Subaru Japanese Language Class
20/08/2024
📣📣 JLPT N4 (December Exam)
ဖြေမဲ့သူတွေရှိရင် မနက်ဖြန် တင်ပေးပါမယ်။
Viber 09254897895 မှာ စာရင်းလာပေးပါနော်။
📌လက်ခံဦးရေ - ၆ယောက်
ကျောင်းဘက်က စိတ်ချရတဲ့ဆီမှာ အပ်ပေးပါမယ်။
20/01/2023
https://www.facebook.com/94267350803/posts/10160001447305804/?mibextid=Nif5oz
JFF 2023 SHANGRI-LA SCREENING SCHEDULE UPDATE
Please take note of the changes made in the Shangri-la Red Carpet Cinema Schedule
16/01/2023
Minna San!!!
၁၈ ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ၂၀၂၃ ခုနှစ်
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
Japanese Literature Translation Contest (ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ)
ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်။ ဂျပန်ခေတ်ပြိုင် စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။
• ယခင်ကျင်းပခဲ့သော ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲတွင် ဆုရရှိဖူးသောသူ မဖြစ်စေရ။
လျှောက်ထားရမည့်ကာလ : ၁၆ .၁.၂၀၂၃ မှ ၃၁.၁.၂၀၂၃ ညနေ ၄နာရီ အတွင်း
ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက် : ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့ (ဗုဒ္ဓဟူးနေ့)
ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက် : ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့(အင်္ဂါနေ့)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form Link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://forms.gle/ghh5yukUpMB4LWrP6
Japanese Literature Translation Junior Level Contest (ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ)
ပါဝင်ယှဉ်ပြိုင်သူသည် အသက် (၂၅) နှစ် အောက် ရှိရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။၊ လွယ်ကူရိုးရှင်းသော ဂျပန်စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ ပြန်ဆိုရမည်ဖြစ်ပါသည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန်အတွက် ရည်ရွယ်ပါသည်။ Zoom Online System ဖြင့် (၃) နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
• ယခင်ကျင်းပခဲ့သော ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲတွင် ဆုရရှိဖူးသောသူ မဖြစ်စေရ။
လျှောက်ထားရမည့်ကာလ - ၁၆.၁.၂၀၂၃ မှ ၃၁.၁.၂၀၂၃ ညနေ ၄ နာရီ အတွင်း
ကျင်းပမည့်ရက် - ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (တနင်္ဂနွေနေ့)
အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီ
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form Link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://forms.gle/2tKTW4bmVkWKBesm7
ဘာသာပြန်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပါသည်။
( ပြိုင်ပွဲနှင့် ပတ်သတ်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့ပါမည်။ )
ဆက်သွယ်စုံစမ်းရန် - MAJA Head Office
09-428612151, 09-262602121
28/07/2022
ဂျပန်လိုရေတွက်ပုံများ
#ဂျပန်စာ
#ဂျပန်စာသင်တန်း
にほんごは むすがしいですか?
Yes ❤️
or
No👍
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Dagon
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |