Ever Win Insurance Service
မန္တလေးဈေးချိုတော်အား ကျပ်သိန်း (၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်၊
မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး(၄၀)ကျော်အနက် ပထမဆုံး မီးအာမခံထားသည့် ဈေးဖြစ်လာမည်ဟုဆို
ဒီဒါင်းမေ၊ ဖေဖော်ဝါရီ - ၂၅
မန္တလေးမြို့ ဈေးချိုတော် အဆောက်အအုံများအား ကျပ်သိန်း(၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။
မန္တလေးဈေးချိုတော် အဆောက်အဦများသည် လေးထပ်အမြင့်ရှိ ဈေးရုံများဖြစ်ပြီး ၁၉၉၄ တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ မန္တလေးနှင့် အထက်မြန်မာပြည်၏ အကြီးဆုံးသော လက်လီ၊လက္ကား ဈေးကြီးဖြစ်သည့် မန္တလေးဈေးချိုတော်တွင် လေးထပ်အမြင့်ရှိ ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်း (၃၂၀၀)ကျော်ရှိသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် အဆောက်အအုံများအား အာမခံထားရှိရန် ၂၀၁၈ ကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မန္တလေးမြို့တော်ဝန်ထံ တင်ပြထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက Mandalay In-depth News အား ပြောသည်။
အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး အဆောက်အအုံများအား မြန်မာ့အာမခံ လုပ်ငန်းတွင် ကျပ်သိန်း(၄၅၀၀၀)ခန့် တန်ဖိုးသတ်မှတ်ကာ မီးနှင့်သဘာဝဘေး အာမခံ ထားရှိမည်ဖြစ်ပြီး ပေးသွင်းရမည့် အာမခံပရီမီယံကြေး အတိအကျ မသိရသေးသော်လည်း လိုအပ်သည့် အာမခံပရီမီယံကြေး တစ်နှစ်စာအတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့ ရန်ပုံငွေမှ စိုက်ထုတ်ပေးသွင်းရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စိုက်ထုတ်ပေးသွင်းထားသည့် မီးအာမခံ ပရီမီယံကြေးကို ဈေးချိုတော်ရှိ ဆိုင်ခန်းရှင် ဈေးသူဈေးသားများထံမှ တစ်လချင်း ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းစီအတွက် မီးအာမခံကြေး တစ်နှစ်လျှင် ကျပ်နှစ်သောင်းခန့်၊ တစ်လလျှင် ကျပ်ထောင်ဂဏန်း ကျသင့်ဖွယ်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။
"စည်ပင်သာယာအနေနဲ့ လစဉ်ဆိုင်ခန်းကြေးကောက်တဲ့အပေါ် ရာခိုင်နှုန်းအနေနဲ့ အာမခံကြေး ထည့်ဝင်ပေးဖို့ တင်ပြခဲ့တာ။ သူတို့ဘက်ကကျတော့လည်း လစဉ်ကြေးလည်း ကောက်ရမယ်၊ အာမခံကြေးလည်း ကောက်ရမယ်ဆိုရင် ဝန်ထမ်းအခက်အခဲနဲ့ လုပ်ကိုင်ရတာ အခက်အခဲ ရှိမယ်ထင်တယ်။ အခုကတော့ ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး ထားမယ်ဆိုရင် မြန်မာ့အာမခံက လက်ခံတယ်။ ဒါ့ကြောင့် ဒီအဆောက်အဦးကြီးကို မီးအာမခံကြေးနဲ့ ငလျင်အာမခံကြေး ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး လုပ်မယ်ဆိုရင် လက်ခံတယ်ဆိုပြီး တိုင်းမန်နေဂျာကိုယ်တိုင်က ဆွေးနွေးသွားတာ"ဟု ဦးမင်းမင်းက ရှင်းပြသည်။
ဈေးချိုတော် ဈေးရုံ(၈)ရုံမှ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်ခန်းရှင်များနှင့် ညှိနှိုင်းပြီးဖြစ်ကာ တတိယထပ်များမှာမူ ဈေးဆိုင်ဖွင့်လှစ်သည့် အရေအတွက် နည်းပါးသလို ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။
"မန္တလေးဈေးချိုတော် အဆောက်အဦးကို ဈေးအကျိုးတော်ဆောင်ရဲ့ ဦးဆောင်မှုနဲ့ ငလျင်နဲ့ မီး အာမခံထားမယ်။ မတော်တဆ ဘေးသင့်ခဲ့ရင် ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် အာမခံထားတာ"ဟု မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။
