King-Sumo
23/06/2026
ရန်ကုန်က
သူငယ်ချင်း၊ အသိမိတ်ဆွေတွေကို
မွေးနေ့အမှတ်တရအတွက် နေပြည်တော်ကနေ
တကူးတကပို့ပေးတဲ့
ဆူရှီလေးတွေ။
စုစုပေါင်း ၁၆နေရာ ပို့ပေးရတဲ့အော်ဒါလေး
😍😍😍
မွေးနေ့တိုင်း နေပြည်တော်ကနေ လှမ်းမှာပြီး အသိမိတ်ဆွေတွေကို ပို့ပေးတဲ့ စေတနာကောင်းတဲ့
အစ်မပါ။
💞💞💞
18/06/2026
ကျောင်းသူကျောင်းသားတွေပါမက
ရုံးဝန်ထမ်းတွေကိုပါ ပို့လာရတဲ့
King-Sumo ရဲ့
Lunch boxလေးတွေ
🤩🤩🤩
တဘူးကို ၁၃၀၀၀ပါ။
ခဏနေရင်
ပုံလေးတွေအောက်မှာ detailsထပ်ရေးပေးပါ့မယ်နော်။
ဝန်ထမ်းတွေနဲ့
ကျောင်းသူကျောင်းသားတွေကို
အပတ်စဥ်တိုင်း ပို့ပေးရတာတွေရှိလို့ အမြဲမှာစားဖို့ အဆင်ပြေအောင် စျေးနှုန်းလေးကို တခါထဲ အနဲဆုံးစျေးနဲ့ချိန်ပြီး ရောင်းထားတာမလို့ ဘူးများများယူမယ့်သူတွေအတွက်လည်း ဒီစျေးလေးက fairဖြစ်စေမယ် ယုံကြည်ပါတယ်ရှင့်။
လိုအပ်တာ၊ အဆင်မပြေတာတွေရှိရင်လည်း အချိန်မရွေးထောက်ပြဖို့ တောင်းဆိုပါတယ်နော်။
🙏🙏🙏
16/06/2026
တချို့တလေပေါ့နော်၊
Cash on deliရပါတယ်ဆိုတာကို cashကျ မပေးချင်၊
ငွေလည်း ကြိုမလွှဲပေးချင်၊
ရုပ်အပေါက်ဆုံးက
လူမျက်နာနဲ့တကွပုံရိုက်ပြီးပါ
ပြပေးစေချင်🤭
မှာမယ့် sushi setက
၃သောင်းဖိုး😬
အလိမ်ခံထိဖူးလို့ပါဆိုတဲ့ ဆင်ခြေနဲ့ စကားအများကြီးတွေပြောပြီး မလိုအပ်ပဲ အချိန်တွေ ဖြုန်းလွန်းတယ်။
ကျမဆို ဘာဝယ်ဝယ် သေချာစူးစမ်းလေ့လာပြီးမှ ဝယ်တာမလို့
ဒီအသက်အရွယ်ထိ
တခါမှ မလိမ်ခံဖူးဘူး။
အေး🤭🤭 ဆူရှီလာဝယ်သူတချို့ရဲ့ လိမ်တာတော့ ခံရပေမယ့်
ပြန်ရောင်းလို့ ရနေတာကြောင့်
ငွေ အလုံးစုံတော့ မပါဘူးပေါ့လေ။
ဆိုတော့ တချို့ဝယ်သူတွေကို ပြောချင်တာက
မယုံရင် မဝယ်ပါနဲ့ရှင်🤫
Deli feesတွေ အကြောင်း ပြောဦးမယ်😬
စာလေးဆုံးအောင် ဖတ်ပေးစေချင်🥺
မှာပြီး ၃ရက်အတွင်း wayစုပို့လို့ရတဲ့ ဘယ်ပစ္စည်းမဆို
ရန်ကုန်မြို့တွင်းပို့ခတွေ ၄၅၀၀/၅၀၀၀ဖြစ်နေပါပြီနော်။
Osပိုင်ရှင်တွေအသိဆုံးနေမှာပါ။
ကျမတို့ဆူရှီတွေက
မစောင်းမဖိတ်ရအောင်
သတိထားပို့ရတဲ့အပြင်
တညအနဲဆုံး ကြိုမှာရုံနဲ့ ၊
တမြို့နယ်ထဲ တကြောင်းထဲရှိလည်း နောက်တနေ့ နေ့လည်စာအချိန်အမီပို့တာကိုမှ ၄၅၀၀ပါပဲနော်။
