Zarni Business Advisor

Zarni Business Advisor

Share

05/01/2023

အားလွန်းရင် ပျက်စီးတတ်တယ်။
+++++++++++++++++++

နားနားနေနေရှိပါစေဆိုပေမဲ့
အားလွန်းရင်တော့ ပျက်စီးတတ်တယ်။
နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။

လူရဲ့ သဘောသဘာဝအရ...
အားရင်းအားရင်းနဲ့
တွန်းအား ကင်းမဲ့သွားပါတယ်။
အကျင့်ဆိုးတွေ စွဲကပ်လာတယ်။
ဖုန်းပွတ်တယ်။ ဂိမ်းပစ်တယ်။
facebook မှာ ရှောက်ဖွတယ်။
ဆိုင်တာမဆိုင်တာ ဝင်ဆဲလိုက်သေးတယ်။
အပျင်းထူလာတယ်၊ စားချိန်သောက်ချိန်ပျက်လာတယ်။
တိုးတက်မှု မရှာဖွေချင်တော့ဘူး၊
သာမာန်နေထိုင်မှုဘဝ၊ ဖျက်ဆီးပစ်လိုက်တယ်။

စိမ်ကျကျနေထိုင်တယ်။ နားနားနေနေရှိတယ်။
အချိန်ပိုတွေ များတယ်။ လုပ်စရာမယ်မယ်ရရ မရှိဘူး၊
အမြဲတမ်းအားနေတတ်တယ်။
တောင်တွေးမြောက်တွေး တွေးတယ်။
တွေးရင်းတွေးရင်းနဲ့ စိမ်မချမ်းသာတော့ဘူး၊
စိတ်လုပ်ရှားခံစားမှုတွေ များလာတယ်။
မကျေမချမ်းတွေ ဖြစ်လာတယ်။

လူဆိုတာ..အားလွန်းနေရင်
ပြဿနာမရှိရင် ပြဿနာရှာတယ်။
စကားပြောဖော်ရှာချင်လာတယ်။
တောင်ပြောမြောက်ပြော ပြောလာတယ်။
သူများအကြောင်း၊ ကိုယ့်အကြောင်း၊
ကောင်းတာတွေ၊ မကောင်းတာတွေ၊
ပြောရင်းပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။
အမြင်တွေပြောင်းလာတယ်။
သဘောထားငယ်လာတယ်။ အမြင်ကျဉ်းလာတယ်။
တစ်ဖြည်းဖြည်းချင်း၊ လူတွေနဲ့ ဝေးလာတယ်။

တိုးတက်ချင်စိတ် ပျောက်ဆုံးသွားတယ်။
စဉ်းစားဉာဏ်တွေ ထိုင်းမိုင်းသွားတယ်။
ထိုးဖေါက်ချင်စိတ်ကင်းဝေးသွားတယ်။
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ လုံးဝမရင်ဆိုင်ချင်တော့ဘူး၊
တဖြည်းဖြည်းနဲ့ အပယ်ခံဘဝဖြစ်သွားတယ်။

ဒါကြောင့်မို့လို့ …
လူရယ်လို့ ဖြစ်လာရင်၊ နားနားနေနေ သိပ်မနေရဘူး၊
ပြင်ပလောကမှာ ဒုက္ခကြုံရင်ကြုံပါစေ၊
အိမ်တွင်းအောင်းပြီး ခံစားချက်များနေတာမျိုးမဖြစ်ပါစေနှဲ့၊
အပြင်မှာ ပင်ပမ်းပြီး သေရင်သေပါစေ၊
အိမ်မှာ ပျင်းရိပြီး သေတာမျိုး မဖြစ်စေပါနှဲ့၊
ယော့က်ျားဖြစ်ရင် ကိုယ့်တာဝန် ကိုယ်ယူရဲရမယ်။
မိန်းမဖြစ်ရင်၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားနိုင်ရမယ်။
ယော့က်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊
အားလွန်းတာမျိုး မဖြစ်သင့်ဘူး၊
ဘဝကို ကြိုးစားရင်းနဲ့ပဲ ခရီးသွားချင်တယ်။
အကျိုးပြုတာ တစ်ခုခုလုပ်ပြီး အနှစ်သာရ ပြည့်ဝချင်တယ်။
အားလုံး အောင်မြင်ပျော်ရွှင်နိုင်ပါစေ။

ီ_ဘာ_ဘာ

Forex Trading အခြေခံမှစ အရောင်းအဝယ်ပြုလုပ်နိုင်သည် စျေးကွက် ခန့်မှန်းနိုင်သည်အထိ သင်ကြားပေးနေသော သင်တန်းလေးတွေရှိပါတယ်ရှင် ။ သင်တန်းအသေးစိတ် 👇👇👇
https://m.facebook.com/story.php?story_fbid=251543546879098&id=103346345032153

Forex Trading အကြောင်း အသေးစိတ် သိရှိလို၍ ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအကြောင်း တိုင်ပင်ဆွေးနွေးလို၍ဖြစ်စေကျွန်မ ဇာနည်ကျော် - 09.882652424 သို့ ဖုန်းဆက် ဆွေးနွေးနိုင်သလို ရုံးသို့လူကိုယ်တိုင်လာရောက်၍လည်း အသေးစိတ် ဆွေးနွေးစုံစမ်းနိုင်ပါသည်ရှင် ။

ဇာနည်ကျော် - 09.882652424
Forex Advisor
BFA Team - NFX Co.,Ltd

04/01/2023

ယနေ့ည ၉နာရီ ခွဲတွင် သတင်းကြီး နှစ်ခု ထွက်ရန်ရှိပါတယ်ရှင် သတင်းဒေတာ ရလာဒ်များနဲ့အတူ ကမ္ဘာ့ရွှေ ဆက်တက်သွားမလား ပြန်ကျမလား 📊 ဇာနည်

Want your business to be the top-listed Finance Company in Botataung?
Click here to claim your Sponsored Listing.

Telephone

Address


Bo Myat Htun Street
Botataung
11161