TOP Mobile Training Yangon
17/11/2020
Proximity Sensor (P Sensor) လေးအကြောင်းပါ . . .
ဖုန်းထဲမှာ P Sensor ကို နားကြားစပီကာ (Ear Speaker) နားမှာ တပ်ဆင်ထားပါတယ်။
P Sensor အကြောင်း လေ့လာကြည့်ရအောင်
P Sensor ရဲ့ အလုပ်က အနီးအနားက အရာဝတ္ထုတွေကို အာရုံခံတာပါ
ရေဒါရဲ့ အခြေခံဖြစ်တဲ့ လင်းနို့တွေရဲ့ အသံလှိုင်းထုတ်လွှတ်ပြီး တုန့်ပြန်သံအာရုံခံခြင်းနဲ့ အတူတူပါပဲ
P Sensor ထဲမှာ အပိုင်းနှစ်ပိုင်း ပါတယ်ဗျ
အနီအောက်ရောင်ခြည် (Infrared Ray) ထုတ်လွှတ်ပေးတဲ့ LED အပိုင်းနဲ့
အနီအောက်ရောင်ခြည်ကို ပြန်လည်လက်ခံတဲ့ အလင်းရောင်အာရုံခံဒိုင်အုတ် (Photo Diode) တို့ပါ
Remote Control တွေမှာ အသုံးပြုတဲ့ Infrared Ray LED ကို အသုံးပြုပြီး
ပတ်ဝန်းကျင်ကို အနီအောက်ရောင်ခြည် ထုတ်လွှတ်မယ်
အနီးအနားမှာ အရာဝတ္ထုမရှိရင် အနီအောက်ရောင်ခြည် ပြန်မလာတော့ဘူး
ရှိနေရင်တော့ အနီအောက်ရောင်ခြည် ပြန်လာမယ်
ပြန်လာတဲ့ အနီအောက်ရောင်ခြည်ကို Photo Diode က လက်ခံယူမယ်
အဲဒါဆို Photo Diode အကြောင်းလဲ ပြောရမယ်ဗျ
Photo Diode နဲ့ LED တို့က အလုပ်လုပ်ပုံ ပြောင်းပြန်ပါ
LED (Light Emitting Diode) လို့ခေါ်တဲ့ အလင်းလွှတ်မီးသီးဆိုတာ
သူ့ကို လျှပ်စီးကြောင်းပေးလိုက်ရင် အလင်းရောင် ပြန်ထုတ်ပေးတယ်
ပေးတဲ့ လျှပ်စီးကြောင်း အနည်းအများကို မူတည်ပြီး LED လင်းမယ်
Photo Diode ဆိုတာ သူ့ပေါ်ကို အလင်းရောင်ကျလာရင် လျှပ်စီးကြောင်း ပြန်ထုတ်ပေးမယ်
အလင်းရောင်အပေါ်မူတည်ပြီး လျှပ်စီးကြောင်း အနည်းအများ ကွာခြားမယ်
ဖုန်းခေါ်တဲ့အချိန်မှာပဲ P Sensor စပြီး အလုပ်လုပ်ပါတယ်
Infrared Ray ကို စတင်ထုတ်ပေးပြီး Photo Diode က စောင့်ကြည့်တယ်
ဖုန်းပြောတဲ့အချိန် ဖုန်းကို နားမှာကပ်လိုက်ရင်
ear speaker အနီးက P Sensor နဲ့ နားနဲ့ ကပ်သွားမယ်
အဲဒါဆို Infrared Ray က Photo Diode ဆီကို ပြန်ရောက်လာတဲ့အတွက်
Photo Diode အလုပ်လုပ်ပြီး CPU ကို သတင်းပြန်ပို့မယ်
Touch ကို နားနဲ့ထိနေတဲ့အတွက် Touch ရဲ့လုပ်ငန်းစဉ်တွေ မူမမှန်နိုင်တော့ဘူး
Display ကို မမြင်ရတဲ့အတွက် Dispaly ကို ဖွင့်ပေးထားဖို့ မလိုတော့ဘူး
အဲဒါကြောင့် CPU က Touch ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ခိုင်းပြီး Display ကိုလဲ အပိတ်ခိုင်းမယ်
ဖုန်းကို နားနဲ့ ပြန်ခွါလိုက်ရင် Photo Diode မှာ Infrared Ray ပြန်မရောက်တော့လို့
Touch ကို အလုပ်လုပ်ခိုင်းပြီး Display ကို ပြန်ဖွင့်ခိုင်းမယ်
ဒါ Proximity Sensor ရဲ့ လုပ်ငန်းစဉ်ပါပဲ
P Sensor ကို VBAT (Battery Volt) တိုက်ရိုက်ပေးထားတဲ့အတွက်
ရေဝင်ပြီး ရှော့ဖြစ်တဲ့အခါ ဖုန်းလဲ အသုံးပြုလို့ မရတော့ပါဘူး
