SMSWE Learning Collection

SMSWE Learning Collection

Share

Photos from MASES - Myanmar Astronomy & Science Enthusiasts Society's post 15/04/2025

ငလျင်ဆိုတာ ဘာလဲ။ ငလျင်တွေ ဘယ်အချိန်မှာလှုပ်တတ်တာလဲ။

ငလျင်ဆိုတာ ကမ္ဘာ့ မြေလွှာ နှစ်ခု ပွတ်တိုက်မိတဲ့ အခါ ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်းကို ခေါ်ပါတယ်။ အဓိကအားဖြင့် ကမ္ဘာ ကို အလွှာကြီး လေးခု နဲ့ဖွဲ့စည်းထားပါတယ်။ inner core, outer core, mantle, crust လို့ခေါ်ပြီး အပြင်ဖက်ဆုံး ၂ လွှာဖြစ်တဲ့ crust နဲ့ mantle တို့ နှစ်ခု ပေါင်းပြီး ကမ္ဘာ့မျက်နှာပြင် ပေါ်မှာ အရေပြား ကဲ့သို့ အလွှာပါးလေး ဖုံးအုပ်ထားပါတယ်။ ထိုအလွှာပါး လေး က အစိတ်အပိုင်း တစ်ခုတည်း အနေနဲ့ ရှိနေတာမဟုတ်ပဲ puzzle တစ်ခု လိုပဲ အစိတ်အပိုင်းလေးတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ထို အစိတ်အပိုင်းလေးတွေ က တစ်နေရာထဲမှာ ငြိမ်နေတာ မဟုတ်ပဲ အမြဲရွေ့ရှားနေပြီး တစ်ခုနဲ့တစ်ခု တိုက်မိတာ၊ တစ်ခုပေါ်တစ်ခု ထပ်မိတာ အစရှိသည်ဖြင့် အမြဲတမ်း ဖြစ်ပေါ်နေတာပါ။ ထိုသို့ရွှေ့ရှားနေတဲ့ နှုန်းဟာ အလွန်နှေးကွေးတဲ့အတွက် သာမန်အားဖြင့် ကျနော်တို့ လူသားတွေ သတိမထားမိနိုင်ပါဘူး။ ထိုအစိတ်အပိုင်း တွေကို ကမ္ဘာ့မြေလွှာချပ်ကြီးတွေ (Tectonic Plates ) လို့ အမည်ပေးထားပြီး ငလျင် အများစုဟာ ထို မြေလွှာချပ်ကြီးတွေ ရဲ့ အစွန်းဧရိယာ တွေ မှာအဖြစ်များပါတယ်။ ဒီ အစွန်းဧရိယာ နှစ်ခု ထိတွေ့မိတဲ့ အခါ ဆက်လက်ရွေ့ရှားနိုင်ခြင်းမရှိပဲ တစ်ခုနဲ့ တစ်ခု တွန်းတိုက်ကြပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့မြေလွှာချပ်တွေ ရွှေ့ရှားခြင်းကို ဖြစ်စေတဲ့ အရွှေ့စွမ်းအင် ဟာ မြေလွှာချပ်နှစ်ခု တိုက်မိတဲ့ အချိန်မှာ ဆက်လက်ရွှေ့ရှားနိုင်ခြင်းမရှိတဲ့အတွက် ထိုနေရာတစ်ဝုိက်မှာပဲ ပိတ်မိနေတတ်ပါတယ်။ အချိန်ကြာလာတဲ့အခါ ထိုစွမ်းအင်ဟာ ဆက်လက်သိုလှောင်ထားဖို့ ပမာဏကြီးမားလာတဲ့အတွက် ငလျင်အသွင်နဲ့ ဘေးပတ်လည်ကို လှိုင်းအသွင်နဲ့ ပျံ့နှံ့သွားပါတယ်။ ထိုသို့ဖြစ်ခြင်းကို ငလျင် လှုပ်ခြင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်။ ဥပမာ အားဖြင့် တည်ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချလိုက်တဲ့ အခါ ဘေးပတ်ပတ်လည်ကို ရေလှိုင်းလေးတွေ ပြန့်နှံ့သွားတာ နဲ့ ဆင်တူပါတယ်။ ထို လှိုင်းတွေကို seismic waves လို့ခေါ်ဆိုပါတယ်။ ငလျင် တွေရဲ့ ပျက်စီးနိုင်စွမ်းအား ဟာ ထို ငလျင် မြေအနက် ဘယ်လောက် မှာ ဖြစ်ပေါ်တယ်ဆိုတာ နဲ့ လဲ သက်ဆိုင်ပါတယ်။ မြေအနက် တိမ် တဲ့နေရာတွေမှာ ဖြစ်ပေါ်တဲ့ ငလျင်ဟာ ပိုမိုနက်ရှိုင်းတဲ့ နေရာတွေမှာ ဖြစ်ပေါ်တဲ့ ငလျင်ထက် မြေမျက်နှာပြင်ပေါ်ကို ပိုမို လှုပ်ရှားစေနိုင်ပြီး အပျက်အစီး တွေပိုမို ဖြစ်ပေါ်စေနိုင်ပါတယ်။

