The Marcom Kit
What is Marketing?
မားကတ်တင်း ဆိုတာ ဘာလည်း ?
မားကတ်တင်း ကို မားကတ်တင်း နယ်ပါယ်ကို နှံ့စပ်ကျွမ်းကျင်ကြသော ပညာရှင်များက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြ ပါတယ်.
သို့ပေမဲ့ အ ခြေခံ သဘော တရားများ ကတော့ တူညီကြတယ်.
မားကတ်တင်း ကို ရိုးရှင်းစွာ စပြီး ဘာလည်း မားကတ်တင်း ဆိုတာ အရင်ဆုံး အဓိပ္ပါယ် ဖွင့်ကြည့် ရရင်
မားကတ်တင်း ဟာ ကိုယ်ကိုင်တွယ် ထားတဲ့ အကြောင်းအရာတစ်ခု ကို ကိုယ်ဦးတည်ထား တဲ့ သူဆီ
(ဥပမာ . စားသုံးသူ ၊ သုံးစွဲသူ ၊ တဆင့်၀ယ်ယူ ရောင်းချသူ ၊ တစ်ဦး တစ်ယောက်မှသည် လူမှု့ အဖွဲ့အစည်း ၊ အသင်း အဖွဲ့ အသေးလေး မှ အကြီးမားဆုံး သော အဖွဲ့ များ ဆီသို့) ရည်ရွယ် ၍ ရောင်းချ လိုတဲ့ ၊ ၀န်ဆောင် မှုပေးပို့ လိုတဲ့ အရာ ကို ဘယ်ပုံ ဘယ်နည်းနဲ့ သိရှိအောင် လုပ်ဆောင်မလည်း ဆိုတာကို ရှာဖွေဖော်ထုတ် ကြံဆခြင်းဟာ အ ခြေခံ သဘော တရားများ ဖြစ်ပါတယ် ။
ဒီထက်ပိုပြီး သိရှိလေ့လာလိုတယ်ဆိုရင် တော့ ၊ ဒါမှ မဟုတ် ကိုယ့် စည်းပွားရေးအတွက် ဆွေးနွေးတိုင်ပင် လိုရင် တော့ ,✅
Please Contact to : 🙋♀️🙋♂️
📧 [email protected] or
📞09 400393391
နောက်ပြီး ဒီ Page ကို See First ✅လုပ်ထားဖို့ မမေ့နဲ့နော်
✅Marketing is the activity, set of institutions, and processes for creating, communicating, delivering, and exchanging offerings that have value for customers, clients, partners, and society at large.📋
18/11/2020
Small Medium လုပ်ငန်းတွေဆို Target Market ဘယ်လိုရွေးမလဲ?
စီးပွားရေးသမားအများစုက ပိုက်ဆံများများလိုချင်ကြတဲ့အတွက် Target market ထားတဲ့အခါမှာ ချဲ့နိုင်သမျှချဲ့ကြတယ်...ဒါပေမဲ့ လုပ်ငန်းကြီးတွေလောက် budget မသုံးနိုင်တော့ ပင်လယ်ထဲကို အပ်ကျသလိုဖြစ်တတ်ကြတယ်... နည်းနည်းပဲသုံးနိုင်တဲ့အတွက် ထိရောက်အောင် Target market ကို ကျစ်ကျစ်လစ်လစ်ရွေးချယ်တတ်ဖို့လိုပါတယ်...
ရွေးချယ်တဲ့အခါ သင့်လုပ်ငန်းကို segment အစိတ်အပိုင်းလေးတွေအရင်ခွဲပါ.. ပြီးတော့ အချက် ၃ချက်ပေါ်မူတည်ပြီး ရွေးချယ်ပါ..
