7 Day Max Slim

7 Day Max Slim

Share

10/02/2023

🔹 #သင့်ရဲ့တာဝန်🔹
🇫🇲🇫🇲🇫🇲🇫🇲🇫🇲

🔹ဟန်ဆောင်ကောင်းမှ
လူ လေးစားခံရတဲ့ခေတ်မှာ
အရှိကိုအရှိတိုင်း နေတတ်တဲ့သင်ဟာ
အရာမဝင်တဲ့သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

🔹အပြောကောင်းမှ
လူ အထင်ကြီးခံရတဲ့ခေတ်မှာ
အမှန်ကိုအမှန်တိုင် ပြောတတ်တဲ့သင်ဟာ
လူ ကန့်လန့်တစ်ယောက်ဖြစ်ချင်
ဖြစ်နေနိုင်ပါတယ်။

🔹ပေးနိုင်ကမ်းနိုင်မှ
မျက်နှာကောင်းရတဲ့ခေတ်မှာ
"ဝ မရှိဘဲ ဝိ မလုပ်တတ်တဲ့" သင်ဟာ
အပယ်ခံတစ်ယောက်ဖြစ်ချင်
ဖြစ်နေနိုင်ပါတယ်။

🔹ကပ်ဖားရပ်ဖားလုပ်မှ
နေရာကောင်းရနေတဲ့ခေတ်မှာ
ကိုယ့်လမ်းကိုယ်ဖောက်ဖို့
ကြိုးစားနေတဲ့သင်ဟာ
ရယ်ချင်စရာဖြစ်ချင်ဖြစ်နေနိုင်တယ်။

🔹သူတစ်ပါးကို နင်းခွနိုင်မှ
အထက်ကိုရောက်တဲ့ခေတ်မှာ
ကိုယ့်ထက်နိမ့်ကျသူတွေကို
တတ်နိုင်သလောက် တွဲယူနေတဲ့သင်ဟာ
လူနုံ့လူအတစ်ယောက်ဖြစ်ချင်
ဖြစ်နေနိုင်တယ်။

🔹သူတစ်ပါးကို တွန်းတိုက်ပြီးမှ
အောင်မြင်နိုင်တဲ့ခေတ်မှာ
လိပ်ပြာသန့်သန့်နဲ့
အသက်ရှင်နေထိုင်နိုင်အောင်
ကြိုးစားနေတဲ့သင်ဟာ
လူတွေနဲ့ အံမဝင်သူတစ်ယောက်
ဖြစ်ချင်ဖြစ်နေနိုင်တယ်။

🔹ဒါပေမယ့်
လူရာမဝင်လို့လည်း အားမငယ်ပါနဲ့၊
ဖယ်ကြဉ်ခံရလို့လည်း သိမ်ငယ်မနေနဲ့၊
လှောင်ပြောင်ခံရလို့လည်း
ဒေါသထွက်မနေနဲ့၊
ကဲ့ရဲခံနေရလို့လည်း
စိတ်ဓာတ်ကျမနေနဲ့၊
မထီမဲ့မြင်အပြုခံရလို့လည်း
ဝမ်းနည်းမနေပါနဲ့၊
မသမာသူတွေရဲ့ စည်းအပြင်ဘက်ကို
ရောက်နေလို့လည်း ပူပန်မနေပါနဲ့၊

🔹သင့်ကံကြမ္မာဆိုတာ
သင့်လက်ထဲမှာရှိတဲ့ အဖိုးတန်ရတနာ
တစ်ခုပါ။

🔹လက်ရှိအခြေအနေမှာ
မအောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း၊
အနှိမ်ခံရခြင်းတွေအတွက်
စိတ်ပျက်နေစရာမလိုပါဘူး။