မီးဘေး၊ ငလျှင်ဘေးစသည့် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဈေးများ ထိခိုက်ပျက်စီးပါက ပြန်လည်ထူထောင်ရန် ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျသလို မန္တလေးမြို့တော်စည်ပင်၏ ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်ရ မည်ဖြစ်သဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဈေးအဆောက်အဦးကို အာမခံထားရန် ဈေးအကျိုးတော်ဆောင် အဖွဲ့နှင့် ဈေးသူဈေးသားများက ဆုံးဖြတ်ပြီး စည်ပင်သာယာထံ တင်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ပေါ်တွင် စည်ပင်သာယာပိုင် ဈေး(၄၅)ဈေး ရှိသည့်အနက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးသည် ပထမဆုံး မီးနှင့်ငလျင်ဘေးအတွက် အာမခံထားသည့် ဈေးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ သတင်းရရှိသည်။
မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ဈေးသည်တစ်ဦးချင်း၊ ဆိုင်ခန်းရှင် တစ်ဦးချင်းစီက အာမခံ ထားရှိကြသော်လည်း ဈေးအဆောက်အအုံ အာမခံထားရှိမှု မရှိသေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၈၄လမ်းရှိ မန္တလေးဈေးချိုတော်သည် အဝတ်အထည်၊ အစားအသောက်၊ လက်မှုပစ္စည်းစသည့် လူသုံးကုန်ပစ္စည်း အမျိုးအစားများစွာ ရောင်းချသော ဈေးဖြစ်သည်။
မန္တလေးမြို့တွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ကျပ်သိန်းသောင်းချီ ပျက်စီးဆုံးရှုံးသည့် ဈေးမီးလောင်မှုများအဖြစ် ယခုနှစ် ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေး ရတနာပုံဈေး၊ ၂၀၁၆ မတ်လအတွင်းက မန္တလေးမင်္ဂလာဈေးနှင့် ၂၀၀၈ က မန္တလေးရတနာပုံဈေး Sky Walk တို့ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်။
မန္တလေးဈေးချိုတော်/ Photo – Bhone Nay (Mandalay In-depth News)
#မန္တလေးဈေးချိုတော်
မန္တလေးဈေးချိုတော်အား ကျပ်သိန်း (၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်၊
မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး(၄၀)ကျော်အနက် ပထမဆုံး မီးအာမခံထားသည့် ဈေးဖြစ်လာမည်ဟုဆို
ဒီဒါင်းမေ၊ ဖေဖော်ဝါရီ - ၂၅
မန္တလေးမြို့ ဈေးချိုတော် အဆောက်အအုံများအား ကျပ်သိန်း(၄၅၀၀၀)တန် မီးအာမခံ ထားရှိမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက Mandalay In-depth News အား ပြောသည်။
မန္တလေးဈေးချိုတော် အဆောက်အဦများသည် လေးထပ်အမြင့်ရှိ ဈေးရုံများဖြစ်ပြီး ၁၉၉၄ တွင် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ မန္တလေးနှင့် အထက်မြန်မာပြည်၏ အကြီးဆုံးသော လက်လီ၊လက္ကား ဈေးကြီးဖြစ်သည့် မန္တလေးဈေးချိုတော်တွင် လေးထပ်အမြင့်ရှိ ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်း (၃၂၀၀)ကျော်ရှိသည်။
မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော် အဆောက်အအုံများအား အာမခံထားရှိရန် ၂၀၁၈ ကတည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် မန္တလေးမြို့တော်ဝန်ထံ တင်ပြထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက Mandalay In-depth News အား ပြောသည်။
အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး အဆောက်အအုံများအား မြန်မာ့အာမခံ လုပ်ငန်းတွင် ကျပ်သိန်း(၄၅၀၀၀)ခန့် တန်ဖိုးသတ်မှတ်ကာ မီးနှင့်သဘာဝဘေး အာမခံ ထားရှိမည်ဖြစ်ပြီး ပေးသွင်းရမည့် အာမခံပရီမီယံကြေး အတိအကျ မသိရသေးသော်လည်း လိုအပ်သည့် အာမခံပရီမီယံကြေး တစ်နှစ်စာအတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့ ရန်ပုံငွေမှ စိုက်ထုတ်ပေးသွင်းရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စိုက်ထုတ်ပေးသွင်းထားသည့် မီးအာမခံ ပရီမီယံကြေးကို ဈေးချိုတော်ရှိ ဆိုင်ခန်းရှင် ဈေးသူဈေးသားများထံမှ တစ်လချင်း ပြန်လည်ကောက်ခံမည် ဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းစီအတွက် မီးအာမခံကြေး တစ်နှစ်လျှင် ကျပ်နှစ်သောင်းခန့်၊ တစ်လလျှင် ကျပ်ထောင်ဂဏန်း ကျသင့်ဖွယ်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။