အင်းစိန် သမိုင်းဆိုရင် ၅၀၀၀။
ရုံးချိန်ကျောင်းချိန်အမီ ၁၀၊ ၁၀ခွဲ အရောက်ပို့ရတဲ့နေရာတွေကိုလည်း ၄၅၀၀ ယူလို့ရတဲ့နေရာဆို ယူတယ်။
ယူလို့မရတဲ့ မြို့နယ်ဆို ၁၀၀၀/၁၅၀၀တော့
ပိုယူပါတယ်။
ပို့ခ၆၀၀၀/၇၀၀၀လောက်တောင်းလို့ အရမ်းပေးလိုက်ရတယ်ထင်နေသူတွေ ရှိလို့ နားလည်ပေးစေချင်လို့
ဒီလိုတွေ ရေးလိုက်တာပါနော်။
Deliသမားက အထုတ်များလို့၊
အရမ်းစောပို့ရလို့ ၉၀၀၀/၁၀၀၀၀ယူချင်တဲ့အခါမျိုးတွေမှာ ဝယ်သူတွေတောင်မသိလိုက်ရပဲ ကိုယ်က အိတ်စိုက်ပေးသေးတာပါ။ ခဏဏ အိတ်စိုက်တာများလို့ ဆူရှီတွေကို ပို့ခအတွက် စျေးထပ်ပေါင်းလိုက်ပါလားတဲ့ Deli တွေ အကြံပြုကြတယ်။
အရာရာ ချင့်ချိန်နေကြရတဲ့ခေတ်ကြီးမှာ ကိုယ့်စိတ်က
အဲ့လိုလည်း မလုပ်ချင်ပြန်ဘူး။
မြောက်ဒဂုံထဲဆို ကိုယ်တိုင်ပို့တာများလို့ မနက်၇/၈ နာရီလည်း ပို့တယ်၊ ပို့ခဘယ်တော့မှ ပိုမယူခဲ့ပါနော်။
တချို့ ဝယ်သူအစ်မတွေ အစ်ကိုတွေကျတော့ အရမ်းကို ကိုယ်ချင်းစာပြီး နားလည်ပေးကြတာ။
မုန့်ပိုမပေးဖို့၊ ပို့ခမစိုက်ဖို့
မုန့်လေးသာ သေချာလုပ်ပေးဖို့ပြောကြတာ။
ခုလို ဖေးဖေးမမ ရှိတဲ့ဝယ်သူတွေနဲ့ကျ တကယ်ကို
စိတ်ချမ်းသာရပါတယ်။
ကျေးဇူးလည်း တင်ပါတယ်။
ဒီလိုဝယ်သူတွေ
နောက်တကြိမ်မှာတဲ့အခါ
ဘာလေးပဲ request
လုပ်လာလာ မရရအောင်
လုပ်ပေးချင်နေတော့တာ🤩
ကိုယ့်ကိုယ် မချေမငံတွေ ဆက်ဆံကြသူတွေ၊
လိုတာထက် ပိုလိုချင်သူတွေ၊
တဖက်သားကို တလေးတစားဆက်ဆံသူတွေ၊
သဘောကောင်း ဖော်ရွေသူတွေကြားမှာ ကိုယ့်အလှည့်ကျ ဘယ်လိုလူမျိုးဖြစ်အောင်
နေရမယ်ဆိုတာ ပိုပိုသင်ယူရပါတယ်။
ဝန်ထမ်းဘဝကနေ
ခုလို Online ဆိုင် ပိစိသေးသေးလေးကို
တနိုင်တပိုင် ဦးဆောင်ဦးရွက်လုပ်လာပြီးနောက်မှာ
နေရာတိုင်းက မမြဲဘူးဆိုတာရယ်၊
ငါလုပ်နိုင်သားပဲဆိုပြီး
ဘယ်တော့မှ မာန်မတက်ဖို့နဲ့
ကိုယ့်အပြုမူတွေက တဖက်သားကို စိတ်ချမ်းသာစေဖို့ အများကြီး သင်ယူရပါတယ်။
ကျမကို လူပီသဖို့ သင်ယူစေကြတဲ့ customerတွေကို
တကယ်ကျေးဇူးတင်ပါတယ်ရှင်🙏
အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါနော်။
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
North Dagon
Dagon
11421