Elizabeth Clinic

Elizabeth Clinic

Share

13/01/2025

💠ဆီးပူညောင်းကျရောဂါ သို့မဟုတ် ဂနို💠
---------------------------------------
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး Nisseria / ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။ မိန်းမကိုယ်၊ ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း၊လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း တို့ကြောင့်ကူးစက်ရခြင်းဖြစ်ပါတယ်။
🔰လက္ခဏာများ
✅ #ဆီးလမ်းကြောင်း ရောင်ရမ်းပိုးဝင်ခြင်း
✅ #ဆီးသွားရ ခက်ခဲခြင်း၊ ဆီးပူခြင်း
✅ #ဆီးလမ်းကြောင်းကနေ အဖြူ/ အဝါ/ အစိမ်းရောင်ရှိ ပြည်ကဲ့သို့သော ပျစ်ပျစ် အရည်/ အနှစ် တွေ ထွက်ခြင်း
✅ #ဆီးသွားစဉ် နာကျင်ခြင်း
✅ #နောက်ဆက်တွဲပြသာနာများ
✅ #ရိုးအဆစ် ရောင်ရမ်းပိုးဝင်ခြင်း
✅ #အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျဥ်းခြင်း
🔰အကြောင်းအရင်းများ
ဆီးပူညောင်းကျ(ဂနို)ရောဂါသည် လိင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး / ဘက်တီးရီးယားကြောင့်ဖြစ်ရသည်။
ပါးစပ်၊ စအို တို့နှင့် အကာအကွယ်မဲ့စွာ လိင်ဆက်ဆံခြင်း
လိင်စိတ်လှုံ့ဆော်ပေးသော ပစ္စည်းများနှင့် လိင်မှုဖျော်ဖြေရေးအရုပ်များကို မျှဝေသုံးစွဲခြင်း၊
အသုံးမပြုမီတွင် ၎င်းတို့ကိုလျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများမပြုလုပ်ခြင်း။
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ဖြစ်နိုင်ချေများစေသောအချက်မှာ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်းဖြစ်သည်။
အောက်ပါ လက္ခဏာများရှိလာလျှင် ဆရာဝန်နှင့် ပြသင့်သည်။
✅ #ဆီးသွားစဉ် နာကျင်ခြင်း
✅ #စအို ယားခြင်း
✅ #စအိုယောင် ခြင်း
✅ #စအိုမှသွေးထွက်ခြင်း
✅ #ဝမ်းသွားလျှင် နာကျင်ခြင်း
#ဘယ်လိုအတည်ပြုမလဲ
လူနာ၏ သေးစိတ်ရာဇဝင်နှင့် ဆရာဝန်၏တွေ့ရှိချက်များကို ဆက်စပ်ခြင်း နှင့် ရောဂါလက္ခဏာများကို ကြည့်ခြင်း
လိင်အင်္ဂါမှထွက်သော အရည်ကိုဂွမ်းစဖြင့် ယူကာ ဓါတ်ခွဲစစ်ဆေးခြင်း
ဆီးစစ်ခြင်း တို့ဖြင့် သိနိုင်သည်။
🔰 #ကုသပုံ
ဆီးပူညောင်းကျ(ဂနို)ရောဂါကို ပုံမှန်အားဖြင့် ပိုးသတ်ဆေး ထိုးဆေး သို့မဟုတ် စားဆေး ဖြင့် တကြိမ် ထိုး/စားခြင်းဖြင့် ကုသနိုင်သည်။
ထိုသို့ကုသပြီး ၁-၂ပတ်အကြာတွင် သင့်ရောဂါ အခြေအနေကို သိရှိရန် ဆရာဝန်ထံရက်ချိန်းလာပြရန်လိုပါသည်။
🔰 #ကာကွယ်ခြင်း
လိင်ဆက်ဆံသည့် အခါတိုင်းတွင် လိင်တံတွင်ဝတ်ရသော အမျိုးသားကွန်ဒုံးများ အသုံးပြုခြင်း
ပါးစပ်ဖြင့် ဆက်ဆံခြင်းပြုပါက လိင်တံကို ရာဘာကွန်ဒုံးဖြင့်ကာထားပါ။
လိင်အရုပ်များကို ဝေမျှသုံးစွဲခြင်းမပြုရ။ ဝေမျှသုံးမည်ဆိုလျှင်လည်း အသုံးမပြုမီတွင် ၎င်းတို့ကို လျှော်ဖွပ်ခြင်း၊ ကွန်ဒုံးစွပ်ခြင်းများပြုလုပ်ပါ။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်တော်တို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09740900983

