Okka Insurance

Okka Insurance

Share

06/05/2022

သင်သာ #လုပ်ပိုင်ခွင့်ရှိတဲ့သူ ဆိုရင်
ငွေကြေးဆုံးရှုံးမှုတွေမဖြစ်အောင်
ဘယ်လိုကြိုတင်စီမံခန့်ခွဲမလဲ?

၁။ ဘဏ်မှာငွေစုမယ်
၂။ ရင်းနှီးမြှုပ်နှံမယ်
၃။ စတော့ရှယ်ရာဝယ်မယ်
၄။ ရွှေ/ဒေါ်လာဝယ်စုမယ်
၅။ အာမခံဝယ်ထားမယ်

စေတနာများစွာဖြင့်
ဒေါက်တာဥက္ကာမင်း
𝑨𝒈𝒆𝒏𝒄𝒚 𝒍𝒆𝒂𝒅𝒆𝒓

30/04/2022

#ဘဝမှာအရေးကြီးဆုံးကဘာလဲ ?
🤔🤔🤔
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အဖြေ
တွေမတူနိုင်ပါဘူး…

Business Opportunities
Presentation တက်ရောက်သူပေါင်း ၁၀၀ ကျော်ရဲ့အဖြေ…

💞💞💞
တစ်ချို့သူတွေအတွက်တော့..
ချစ်ခြင်းမေတ္တာ…
💰💰💰
တစ်ချို့တွေအတွက်တော့..
ငွေကြေးဥစ္စာ…
💊💊💊
တစ်ချို့တွေအတွက်တော့
ကျန်းမာရေး…

အားလုံးကတစ်ဦးတစ်ယောက်ချင်း
စီရဲ့ စိတ်ပေါ်မူတည်တာပါပဲ…

တစ်ကယ်တမ်းအားလုံးထက်ပိုပြီး
အရေးကြီးဆုံးကတော့

#စိတ်အေးချမ်းသာမှု
🧘‍♂️🧘‍♂️🧘‍♂️
ကတော့ဘာနဲ့မှအစားထိုးလို့မရပါဘူး။

ဒီအတွက်ငွေကြေးနဲ့ပတ်သက်ပြီး
ကြိုတင်စီမံခန့်ခွဲဖို့လိုအပ်ပါတယ်..

ဒီတော့ ငွေကြေးကို မိမိအတွက်လည်းစုဆောင်းထားရင်း
အများအတွက်လည်းကူညီရင်း

စီးပွါးရေးအခွင့်အလမ်းတစ်ခု
ရရှိအောင် အကူအညီပေး
တဲ့ Seminar ပွဲလေးကို
၃၀.၄.၂၀၂၂ နေ့မှာ
အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း
ဝမ်းမြောက်စွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်။

ငွေကြေးစီမံခန့်ခွဲမှု
ကျန်းမာရေးအာမခံ
အသက်အာမခံငွေစုခြင်းနဲ့ ပတ်သက်
ပြီးအသေးစိတ်ဆွေးနွေးလိုပါက
ဆက်သွယ်ရန်

📳
095242933
Dr Okka Minn
Agency Leader
Wellness & Business Coach/Consultant
PBCA & NLP Coach
MBBS (Ygn)
MSc Nutrition and Dietetics (UK)

09/03/2022

မြန်မာပြည် အာမခံ ဈေးကွက်သို့ နိုင်ငံခြား အာမခံ ကုမ္ပဏီများမှ ကန်ဒေါ်လာ သန်း ၁၂၀ ထပ်မနည်း ရင်းနှီးမြုပ်နှံလာ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများကို နိုင်ငံတွင်း အာမခံဈေးကွက် အတွင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့သည်။

ထို့နောက် နိုင်ငံခြားအာမခံကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လာကြပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဝန်းကျင်ခန့်နှင့် မြန်မာကျပ်ငွေ ဘီလျံ ၆၀ ခန့် ရှိသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်းက စီမံ၊ဘဏ္ဏာဝန်ကြီးဌာနက နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီကြီး ၅ ခုနှင့် နိုင်ငံခြားသား-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်း လုပ်ကိုင်သော Joint Venture အာမခံလုပ်ငန်းများကိုလည်း ခွင့်ပြုခဲ့သည်။

နိုင်ငံခြားသားပိုင်ဆိုင်မှု (ရာနှုန်းပြည့်) ဖြစ်သည့် အသက်အာမခံ လုပ်ငန်းကြီးများမှာ-
• AIA,
• Chubb,
• Dai-ichi,
• Manulife နှင့်
• Prudential တို့ဖြစ်ကြပြီး
ယင်းလုပ်ငန်းကြီးတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့်ရှိပြီး၊

အခြား နိုင်ငံခြားသား-မြန်မာ ဖက်စပ်လုပ်ကိုင်သော အသက်အာမခံလုပ်ငန်း ၃ ခုမှာ-
• Capital Taiyo Life,
• CB Life နှင့်
• GGI Nippon Life တို့ဖြစ်ကြ၍
ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၃၄ သန်းခန့်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလျံ တို့ ဖြစ်ကြသည်။

အခြား Non-life Insurance Sector တွင်လည်း နိုင်ငံခြားသား-မြန်မာ ပူးပေါင်းဆောင်ရွက်သည့်-
• AYA Sompo,
• GGI Tokio Marine နှင့်
• KBZ MS တို့ လုပ်ကိုင်နေကြပြီး
လုပ်ငန်းထည့်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၂၆ သန်း နှင့် မြန်မာကျပ်ငွေ ၆၅ ဘီလျံ ဖြစ်သည်ဟု သိရသည်။

Source: asianinsurancereview — feeling excited in Myanmar.

Want your business to be the top-listed Finance Company in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Dagon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00