P Sensor ကို CPU နဲ့ တိုက်ရိုက်ချိတ်ဆက် သတင်းပို့ပေးရပါတယ်
Data Clock လမ်းကြောင်းတွေနဲ့ပါ P Sensor ကို CPU detect သိအောင်
EINT လမ်းကြောင်းနဲ့ သတင်းပို့ပေးရပါတယ်
P Sensor ရဲ့ error ကြောင့် Display ပိုင်းကို သိပ်မထိခိုက်စေပေမယ့်
Touch ပိုင်းကိုတော့ ဒုက္ခပေးတတ်ပါတယ်
P Sensor ကြောင့် Touch ဆွဲမရတာမျိုးကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်
အဖြစ်များတာကတော့
ဖုန်းဝင်လာရင် Display မှောင်သွားတာပါ
တဖက်က ဖုန်းချလိုက်မှ Display ပြန်လင်းလာပြီး Touch ကိုပါ အသုံးပြုလို့ရပါတယ်
P Sensor ကို ဖြုတ်ပစ်လိုက်ရင် ဖုန်းပြောရင်း ဖုန်းကို နားမှာကပ်လိုက်တဲ့အခါ
Display ပိတ်မပေးတော့ပါဘူး
Crd
16/11/2020
DC to DCဆိုတာဘာလဲ
DC to DCအမြဲတော့ကြားနေကျ
မြင်နေကျ သူ့ကြောင့်ဖြစ်တဲ့ errorတွေကြုံနေကျ
ဟုတ်ပြီ DC to DCကဘာလဲ
ဘယ်လိုအလုပ်လုပ်သလဲ
electronic TV/VCD/DVDအစရှိတဲ့စက်တွေပြင်ရာကနေ
Mobileဘက်ကို ကူးပြောင်းလာတဲ့သူတွေတွေ့ဖူးနေကျဖြစ်တဲ့
7805/7808/7812 Transistorပုံစံလေးပါ
Transistorမှာ collector /emitter/ baseသုံးငုတ်ရှိသလိုပဲ
သူကတော့ အလယ်တစ်ဖက်ကတော့(base)GNDပေါ့ဗျာ
တစ်ဖက် က12voltဝင်တယ်ဆို တစ်ဖက်က7805ဆို 5voltထွက်မယ်
7808ဆို 8voltထွက်မယ် 7812ဆို 12Voltထွက်မယ်
သူတို့က voltလျှော့ပေးတာအပြင်
အဝင်ဘက်က 12voltထက်ကျွံပြီး 13voltတို့ 14Voltတို့ထွက်လာလဲ
အထွက်ဘက်ကတော့ လုံးဝသူထွက်ရမယ့်Volt 8voltဆို 8volt
5voltဆို 5voltလုံးဝ တိကျစွာပြန်ထုတ်ပေးတာပါ
အဝင်voltလုံးဝ လွန်လွန်ကျွံကျွံဖြစ်လာရင်တော့ အဲ့ဒီ DC to DCလေးပျက်သွားမှာပါ တစ်ဖက်က Voltအထွက်ပိုင်းကပစ္စည်းတွေကိုတော့ ဘာမှဒုက္ခပေးမှာမဟုတ်ပါဘူး
Mobileဖုန်းက DC to DCတွေကရော
ဟုတ်ကဲ့ အပေါ်မှာကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပါပဲ
တစ်ဖက်က 3.5/3.8Voltဝင်မယ်
DC to DCလေးရဲ့အောက်ဘက်နဲ့ အခြေလေးချောင်းက တစ်ချောင်းကတော့ GNDပါ
တစ်ဖက်ကိုတော့ သူ့ဆီသက်ရောက်ရမယ့်volt 1.8ဆို 1.8
2.8ဆို 2.8တိတိကျကျပြန်လည်ထုတ်လွှတ်ပေးမှာပါ
ရေဝင် CAMERAမရ TOUCHမရဘာညာဆို အဲ့DC to DCလေးတွေ ရေဂျိုးကြောင့်/ ပျက်တာကြောင့် ဒုက္ခပေးကြတာများပါတယ်
ဲ့အဲ့တော့ ကိုယ်ရှင်းချင်တဲ့ errorလမ်းကြောင်းမှာ DC to DCလေးတွေပါရင်လဲ အထူး ဂရုပြုဖို့လိုပါတယ်
ခုဆို ကျွန်တော်ပြောချင်တဲ့ DC to DCဘာအလုပ်လုပ်လဲဆိုတာ
အားလုံးရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
သင်ဆရာ မြင်ဆရာ ကြားဆရားများအားလုံးကိုကျေးဇူးတင်ပါတယ်။
မူရင်.crd
Click here to claim your Sponsored Listing.
Telephone
Website
Address
Botataung