12/01/2025

♦မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း♦
-------------------------------
►မိန်းမကိုယ်တစ်ဝိုက်မှာ အနံ့နည်းနည်းရှိတာ ပုံမှန်ပါ။ အဓိက က တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းဖို့ပါ။ သိသာထင်ရှားတဲ့အနံ့ (သို့) အရည်ဆင်းတာမျိုးရှိရင် ကျွမ်းကျင်သူနဲ့ ပြသပါ။ မိန်းမကိုယ် နေရာတစ်ဝိုက် အတွင်း၊ အပြင် စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ် ။ ပြင်ပပစ္စည်းတစ်ခုခု ကျန်နေတာ၊ #အရည်အိတ်၊ #ရောဂါပိုးဝင်တာ၊ #မှိုရောဂါရှိတာ၊ #ကာလသားရောဂါ၊ အခြားမိန်းမကိုယ်ရောဂါနဲ့ အဖုအကျိတ်ကင်ဆာ စသဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။
🔺အကြောင်းအရင်း
#တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း
#ဘက်တီးရီးယားပိုးဝင်ခြင်း
#အမွှေးနံ့ပါသော ဆပ်ပြာ၊သန့်စင်ဆေးရည်များ အလွန်အကျွံ သုံးခြင်း
#ချွေးထွက်များခြင်း
#ဓမ္မတာဆင်းခြင်း
#မှိုပိုးဝင်ခြင်း
#မိန်းမကိုယ်ကင်ဆာဖြစ်ခြင်း
#သားအိမ်ကင်ဆာဖြစ်ခြင်း
#မိန်းမကိုယ်ကို သန့်ရှင်းရေး မလုပ်ဘဲထားရင် ပိုးဝင်တတ်ပါတယ်။ ။ ဒါကြောင့် အောက်ခံဘောင်းဘီတွေကို မလျှော်ဘဲပြန်ဝတ်တာမျိုးတွေ မလုပ်ဘဲ မိန်းမကိုယ်ကို သန့်သန့်ရှင်းရှင်းထားပေးပါ။
🔶ရာသီလာရင် သုံးကိုသုံးရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဆိုတာ သွေးတွေ၊ အညစ်အကြေးတွေပြည့်နေတဲ့ အရာတစ်ခုဖြစ်တဲ့ အတွက် ပိုးမွှားတွေ ကပ်နေနိုင်ပြီး မိန်းမကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် ရာသီလာရင် မိန်းမကိုယ်ကထွက်တဲ့ အနံ့ရယ်၊ သွေးတွေ အညစ်အကြေးတွေပြည့်နေတဲ့ လစဉ်သုံးပစ္စည်းဆီက ထွက်တဲ့ အနံ့တွေက မိန်းမကိုယ်အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် လစဉ်သုံးပစ္စည်းတွေကို ရာသီလာနေချိန် တစ်နေ့လုံးမလဲဘဲ သုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။
🔺မိန်းမကိုယ်ဆိုတာလည်း အရေပြားနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် တခြားကိုယ်ခန္ဓါက အရာတွေလိုပဲချွေးထွက်လေ့ရှိပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး ချွေးစိုတဲ့ အဝတ်တွေကို ပြန်ဝတ်တာ၊ အတွင်းခံကျပ်ကျပ်တွေဝတ်တာ၊ ဘောင်းဘီကျပ်ကျပ်ဝတ်တာတွေက မိန်းမကိုယ်အနီးတစ်ဝိုက်ကို ချွေးထွက်စေပြီး ပူအိုက်စွတ်စိုကာ အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဘောင်းဘီကျပ်ကျပ်တွေ ၊ချွေးစိုနေတဲ့ အတွင်းခံတွေကို မလျှော်ဘဲ ပြန်ဝတ်တာတွေကို ရှောင်သင့်ပါတယ်။
🟢သားအိမ်ခေါင်းကင်ဆာဆိုရင် အနံ့ဆိုးတဲ့ အရည်တစ်မျိုး မိန်းမကိုယ်ကနေ ဆင်းတတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ သူက လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် အသက်မပြည့်ခင် လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံတဲ့အဖော် အရေအတွက်များတာ ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာတွေကို မလုပ်သင့်ပါဘူး။
🔴မိန်းမကိုယ်အနံ့နံတဲ့ အပြင် မိန်းမကိုယ်ပါယားတယ်ဆိုရင် အယားပြေအောင် လက်နဲ့တစ်ချိန်လုံးကုတ်တာ၊ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေနဲ့ အတင်းဆေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလည်း မိန်းမကိုယ်ကို ပြင်းတဲ့ဆပ်ပြာတွေနဲ့ တိုက်တာမျိုး၊ အတွင်းထဲထိ အတင်းနှိုက်ဆေးကြောတာမျိုးတွေမလုပ်ရပါဘူး။
🟣တကယ်လို့ မိန်းမကိုယ်က အနံ့ဆိုးထွက်တာက
🔸 အချိန်ကြာတဲ့အထိ မပျောက်ဘူး
🔸 ပိုပိုအနံ့ပြင်းလာတယ်
🔸 ငါးညှီနံ့လို အနံ့လည်းထွက်လာတယ်
🔸 အဖြူအဆင်းများတာ
🔸 ဆင်းတဲ့အဖြူထဲ အဖြူဖတ်တွေပါလာတာ
🔸 စိမ်းဝါရောင်သမ်းပြီး အမြုပ်ထတဲ့ အဖြူတွေဆင်းတာ
🔸 မိန်းမကိုယ်ယားတာ၊ နာတာ၊ ဆီးစပ်တွေကိုက်တာ
စတဲ့ လက္ခဏာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ဆရာဝန်နဲ့ပြသစမ်းသပ်ပြီး သေချာကုဖို့လိုပါတယ်။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်မတို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09781352960