1. Personal Fulfillment သင်ဘယ်လောက်ထိ customer ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လဲ ဖြည့်ဆည်းပေးရတာကို ကြိုက်နှစ်သက်လဲ
2. Value to the market သင့် product, service ကို customer ကဘယ်လောက်တန်ဖိုးထားလဲ.. သင့် products, services အပေါ် ဘယ်လောက်သုံးနိုင်လဲ
3. Profibility ဘယ်လောက်ထိအကျိုးအမြတ်ရှိမလဲ
ဒီ ၃ ခုကို ၁ ကနေ ၁၀ အမှတ်တွေပေးပြီး အများဆုံးအမှတ်ရတာက သင့်လုပ်ငန်းရဲ့ ဘယ် segment အစိတ်အပိုင်းလဲ.. အဲဒီ အစိတ်အပိုင်းက သင့်လုပ်ငန်း အဓိက လုပ်ရမဲ့လုပ်ငနး်..သင် Professional အဖြစ်ဆုံး အစိတ်အပိုင်းနဲ့.. သင့် လုပ်ငန်း branding ဖြစ်နိုင်တဲ့ အချက်ပါပဲ..
လက်တွေ့အသုံးချပြီး အောင်မြင်ကြပါစေလို့ The Marcom မှဆုတောင်းပေးပါတယ်.. Professional Consultant အကူအညီလိုရင် chatbox ကနေ appointment ယူနိုင်ပါတယ်နော်..
17/11/2020
ရောင်းအားမြင့်စေမဲ့ Google မှ Digital Marketing နည်းလမ်း...........................
Google AdWords ဟာ ကမ္ဘာတစ်ဝှမ်းသုံးစွဲသူ 90% အထိရောက်ရှိနေတဲ့အစွမ်းထက်တဲ့ Advertising တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Google မှာကြော်ငြာထားတဲ့ ads တွေက Google Search တစ်ခုထဲမှာပြတာမဟုတ်ဘဲ တစ်ခြားသော websites များမှာ Image ကြော်ငြာအနေနဲ့လည်း ပြလို့ရပါတယ်။ Google AdWords ကိုတစ်ခါမှမသုံးဘူး သူအတွက်တော့ အရမ်းကို ရှုတ်ထွေးနိုင်ပါတယ်။ အဲဒါကြောင့် Google Ads ကကြော်ငြာ အမျိုးအစား ၅ မျိုးကို ကြော်ငြာချင်သူတွေအတွက်လွယ်ကူ အောင်ရှင်းပြပေးပါမယ်။
The Search Network အရင်ဆုံးကြော်ငြာတင်တဲ့နေရက တော့ Search Network ပါ။ Customers တော်တော်များများဟာ Google Search ကနေ လိုချင်တဲ့ product တွေကိုရှာတတ်ကြပါတယ်။ Customers တွေ Google မှာရှာတဲ့ အခါ ကိုယ့် Product Name Google မှာပေါ်ဖို့ဆိုရင်
၁။ Brand Search Campaigns
ဒါက မိမိ Product ရဲ့ Name/ Brand ကို ကြော်ငြာတာပါ။ အကယ်၍ Customer တစ်ယောက်က မိမိ Product ကို Google Search မှာရှာရင် အရင်ဆုံးမြင်ရအောင် ကြော်ငြာ ခြင်းဖြစ်ပါတယ်။ မိမိ Product ကို Google Adwords ကနေ ကိုယ်တိုင် ကြော်ငြာခြင်းအားဖြင့် Marketing အသုံးစရိတ်ကို လျှော့ချနိုင်တဲ့အပြင် Product ရဲ့ Website ကတစ်ဆင့် Direct Selling လုပ်နိုင်သောကြောင့် Upsell ဖို့အခွင့်အလမ်းများပါရနိုင်ပါတယ်။
၂။ Generic Search Campaigns
ဒါကတော့ Customers ဖြစ်လာနိုင်တဲ့သူတွေကို Target ထားပြီး ကြော်ငြာတာဖြစ်ပါတယ်။ ဒီလိုကြော်ငြာ မှာဆိုရင် Customer လိုချင်တဲ့ Product မျိုး Keywords နဲ့ ကြော်ငြာပေးရပါတယ်။ ဒီနည်းက ပထမ Brand Search လို Customer ချက်ချင်းမရနိုင်ပေမယ့် မိမိ Product ကို မသိသေးတဲ့ Customer တွေအတွက် အထောက်အကူပြုပါတယ်။
