MEGA - 3

MEGA - 3

Share

08/07/2020

☘️ အောင်မြင်မှု အတွက် အဓိက သော့ချက် C သုံးလုံး ☘️

ကျွန်တော်တို့ page မှာ အမြဲတမ်း လာမေးကြတယ်။

⁉️ Forex Trading မှာ အောင်မြင်ချင်တယ် ! ဘာလုပ် ရမလဲ ?

Forex Trading ကို တကယ် အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ် ထားတယ်ဆိုရင်၊ ဒါမှ မဟုတ် ဘယ်အလုပ်၊ ဘယ် ရည်မှန်းချက်ကို မဆို အောင်မြင်အောင် လုပ်ဖို့ စဉ်းစားထားတယ် ဆိုရင် ဒီ " 3C “ ဟာ တကယ် အရေးပါပါ တယ်။

1️⃣✅ 1st C = Community !!!

Forex Trading အပါအဝင် ဘယ်အလုပ်မဆို အောင်မြင်မှု ကို တကယ်ရချင်ရင် " community “ ကိုယ် ပေါင်းသင်းတဲ့ ဘေးက ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှန်ကန် ကောင်းမွန်ဖို့ လိုပါတယ်။

တကယ် မှန်ကန်တဲ့ လမ်းညွှန်ပြသူ Mentor ကောင်း ရှိမှ မှန်ကန်တဲ့ mindset, education & knowledge တွေဟာ အဲဒီ community မှာ ရှိနေမှာပါ။

လူအများစုဟာ ငွေရှာဖို့ပဲ လောပြီး community ကောင်း ကို မရှာကြပါဘူး။ အဲဒီအတွက် မှားယွင်းတဲ့ အတွေးအခေါ်၊ အယူအဆ တွေနဲ့ ဆုံးရှုံးမှု များတတ်ကြပါတယ်။ Right Community! Right Mentor ရှိရင် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်/ ငွေကြေး တွေ ဆုံးရှုံးမှု နည်းပြီး လေ့လာသင်ယူမှု မှန်ကန်မြန်ဆန် ပါလိမ့်မယ်။

အောင်မြင်ချင်ရင် စိတ်ဓာတ် မှန်ကန်တဲ့ အသိုင်းအဝိုင်း ကောင်းမှာနေပါ။

2️⃣✅ 2nd C = Commitment !!!

ခိုင်မာသော ဆုံးဖြတ်ချက် ကတိကဝတ်၊ ဒါမှမဟုတ် သန္နိဋ္ဌာန်ချမှတ်ချက် " commitment “ ဟာ အောင်မြင်မှု အတွက် အရမ်း အရေးပါပါတယ်။

မလုပ်ခင် ထောင့်စေ့အောင် စဉ်းစား၊ လုပ်မယ်လို့ commitment ယူပြီးရင် ဖြစ်အောင် တကယ်လုပ်ပါ။

အလုပ်တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက်တကယ် လုပ်နိုင်တဲ့ အောင်မြင်သူ တွေတိုင်းဟာ အကုန် commitment အားကောင်းသူတွေကြီးပါပဲ။ မလုပ်ရင် အစ မထုတ်နဲ့၊ လုပ်ပြီဆိုရင် တကယ် လုပ်ပါ။

3️⃣✅ 3rd C = Consistency !!!

နယ်ပယ် တစ်ခုမှာ အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ အလုပ်ကို သေသေချာချာ နှစ်ရှည်လများ ဇောက်ချလုပ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။

လူအများစုဟာ ဘယ်လိုလုပ်ရင် အောင်မြင်နိုင်တယ် ဆိုတာ မသိတာမဟုတ်ကြပါဘူး။ သိလျက်နဲ့ စဉ်ဆက်မပြတ် မလုပ်နိုင်ကြတာပါ။

ကိုယ်က မပြေးနိုင်ရင် လမ်းလျှောက်ပါ၊ မြန်မြန် မလျှောက်နိုင်ရင် ဖြည်းဖြည်း လျှောက်ပါ။ တစ်ခုပဲ ကိုယ် အောင်မြင်ချင်တဲ့ အရာကို နေ့စဉ်တော့ မပြတ်လုပ်ပါ။

🏆 ဒီ " 3Cs “ ကို လက်ကိုင်ထားရင် Forex Trading မှာမှ မဟုတ်ပါဘူး။ ဘယ် နယ်ပယ် မှာမဆို အောင်အောင်မြင်မြင် ရပ်တည်နိုင်ပါလိမ့်မယ်။

Want your business to be the top-listed Business in Botataung?
Click here to claim your Sponsored Listing.

Website

Address


Botataung