09/01/2025

♦ဆီးစပ်တွေ ကိုက်ခြင်း♦
--------------------------
👉ဆီးခုံနေရာကို အတွင်းထဲက ကြည့်ရင် အူတွေ၊ ဆီးအိမ်တွေ၊ မျိုးပွားအင်္ဂါတွေ စုစည်းပြီး ရှိနေပါတယ်။ ဒါကြောင့် ဆီးစပ်ကိုက်တာက ရောဂါတွေအများကြီး ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အမျိုးသားရော၊ အမျိုးသမီးပါ ဖြစ်နိုင်ပါတယ်။
👉ဆီးစပ်ကိုက်ရတဲ့ အကြောင်းရင်းတွေကတော့
#ဆီးလမ်းကြောင်းပိုးဝင်တာ
#ဆီးကျောက်တည်တာ
#ဆီးအိမ်ရောင်တာ
အူအတက်ပေါက်တာ
အူကျတာ
✡အမျိုးသမီးတွေမှာဆိုရင်ရာသီချိန်မှာ #ဆီးစပ်ကိုက်တာ
#သားဥအိမ်လိမ်တာ
#သားဥအိမ်အရည်အိတ်တည်တာ
#သားအိမ်တစ်ရှူးနေရာမှားတာ၊
#မျိုးပွားအင်္ဂါတွေ ရောင်ရမ်းတာ ဖြစ်နိုင်သလို
✡အမျိုးသားတွေကတော့
#ဆီးကပူလွန်းလို့ ဝှေးစေ့လိမ်တာ ဖြစ်နိုင်ပါတယ်။
✡ကိုယ်ဝန်ဆောင်တွေ ဆိုရင်တော့
ကိုယ်ဝန်နုချိန်ဆို ကိုယ်ဝန်ပျက်တာ၊
နေရာမှားသန္ဓေတည်တာ ဖြစ်နိုင်ပြီး
ကိုယ်ဝန်ရင့်ချိန်ဆို ကလေးမွေးချင်တာ ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကတော့ တသမတ်တည်း မရှိပါဘူး။
ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေပါ ခံစားရနိုင်ပါတယ်။ ဥပမာ အူအတက်ပေါက်တယ်ဆို ဖျားတာ၊ အန်တာမျိုး၊ ဆီးကျောက်တည်တယ်ဆို #ဆီးကျင်တာ၊ #ဆီးသွားရင် #သွေးပါတာမျိုး ဖြစ်တတ်ပါတယ်။ဆီးစပ်ကိုက်တာက ဘယ်ရောဂါမဆို ဖြစ်နိုင်ပါတယ်။
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်မတို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09781352960