🔹"သူကောင်းဖို့မလိုပါ
ကိုယ်ကောင်းဖို့သာ လိုပါတယ်" ဆိုတဲ့
စကားလေးအတိုင်းပါပဲ။

သူမကောင်းတာ သူ့တာဝန်ပါ
သင်ကောင်းဖို့က သင့်ရဲတာဝန်ပဲလေ။

🔹သူမကောင်းလို့ သင်လည်း
တုန့်ပြန်ပြီး မကောင်းတာတွေ
ပြန်လုပ်မယ်ဆိုရင်
#သင်နဲ့သူနဲ့အဆင့်တူဖြစ်သွားမှာပေါ့။

🔹အရေးကြီးဆုံးကတော့
လောကမှာ ကိုယ့်တာဝန်
ကိုယ်ကျေပွန်အောင်
ထမ်းဆောင်ဖို့ပဲ လိုအပ်ပါတယ်။

🔹တာဝန်ကျေပွန်တဲ့သူဟာ
သေတာတောင်မှ နောင်တနဲ့
မသေရတတ်ပါဘူး။

🔹သင်ကောင်းဖို့ပဲ လိုတယ်..........

🔹ရွှေကင်းဆရာတော် အရှင်ထေရဝံသာ ဘိဝံသ
🔹အရှင်နန္ဒဝံသ🙏🙏🙏🙏🙏

Credit; #ဘုန်းပုလဲသုတ🙏🙏🙏

မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။

02/09/2022

ငါးသလောက်ချဉ်စပ်သောက်ဆမ်း
---------------------------------------
ပါဝင်ပစ္စည်းများ
ငါးသလောက် - ၁ ကောင်
သံပရာသီး - ၂ လုံး
စပါးလင် - ၁ ချောင်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
နနွင်းမှုန့် - အနည်းငယ်
ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်
ပင်စိမ်း - အနည်းငယ်
ကြက်သွန်ဖြူ - ၅ တက်
ဆီ - စားပွဲဇွန်း ၁ ဇွန်း

ချက်နည်း
ငါးသလောက် တစ်ကောင်ကို ၃ ပိုင်းပဲ ပိုင်းပြီး ရေဆေးသန့်စင်ကာ ဆား၊ နနွင်းတို့နဲ့ နယ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာရင် ကြက်သွန် ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ မွှေးပြီး အရောင် ပြောင်းလာလျှင် ငါးထည့်ပါ။ ငံပြာရည် ထည့်ပါ။ ရေနွေးလောင်းထည့်ပြီး အဖုံးအုပ်တည်ပါ။ ငါးများနူးလာလျှင် ငရုတ်သီးစိမ်းခတ်ပါ။ သံပရာရည်ညှစ်ပါ။ အပေါ့အငန် မြည်းပြီး အနေတော်ဆိုရင် ပင်စိမ်းအုပ်ပြီး ပူပူနွေးနွေး စားလျှင် အရသာပိုရှိပါတယ်။
-------------------------------
Crd
ပန်းခရေ

ပူပြင်းတဲ့ နွေအခါ နဲ့ သင့်လျော်ပြီ အလွန်တည့်တဲ့ မကျည်းဖျော်ရည်လုပ်နည်း 14/03/2022

ပူပြင်းတဲ့ နွေအခါ နဲ့ သင့်လျော်ပြီး ကျန်းမာရေးနဲ့ညီညွတ်ပီး လူနဲ့လဲ အလွန်တည့်တဲ့ ..😍

မကျည်းဖျော်ရည်လုပ်နည်း..👇

ပူပြင်းတဲ့ နွေအခါ နဲ့ သင့်လျော်ပြီ အလွန်တည့်တဲ့ မကျည်းဖျော်ရည်လုပ်နည်း နွေအခါ နဲ့ သင့်လျော်ပြီ အလွန်တည့်တဲ့ မကျည်းဖျော်ရည် (ဝါ) ” သဘာဝဓါတ်စာ ” ပြုလုပ်ပုံ မကျည်းဖျော်ရည် (ဝါ) ” သဘာဝဓါ....

Want your business to be the top-listed Media Company in Dagon?
Click here to claim your Sponsored Listing.

Website

Address


Dagon