MyanmarPyi News
15/12/2025
မန့်တွေကတော့ ရှယ်ပဲ
15/12/2025
ဘင်ကြီး ငထွန်းက ဘာမှ မလုပ်ပေးနိုင်ဘူးလား
🟢နမ့်ခမ်းမြိုနယ်ထဲ ကျေးရွာအုပ်စု ၅ ခုမှာ KIA က
A၊ B၊ C အဆင့် သုံးဆင့်ခွဲပြီး အိမ်တိုင်း ဆန်၊ ငွေ၊ ဆားတွေ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ အခက်တွေ့နေ
လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၅ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် တအာင်းတပ် TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြိုနယ်ထဲက ကျေးရွာအုပ်စု ၅ ခုကို ကချင်တပ်မတော်-KIA တပ်က A၊ B၊ C အဆင့် သုံးဆင့်ခွဲပြီး ဆန်၊ ငွေ၊ ဆားတွေကို အခွန်ကောက်ခံတဋကြောင့် ဒေသခံတွေ အခက်တွေ့နေကြတယ်လို ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ ရန်ဝူးအုပ်စု၊ လွယ်ချက်အုပ်စု၊ လွယ်ယိုင်းအုပ်စု၊ မော်ဆွေအုပ်စုနဲ့ ဟင်လုံအုပ်စုထဲက ကျေးရွာတွေကို KIA တပ်ဘက်က အစည်းအဝေးခေါ်ယူခဲ့ပြီး ကောက်ခံခဲ့တာ ဖြစ်တယ်လို သိရှိရပါတယ်။
အဲဒီအစည်းအဝေးထဲမှာ A၊ B၊ C အဆင့် သုံးဆင့်ခွဲခြားသတ်မှတ်ပြီးတော့ အခွန်ပေးဆောင်ရမှာဖြစ်ကြောင်း အသိပေးခဲ့ပြီး သတ်မှတ်ထားတဲ့ အခွန်ကို မပေး မနေရ ပေးဆောင်ရမှာဖြစ်တယ်လို သတိပေးပြောကြားခဲ့တယ်လို ဆိုပါတယ်။
ဒေသခံတစ်ဦးက "ကျေးရွာဥက္ကဌတွေ အကုန်လုံး အစည်းအဝေးခေါ်တယ်။ အခွန်ပေးရမယ်ဆိုပြီး သတိပေးတယ်။ အစည်းအဝေးထဲမှာ A၊ B၊ C ဆိုပြီး သတ်မှတ်တယ်။ A က ရှိတဲ့အိမ်တွေကို ဆန် ၂ တင်းနဲ့ ဆား ၂ ပိဿာ တကယ်လို အဲဆန်မပေးနိုင်ရင် ပိုက်ဆံ ၁ သိန်း ၃ သောင်းပေးရမယ်။ B က နည်းနည်းအဆင်ပြေတဲ့ မိသားစုကျတော့ ဆန် ၁ တင်းနဲ့ ဆား ၁ ပိဿာ ဆန်မပေးရင် ပိုက်ဆံ ၇ သောင်းခွဲပေးရမယ်။ C ကတေ အရမ်းဆင်ရဲတဲ့မိသားစုထဲမှာပါတယ်။ သူတိုကျတော့ ဆန် ၁၀ ပြည် ပိုက်ဆံ ၅ သောင်း ပေးရမှာ။ မပေးလိုလည်း မရဘူး" လို ပြောပါတယ်။
အဲဒီဘက်က ဒေသတွေမှာ KIA တပ်ဘက်က နှစ်စဉ်နှစ်တိုင်း အခွန်ကောက်ခံနေတာကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အခွန်ဆက်မကောက်ဖို ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
“သူတိုနှစ်တိုင်းလိုလိုကောက်တယ်။ အခုလိုမျိုး မကောက်စေချင်တော့ဘူး။ ရွာသားတွေလည်း သိတဲ့အတိုင်းဘဲ အဆင်ပြေမနေဘူး။ တချိုအိမ်တောင် ဘာမှစားစရာမရှိဘူး။ စားစရာမရှိတာတောင် သူတိုကောက်တဲ့ဟာ ထည့်ရအုံးမယ်။ ဘာအခွန်လည်းတော့မသိဘူး။ တကယ်ပြောရမယ်ဆိုရင် ဘာမှမဟုတ်တဲ့အခွန် ပေးနေရတာ။ မကောက်ဖို တောင်းဆိုရင်ချင်တယ်" လို ၎င်းက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေမှာလည်း ကားရှိလည်း ကားအခွန်၊ ကျွဲ၊ နွားရှိလည်း ကျွဲ၊ နွားအခွန်၊ စက်ရှိလည်း စက်အခွန်ဆိုပြီး ပေးဆောင်နေခဲ့ရတယ်လို ဆိုပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Botataung