08/01/2025

🌟RPHနည်းပညာဖြင့် လိပ်ခေါင်းရောဂါကုသခြင်း🌟
✅အတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်စရာမလိုပဲ #လိပ်ခေါင်းရောဂါအား အရေးပေါ်ကုသနည်း
လိပ်ခေါင်း၏အမြစ်ကို သားရေကွင်းပစ်ပုံစံ စက်ကိရိယာဖြင့်လိပ်ခေါင်း၏
အဓိကအပိုင်းကို ချည်၍ဖြတ်ခြင်းဖြစ်သည်။
💠 ်းပညာအားသာချက်မှာ💠
📛သွေးထွက်နှုန်းနည်းခြင်းနှင့် အတွင်းကနေတဆင့် လိပ်ခေါင်းအားသဘာ၀အတိုင်းကြွေကျခြင်း တို့ဖြစ်ပါတယ်။
♦️ ်ကုသနည်းသည် ခေတ်မှီသော ကုသနည်းနှင့်အဆင့်မြင့်စက်ကိရိယာဖြင့်
စအိုအတွင်းပိုင်းအား စစ်ဆေးဖယ်ရှား ပေါင်းစပ်ထားသောနည်းဖြစ်သည်။
♦️ဤနည်းပညာဖြင့် ( )ကုသနည်းသည် (၁)ကြိမ် ကုသမှုဖြင့် #လိပ်ခေါင်းအလုံးရေ အားလုံးကို ကင်းရှင်းအောင်ကုသနိုင်ပါသည်။
♦️ ်းပညာသည် ကုသမှုအကြိမ်ကြိမ်ပြုလုပ်ရန် မလိုပဲ၊ ကုသမှုမှာ ရိုးရှင်းပြီး ထိရောက်မှုရှိခြင်း၊ တိကျမှုရှိခြင်းနှင့် သဘာဝနည်းစနစ်မှန် ကုသနည်းဖြစ်သည်။
♦️(၁)ကြိမ်ကုသယုံဖြင့် လိပ်ခေါင်းအလုံးရေ အားလုံးကို တစ်ခါတည်း ကုသနိုင်ခြင်း၊
နောက်ထပ် ထပ်မံကုသရန် မလိုအပ်တော့ခြင်း၊
♦️ကုသမှုအချိန် မြန်ဆန်ခြင်း၊ ရောဂါပျောက်ကင်းဖို့အချိန် မြန်ဆန်ခြင်း။
🔴 နည်းပညာဖြင့် ကုသရန် သင့်လျော်သောသူများ🔴
1️⃣ #စအိုအတွင်းပိုင်းကနေ ထွက်ရှိပြီ၊ သွေးစများပါတတ်သည့် #လိပ်ခေါင်းရောဂါ #အဆင့်(၁)၊
(၂)နှင့် #အဆင့်(၃) လူနာများ
2️⃣ #လိပ်ခေါင်းရောဂါ အဆင့်(၁)မှ(၃)သည် ဆေး၀ါးဖြင့် ဆေးလိမ်း ဆေးသောက်ယုံဖြင့် မပျောက်ကင်းနိုင်ပါ။
3️⃣ #အတွင်းလိပ်ခေါင်းအား ခွဲစိတ်ထားပြီပြန်ဖြစ်သူ (ထပ်ခါထပ်ခါ စအိုအတွင်းပိုင်းအား #ခွဲစိတ်မှုအကြိမ်ကြိမ် မပြုလုပ်သင့်ပါ။)
4️⃣ #ခွဲစိတ်မှုကို ကြောက်ရွံသူနှင့် ခွဲစိတ်ခြင်းကို လက်မခံသူ။
5️⃣သက်ကြီးရွယ်အိုများ၊ သွေးတိုးရှိသူ၊ ဆီးချိုရှိသူနှင့် အစိုးရိမ်လွန်သူ၊ ခွဲစိတ်ကုသမှု မခံယူနိုင်သူများ
6️⃣ #စအိုပိုင်းရောဂါလက္ခဏာကို ကင်းရှင်းပြီး အူလမ်းကြောင်းနှင့်အူကင်ဆာ၊ ောရောဂါလက္ခဏာရှိသူများ
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက
ကျွန်တော်တို့ဆေးကုခန်းသို့ မနက် ( ၉ )🕘 နာရီမှ ညနေ ( ၅ )🕔 နာရီအတွင်း လာရောက်ပြသနိုင်ပါပြီ
🏥အမှတ်(FS/4)၊ ရွှေခတ္တာလမ်းထိပ်၊ ရွှေမာလာရိပ်မွန်အိမ်ရာ၊ဘုရင့်နောင်လမ်းမပေါ်၊ ကမာရွတ်မြို့နယ် (ရေကြောင်းသိပ္ပံအနီး)ရန်ကုန်။
: https://www.google.com/maps/place/16%C2%B049'37.7%22N+96%C2%B007'22.5%22E/@16.827151,96.122908,17z/data=!3m1!4b1!4m4!3m3!8m2!3d16.827151!4d96.122908?entry=ttu&g_ep=EgoyMDI0MTEyNC4xIKXMDSoASAFQAw%3D%3D
မြန်မြန်သိ မြန်မြန်ကု ကျန်းမာရေးသုတစွယ်စုံ
☎️hot line : 09778284062

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 3/4 , Corner Of Bayintnaung Road > Shwe Khatter Street , Kamaryut Township , Yangon
Dagon
11181