ငလျင်တွေ ရဲ့ အရွယ်အစား ဟာ ထိုငလျင်ဖြစ်ပေါ်တဲ့ မြေလွှာချပ်ရဲ့ ပြတ်ရွေ့ကြော အရွယ်အစားနဲ့ ထိုပြတ်ရွေ့ကြော ဘယ်လောက် ရွေ့ရှားသွားတယ် ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် ထို ပြတ်ရွေ့ကြောတွေဟာ ကမ္ဘာ့ မြေမျက်နှာပြင်အောက် နက်ရှိုင်းတဲ့ နေရာမှာ တည်ရှိနေကြတာဖြစ်တဲ့အတွက် သိပ္ပံပညာရှင်တွေ ဟာ ထိုပြတ်ရွေ့ကြောတွေကို တိုက်ရိုက် တိုင်းတာနိုင်ခြင်းမရှိပါဘူး။ အခြားနည်း ဖြစ်တဲ့ ငလျင် တိုင်းတာရေးစက် (seismogram) ပေါ်မှာ တိုင်းတာရရှိတဲ့ ကမ္ဘာ့မျက်နှာပြင် လှုပ်ရှားသွားတဲ့ နှုန်းကို ကြည့်ပြီး တိုင်းတာကြပါတယ်။ ငလျင်တွေ ရဲ့ အရွယ်အစား ကို richter scale နဲ့ တိုင်းတာပါတယ်။ အင်အား ၃ ရစ်ခ်ျတာစကေး ၀န်းကျင်ရှိတဲ့ ငလျင်တွေဟာ အပျက်အစီး တွေမဖြစ်ပေါ်နိုင်ပေမယ့် အင်အား ၇ ရစ်ခ်ျတာစကေး လောက်ရှိတဲ့ ငလျင်တွေ ဟာ အပျက်အစီးတွေ ကြီးကြီးမားမား ဖြစ်ပေါ်စေတတ်ပါတယ်။ ပုံမှန်အားဖြင့် ရစ်ခ်ျတာစကေး တစ်ခုတက် သွားတိုင်း ငလျင်ကြောင့်ဖြစ်ပေါ်တဲ့ စွမ်းအင် ပမာဏဟာ အဆ ၃၀ ခန့် တက်သွားပါတယ်။ ရစ်ခ်ျတာစကေး ၆ ဟာ ရစ်ခ်ျတာစကေး ၅ ထက် အဆ ၃၀ ပိုမို ပြင်းထန်ပြီး ၊ ရစ်ခ်ျတာစကေး ၇ ဟာ ၅ ထက် အဆပေါင်း ၉၀၀ (၃၀x၃၀) ပိုမိုပြင်းထန်ပါတယ်။ အင်အား ရစ်ခ်ျတာစကေး ၈.၆ ရှိတဲ့ ငလျင်တစ်ခုဟာ ဒုတိယ ကမ္ဘာစစ်အတွင်း က ဂျပန်နိုင်ငံပေါ်ကို ကြဲ ချ ခဲ့တဲ့ အနုမြူဗုံး ပေါင်း ၁၀၀၀၀ က ထွက်ရှိတဲ့ စွမ်းအင်ပမာဏ နဲ့ တူညီပါတယ်။

