Pastor Morris Chit
10/05/2026
08/05/2026
စိန်ပန်းနီတွေနဲ့ နွေအလှကို တောက်ပစိုပြေစေခဲ့ ဘုရားရဲ့ပန်းချီလက်ရာ။
ရွေ က္ကုတ်ကို မြို့ တော်ကြီးအဝင်လမ်း တနေရာ၊ မြဝတီမြို့နယ်။
08/05/2026
သိမ်မွေ့နူးညံ့ခြင်း (Gentleness) ဆိုတာနဲ့ အားနည်းခြင်း (Weakness) နဲ့ဟာ ဘယ်လိုမှ တူယှဉ်တွဲ မထင်ဟပ်ကြတဲ့အဓိပ္ပာယ်တွေပါ။
တကယ်တော့ နူးညံ့နိုင်ခြင်းဆိုတာ “အရာအားလုံးကို လက်ခံပေးနိုင်ခြင်း” မျိုးမဟုတ်ဘဲ “ကိုယ့်ကိုယ်ကို သတိနဲ့ထိန်းသိမ်းထားနိုင်ပြီး ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်း” လို့ပဲ ကျွန်မကတော့ ဆိုလိုက်ချင်တယ်။
လူတစ်ယောက်ဟာ “သိမ်မွေ့တယ်၊ နူးညံ့တတ်တယ်” ဆိုတာ သူ့ဆီရောက်လာတဲ့ အခြေအနေတိုင်းကို “မကန့်ကွက်ဘဲ လက်ခံရမယ်၊ မပြောဘဲ ငြိမ်ခံရမယ်” ဆိုတဲ့ သဘောတရားနဲ့ မဆင်တူပါဘူး။
အဲ့ဒီလိုယူဆချက်က တခါတလေမှာ “Adaptability” နဲ့ “Self-Erasure” ကို ရောထွေးသွားစေတတ်ပါတယ်။
ဆိုလိုတာက စိတ်ပိုင်းဆိုင်ရာဘက်ကကြည့်ရင် -
◻️ “Healthy Adaptability” ဆိုတာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ညီညွတ်အောင် အခြေအနေအလိုက်လည်း မျှတလိုက်ဖက်အောင် ပြင်ဆင်ပြောင်းလဲနိုင်တာဖြစ်ပြီး…
◻️ ကိုယ့်အတွင်းအသံကို မကြေားတော့အောင် ဖိနှိပ်ပြီး တခြားသူအကြိုက်သာ လိုက်လျောပြင်ဆင်နေမိတဲ့ “Self-Erasure” မျိုး မဟုတ်ပါဘူး။
ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင် “No” လို့ ပြောနိုင်တဲ့အခွင့်အရေးဟာ သူ့မှာ အပြည့်အဝ ရှိပါတယ်။ ဒီလိုမျိုး မျှတမှုရှိတဲ့ စည်းဘောင်တွေထားရှိခြင်းဟာ စိတ်ခံစားချက်ဆိုင်ရာ တည်ငြိမ်အဆင်ပြေမှု (emotional stability) နဲ့ ကိုယ့်ခံစားချက်တွေအပေါ် ထိန်းညှိကိုင်တွယ်နိုင်မှု (self-regulation) အတွက် အရေးကြီးတဲ့အချက်တစ်ခုလည်း ဖြစ်ပြန်တယ်။
နောက်တစ်ချက်က လူတစ်ယောက်ဟာ တခြားသူရဲ့ ခံစားချက်ကို စာနာနားလည်နိုင်စွမ်းရှိတာနဲ့ အဲ့ဒီခံစားချက်ကြောင့် ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့အရာတွေကို လက်ခံရမယ်ဆိုတာနဲ့လည်း မတူပြန်ပါဘူး။ Empathy ဆိုတာ “သူဘယ်လိုခံစားနေလဲ” ကို ကိုယ်ချင်းစာနာ နားလည်နိုင်ခြင်းဖြစ်ပြီး Self-boundary ဆိုတာကတော့ “ငါဘာကို လက်ခံနိုင်လဲ” ကို သိနိုင်ခြင်းဖြစ်ပါတယ်။
📍 ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု တစ်လမ်းစီသွားနေရင်း ဆန့်ကျင်တာမျိုးမဟုတ်ဘဲ တစ်ပြိုင်နက်တည်း ရှိနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည် (Psychological capacities) တွေပါပဲ။
တခါတလေ လူတွေက “နူးညံ့ခြင်း” ကို “အားနည်းခြင်း”နဲ့ ရောထွေးတတ်ကြတယ်။
စိတ်အတွင်းပိုင်းအားနည်းလို့သာ၊ strong မဖြစ်လို့သာ၊ ခေါင်းငြိမ့်တတ်လို့သာ… ဒီလို နူးညံ့တဲ့အမူအရာရှိတယ်လို့ ထင်တတ်ကြတယ်။
ဒါပေမယ့် တကယ်တော့ “နူးညံ့ခြင်း” ဆိုတာ လှုပ်ခတ်မှုတွေကြား၊ မတူညီသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေကြား ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်အရည်အသွေးတွေအပေါ် ထိန်းသိမ်းထားနိုင်ခြင်းစွမ်းရည်လို့ပဲ တင်စားဂုဏ်ပြုလိုက်ချင်ပါတယ်နော်….
သိမ်မွေ့မှုရှိခြင်းနည်းတူ တစ်ဘက်မှာလည်း ကိုယ့်ကိုယ်ကိုလည်း ထိခိုက်မသွားအောင် ကာကွယ်နိုင်ခြင်းဟာ ကရုဏာရော၊ စည်းဘောင်ရော ရောယှက်နေတဲ့ မျှတမှုတစ်ခုလို့ပဲ ဆိုလိုက်ရင်း အဆုံးသတ်လိုက်ပါတယ်…🌱💕
မေတ္တာဖြင့်
Andrea
✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။
Click here to claim your Sponsored Listing.
Category
Contact the place of worship
Website
Address
Yangon Adventist Seminary, 34 Natmauk Lane 1, Bo Cho 2, Tarmway, Yangon
Dagon