၃။ Display Network Online မှာရှိတဲ့ Website တော်တော်များများက သူတို့ရဲ Website ၀င်ငွေအဖြစ် Google Ads တွေကိုပြလေ့ရှိပါတယ်။ အဲဒါကို Google Display Network (GDN) လို့ခေါ်ပါတယ်။ GDN မှာ သန်းပေါင်းများစွာသော Websites, New Pages, Blogs, Gmail, Youtube တို့ပါဝင်ပါတယ်။ Display Network မှာကြော်ငြာတာက Search Network ကလို ရှာမှပြတာမျိုးမဟုတ်ဘဲ GDN မှာပါတဲ့ Site တစ်ခုကိုဝင်တာနဲ့ ပြတဲ့ကြော်ငြာမျိုးပါ။ ဒီမှာ ကြော်ငြာကို စိတ်ဝင်စားသူရှိသလို စိတ်မ၀င်စားတဲ့လူလဲရှိနိုင်ပါတယ်။ အဲဒါကြောင့် GDN မှာကြော်ငြာတဲ့ အခါ လူတိုင်းစိတ်ဝင်စားအောင် အထူးဂရုဆိုက်ရပါမယ်။
၄။ Video ဆိုတာ လူတော်တော်များများကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ အဒါကြောင့် Video ကြော်ငြာကလဲအရေးကြီးပါတယ်။ Video ပြုလုပ်တဲ့အခါ အရမ်းကြီးကောင်းစရာမလိုပါဘူး။ 20-40 seconds စာလောက် Video အတိုလေးတွေနဲ့ကြော်ငြာ တာ ပိုထိရောက်ပါတယ်။ အနည်းဆုံး Video အတို ၄ခုလောက် ရိုက်ပြီး ကြော်ငြာဖို့ လဲအကြံပြုချင်ပါတယ်။ Video network မှာဘယ်လိုကြော်ငြာမျိုးကို ပြသင့်လဲဆိုတော့ Video Remarketing Campaigns ပါ။
၅။ Video Remarketing Campaigns ဒါက Remarketing Display Campaigns လိုပါပဲ Product ကိုသိပြီးသားလူတွေ , စိတ်ဝင်စားတဲ့လူတွေကို Video ပြပြီး Customer ဖြစ်အောင် ကြော်ငြာတဲ့နည်းပါ။ ဒီနည်းက Image ကြော်ငြာထက်ပိုပြီးထိရောက်ပါတယ်။ ဒီနည်းကို အသုံးပြုမယ်ဆိုရင် ကြော်ငြာတဲ့အခါမှာ
၁။ စိတ်ဝင်စားတဲ့ သူတွေကို Target ထားရပါမယ်။
၂။ Video ထဲမှာ Website မှတစ်ဆင့်ဝယ်ဖို့ Promotion တွေနဲ့ မြင်သာအောင်ဖော်ပြရပါမယ်။
၃။ Product ရဲ့ Website Landing Page ကောင်းကောင်းနဲ့ စိတ်ဝင်စားအောင်ဖော်ပြပေးရပါမယ်။
The Marcom ရဲ့ Post တွေကနေ မိတ်ဆွေတို့ အတွေးတစ်ခုတော့ ရသွားမယ်လို့ ယုံကြည်လျက်..
16/11/2020
Marketing လုပ်တော့မယ်ဆိုရင် ဘယ်ဟာတွေ boom ဖြစ်နေလဲ? Statistics တွေဘယ်လိုရှိလဲ သိဖို့လိုမယ်နော်...
Stastics မသိပဲ Marketing မြှားတွေ ပစ်နေရင် မြှားတွေပဲကုန်ပြီး ပြန်ရသင့်သလောက် ပြန်မရတတ်ပါဘူး..
2020 မှာ popular အဖြစ်ဆုံး Social Media တွေနဲ့ သူတို့ရဲ့ Statistics တွေ စုစည်းပေးလိုက်ပါတယ်နော်..
Facebook ကတော့ ထိပ်ဆုံးမှာရှိနေပါသေးတယ်
1. Facebook statistics
2. YouTube statistics
3. WhatsApp statistics
4. Instagram statistics
5. Reddit statistics
6. Twitter statistics
7. Snapchat statistics
8. LinkedIn statistics
9. Pinterest statistics
10. Tumblr statistics
16/11/2020
To Get Your Brand Noticed!
Click here to claim your Sponsored Listing.
Category
Website
Address
Thitsar Road
Dagon