ငလျင်လှုပ်တာကို ယခုချိန်ထိ ကြိုတင်မခန့်မှန်းနိုင်သေးပါဘူး။ ငလျင်လှုပ်ခါနီး ငှက်တွေ ထပျံတာ၊ မြေတွင်းအောင်း သတ္တဝါတွေ တွင်းထဲက ထွက်လာတာ တွေ ရှိတယ်လို့ ပြောကြပေမယ့် သိပ္ပံနည်း ကျ အထောက်အထား တွေယခုထိမရှိသေးပါဘူး။ တခါတရံမှာ ငလျင်ကြီး တစ်ခုမလှုပ် ခင် ငလျင်သေးလေးတွေ ဆက်တိုက်လှုပ်တတ်တာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် ဒီတိုင်းလှုပ်တဲ့ ငလျင်လား ငလျင်ကြီး မလာခင်ကြိုလှုပ်တာလားဆိုတာ တော့ ခွဲခြားမသိနိုင်ပါဘူး။ နောက်ပြီး မီးတောင်ပေါက် တာနဲ့ ငလျင်လှုပ်တာ က တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတတ်ပါတယ်။

ကမ္ဘာ့ငလျင်အဖြစ်ဆုံးဒေသ ဟာ ပစိတ်ဖိတ်သမုဒ္ဒရာ ကမ်းခြေဒေသတွေ မှာအဖြစ်အများဆုံးပါ။ ထိုဒေသကို Pacific ring of fire လို့ခေါ်ကြပါတယ်။ မိုင် ၂၅၀၀၀ ခွဲခန့် ရှည်လျားပြီး မြင်းခွာပုံ သဏ္ဍန် ရှိပါတယ်။ ထိုဒေသ ဟာ သမုဒ္ဒရာ ချောက်တွေ၊ မီးတောင် တွေ၊ မြေလွှာပြတ်ရွေ့တွေ နဲ့ ဆက်စပ်နေပါတယ်။ ထိုဒေသ မှာ ကမ္ဘာပေါ်မှာ ရှိတဲ့ မီးတောင် ရှင် တွေ ရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ မီးတောင် ပေါင်း ၄၅၂ လုံးတည်ရှိပါတယ်။ ကမ္ဘာပေါ်မှာ လှုပ်တဲ့ ငလျင် ပေါင်း ၉၀ ရာခိုင်နှုန်း နဲ့ ငလျင်ကြီးပေါင်း ၈၁ ရာခိုင်နှုန်း က ဒီဒေသမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀၀ အတွင်း ကမ္ဘာ့ အကြီးဆုံး မီးတောင် ပေါက်ကွဲ မှု ၂၅ ခုထဲ က ၂၂ ခုဟာ ဒီဒေသမှာ ဖြစ်ပေါ်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ နှစ်စဉ် မြေငလျင်ပေါင်း ၅၀၀၀၀၀ ခန့် ကို နောက်ဆုံးပေါ် ကိရိယာတွေ အသုံးပြုပြီး တိုင်းတာ နိုင်ပြီး ထိုထဲ က မှ ၁၀၀၀၀၀ ခန့်သာ လူသားတွေ ခံစားသိရှိရတာပါ။ ငလျင်ဖြစ်ပေါ်မှု အများဆုံး ငါးနိုင်ငံ ကတော့ ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စု၊ နယူဇီလန် နဲ့ ဖီဂျီ နိုင်ငံ တွေပဲဖြစ်ပါတယ်။ သဘာ၀ အလျှောက်ဖြစ်ပေါ်တဲ့ ငလျင်တွေ အပြင် လူသားတွေ ကြောင့် လဲ ငလျင်တွေ လှုပ်ခတ်နိုင်ပါသေးတယ်။ ရေနံတွင်းတူးတာတွေ၊ ကျောက်မီးသွေး တွင်းတွေ၊ ဆည်ဆောက်ဖို့ ရေတွေစု ထားခြင်းတွေကြောင့် ငလျင်တွေဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ၂၀၀၈ ခု တရုတ် စီချွမ် ငလျင် က ဆည် တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီ၊ ကျောက်မီးသွေးတွင်းတွေကြောင့် သြစတေးလျ နိုင်ငံမှာ လဲ ငလျင်တွေ ဖြစ်ပေါ်ဖူးပါတယ်။
ငလျင်လှုပ်ခြင်း ရဲ့နောက်ဆက်တွဲအနေ နဲ့ မြေပြိုတာတွေ၊ မြေကျွံတာတွေ၊ မီးလောင်တာတွေ၊ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ တခါတရံမှာ ငလျင်ထက် နောက် ဆက်တွဲဖြစ်ရပ်တွေ က ပျက်စီး ဆုံးရှုံးတာတွေ ပိုမိုဖြစ်ပေါ်စေတတ်ပါတယ်။ ဥပမာ အားဖြင့် ၂၀၀၄ အင်ဒိုနီးရှား ငလျင် ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီ ရေလှိုင်း ကြောင့် လူပေါင်း ၂ သိန်းကျော် သေကြပျက်စီး ခဲ့ရပြီး ၂၀၁၁ ဂျပန် ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီ ရေလှိုင်းကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ပျက်စီး ခဲ့ကာ ပတ်၀န်းကျင်ဒေသ တွေ အနုမြူဓာတ်ရောင်ခြည် သင့်ခဲ့ရပါတယ်။ ယခုချိန်ထိ ထိုပြသနာ ကို ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံ တွင် အဓိက အားဖြင့် နိုင်ငံအလည် မှ ဖြတ်ပြီး တည်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ က အဓိက ပြတ်ရွေ့တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၄၀ ခန့်မှ စတင်ကာ အိန္ဒိယ မြေလွှာချပ်ဟာ မြောက်ဖက် ရှိ ယူရေးရှား မြေလွှာချပ်ဆီသို့ တစ်နှစ်လျှင် ၃၅ မီလီမီတာ ခန့် ရွေ့ရှားနေပြီး ယနေ့တိုင်ဆက်လက်ရွေ့ရှားဆဲဖြစ်ပါတယ်။ ဟိမ၀န္တာ တောင်တန်းများ နှင့် တိဗက်ကုန်းမြင့်ဒေသ တို့ဟာ ထို မြေလွှာချပ်နှစ်ခု တိုက်မိရာမှ အပေါ်ဖက်သို့ တိုးထွက် လာတာဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ဟာ လဲ ထိုရွေ့ရှားမှု ရဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် အင်အားအပြင်းထန်ဆုံးအနေဖြင့် ၁၉၄၆ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ မော်လိုက် ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်တဲ့ ရန်ကုန်ဟာ ငလျင်ဒဏ် မခံရသည်မှာ ဆယ်စုနှစ် ဖြင့် ရှိပြီ ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ အင်အား ၇ နှင့် အထက် ငလျင် ဖြစ်ပေါ်နိုင် သည့်အချိန် နီးကပ် လာပြီ ဖြစ်ကြောင်း သတိပေးနေကြပါတယ်။ အထပ်မြင့်တိုက်ပေါင်း များစွာတည်ရှိတဲ့ ရန်ကုန်မှာ ငလျင်ကြီးကြီးမားမား လှုပ်ခတ်ပါက ပျက်စီး ဆုံးရှုံး မှုများပြားနိုင်ပါတယ်။ ၁၁.၁.၂၀၁၆ ဖြူး ငလျင် ဟာ အင်အား ၆ ရစ်ခ်ျတာ စကေး ရှိပြီး ရန်ကုန်မှ သိသိသာသာ သိရှိခံစားလိုက်ရပါတယ်။ နောက်ဆက်တွဲငလျင်ငယ်လေးများ လဲဆက်လက် လှုပ်ခတ်လျက်ရှိပြီး ၁၃.၁.၂၀၁၈ မှာ ရန်ကုန် ထန်းတပင် အနီးတစ်ဝိုက် ဗဟိုပြုပြီး ၃.၉ ရစ်ခ်ျတာ စကေး ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ် ခဲ့ပါတယ်။ ထိုငလျင်ငယ် လေးတွေဟာ နောက်လာမယ့် ငလျင်ကြီး ရဲ့ ရှေ့ပြေးတွေ လည်း ဖြစ်လာနိုင်ချေ ရှိပါတယ်။ ကျွန်တော်တို့ အနေဖြင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်အန္တရာယ်ကို အမြဲသတိပြု ပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကြိုတင်ဖတ်ရှု မှတ်သား ထားသင့်ပါတယ်။

~ MZM

Success Energy Sharing (Meet with Kelly Chan who changes her life with law of attraction) Day one 27/01/2024

အစမှ အဆုံးထိ နားထောင်ကြည့် ကိုယ်ဖြစ်ချင်တာတွေအတွက် စိတ်ဓါတ်ခွန်အား ဖြစ်စေပါလိမ့်မယ်။
Win Naing Soe , Tun Naing Soe , Moe Thida Soe

Success Energy Sharing (Meet with Kelly Chan who changes her life with law of attraction) Day one ၂၀၂၃ နှစ်သစ်ရဲ့ ပထမဆုံးလလေးမှာ Elysian page လေးရဲ့ ပထမဆုံး ထူးခြားတဲ့ အစီအစဉ်လေးတစ်ခုကိုလက်ဆောင်ပေးပါရစေ။ ဒီ အစီအစ...

Want your school to be the top-listed School/college in Botataung?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Botataung
11182