုးစိတ်လဲ

Jack Russell terrier လေးတွေကို ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းမှာ England နိုင်ငံရဲ့ Devonshire ဒေသတွင်း အမဲလိုက်ဖို့အတွက်ကောင်းမွန်တင်းကျပ်ပြီး ထိန်းသိမ်းမွေးမြူထားခဲ့တဲ့ terrier မျိုးကွဲ တွေထဲကဆင်းသက်ခဲ့ပါတယ် အဲ့ဒီအချိန်က Jack Russell လေးတွေဟာ မြေခွေးအမဲလိုက်ဖို့ နဲ့ ကြွက်တွေကိုနှိမ်နင်းဖို့အတွက်သာ အသုံးပြုခံခဲ့ရပါတယ်

အရွယ်အစားသေးငယ်ပေမယ့် energetic ဖြစ်ပြီး သခင်အပေါ်ကာကွယ်ပေးတတ်တဲ့သဘာဝရှိတာကြောင့် Jack Russell terrier လေးတွေဟာ ပြောင်းလဲလာတဲ့ ယနေ့အချိန်မှာတော့ လူတွေရဲ့သူငယ်ချင်းကောင်း Family pet လေးတွေဖြစ်လာခဲ့ပါပြီ ဒါကြောင့်သင့်အိမ်မှာ Jack Russell လေးတစ်ကောင်သာရှိနေခဲ့မယ်ဆိုရင် အချိန်တိုင်းအဖော်ရနေမှာမို့ ပျင်းနေရမှာမဟုတ်တော့ဘူးနော်

25/02/2024

သင့်ခွေးလေးရဲ့ကျန်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်တဲ့အချက်၃ချက်

အချက်-၁ exercises လုပ်ပေးပါ
ခွေးလေးတွေနှင့်အတူ လမ်းလျှောက်ထွက်ပေးခြင်း ကစားပေးခြင်း ပတ်ဝန်းကျင်အသစ်ကိုအလည်ပတ်ခေါ်သွားပေးခြင်းစတဲ့ exercise လေးတွေလုပ်ပေးခြင်းဟာသူတို့ရဲ့ စိတ်ကိုပိုမိုပျော်ရွှင်တက်ကြွစေပါတယ် stress ကိုလျော့ချပေးပြီးပတ်ဝန်းကျင်နှင့်ပိုမိုလိုက်လျောညီထွေပျော်ရွှင်စွာနေတတ်လာမှာမို့ exercises လေးတွေလုပ်ပေးခြင်းဟာသူတို့ရဲ့စိတ်ကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေပါတယ်

အချက်-၂ အချိန်မှန်ရေချိုးသန့်စင်ပေးပါ
ခွေးလေးတွေကိုပုံမှန် ရေချိုးပေးခြင်းဟာသူတို့အတွက်ရေပြားရောဂါ နှင့် ကပ်ပါးကောင်များတွယ်ကပ်ခြင်းမှကင်ဝေးစေပါတယ် ကိုယ်တိုင်ပွတ်တိုက်သန့်စင်ပေးရင်းခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့အဖုအကျိတ်များကိုလည်းစစ်ဆေးပေးပါ ရောဂါလက္ခဏာများကိုအသိမြန်ပြီးဆေးအချိန်မှီကုသနိုင်ဖို့အထောက်အကူဖြစ်စေပါတယ်

အချက်-၃ လက်သည်းနှင့်အမြှီးကိုစစ်ဆေးပေးပါ
လက်သည်းတွေအရမ်းရှည်နေခြင်းကမြေပြင်ပေါ်ကပိုးမွှားတွေကိုအလွယ်တကူကပ်တွယ်စေနိုင်ပြီးလမ်းလျှောက်တဲ့အခါအခက်အခဲဖြစ်စေပါတယ်
အမြှီးဟာမြေကြီးနဲ့အမြဲတရွတ်တိုက်ကျနေရင် မပျော်ရွှင်ပဲစိတ်ဓာတ်ကျနေခြင်းကြောက်ရွံ့နေခြင်း ဒါမှမဟုတ် မူမမှန်တဲ့အရေပြားရောဂါပြဿနာရှိနေနိုင်ပါတယ် သူတို့အမြှီးလေးတွေကိုလည်းကြည့်ရှု့စစ်ဆေးပေးရပါမယ်နော်

နောက်လည်းအခုလိုဗဟုသုတရစေမယ့်အရာလေးတွေတင်ဆက်ပေးသွားမှာမို့ page လေးကို like and follow လုပ်ပေးကြပါနော်

Want your business to be the top-listed Pet Store/pet Service in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Yadanar Street
Dagon
11411