"စည်ပင်သာယာအနေနဲ့ လစဉ်ဆိုင်ခန်းကြေးကောက်တဲ့အပေါ် ရာခိုင်နှုန်းအနေနဲ့ အာမခံကြေး ထည့်ဝင်ပေးဖို့ တင်ပြခဲ့တာ။ သူတို့ဘက်ကကျတော့လည်း လစဉ်ကြေးလည်း ကောက်ရမယ်၊ အာမခံကြေးလည်း ကောက်ရမယ်ဆိုရင် ဝန်ထမ်းအခက်အခဲနဲ့ လုပ်ကိုင်ရတာ အခက်အခဲ ရှိမယ်ထင်တယ်။ အခုကတော့ ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး ထားမယ်ဆိုရင် မြန်မာ့အာမခံက လက်ခံတယ်။ ဒါ့ကြောင့် ဒီအဆောက်အဦးကြီးကို မီးအာမခံကြေးနဲ့ ငလျင်အာမခံကြေး ဈေးအကျိုးတော်ဆောင်က ဦးဆောင်ပြီး လုပ်မယ်ဆိုရင် လက်ခံတယ်ဆိုပြီး တိုင်းမန်နေဂျာကိုယ်တိုင်က ဆွေးနွေးသွားတာ"ဟု ဦးမင်းမင်းက ရှင်းပြသည်။
ဈေးချိုတော် ဈေးရုံ(၈)ရုံမှ မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ ဆိုင်ခန်းရှင်များနှင့် ညှိနှိုင်းပြီးဖြစ်ကာ တတိယထပ်များမှာမူ ဈေးဆိုင်ဖွင့်လှစ်သည့် အရေအတွက် နည်းပါးသလို ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဟု ၎င်းက ဆိုသည်။
"မန္တလေးဈေးချိုတော် အဆောက်အဦးကို ဈေးအကျိုးတော်ဆောင်ရဲ့ ဦးဆောင်မှုနဲ့ ငလျင်နဲ့ မီး အာမခံထားမယ်။ မတော်တဆ ဘေးသင့်ခဲ့ရင် ပြန်လည်တည်ဆောက်ရာမှာ အသုံးပြုဖို့အတွက် အာမခံထားတာ"ဟု မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က Mandalay In-depth News အား ပြောသည်။
မီးဘေး၊ ငလျှင်ဘေးစသည့် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဈေးများ ထိခိုက်ပျက်စီးပါက ပြန်လည်ထူထောင်ရန် ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျသလို မန္တလေးမြို့တော်စည်ပင်၏ ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲပြီး တည်ဆောက်ရ မည်ဖြစ်သဖြင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဈေးအဆောက်အဦးကို အာမခံထားရန် ဈေးအကျိုးတော်ဆောင် အဖွဲ့နှင့် ဈေးသူဈေးသားများက ဆုံးဖြတ်ပြီး စည်ပင်သာယာထံ တင်ပြထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ပေါ်တွင် စည်ပင်သာယာပိုင် ဈေး(၄၅)ဈေး ရှိသည့်အနက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးသည် ပထမဆုံး မီးနှင့်ငလျင်ဘေးအတွက် အာမခံထားသည့် ဈေးတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်မှ သတင်းရရှိသည်။
မန္တလေးဈေးချိုတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ဈေးသည်တစ်ဦးချင်း၊ ဆိုင်ခန်းရှင် တစ်ဦးချင်းစီက အာမခံ ထားရှိကြသော်လည်း ဈေးအဆောက်အအုံ အာမခံထားရှိမှု မရှိသေးကြောင်း စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၈၄လမ်းရှိ မန္တလေးဈေးချိုတော်သည် အဝတ်အထည်၊ အစားအသောက်၊ လက်မှုပစ္စည်းစသည့် လူသုံးကုန်ပစ္စည်း အမျိုးအစားများစွာ ရောင်းချသော ဈေးဖြစ်သည်။
မန္တလေးမြို့တွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ကျပ်သိန်းသောင်းချီ ပျက်စီးဆုံးရှုံးသည့် ဈေးမီးလောင်မှုများအဖြစ် ယခုနှစ် ဇန်နဝါရီ(၁၇)ရက် ညပိုင်းက မန္တလေး ရတနာပုံဈေး၊ ၂၀၁၆ မတ်လအတွင်းက မန္တလေးမင်္ဂလာဈေးနှင့် ၂၀၀၈ က မန္တလေးရတနာပုံဈေး Sky Walk တို့ မီးဘေးအန္တရာယ် ကြုံတွေ့ခဲ့သည်။
မန္တလေးဈေးချိုတော်/ Photo – Bhone Nay (Mandalay In-depth News)
#မန္တလေးဈေးချိုတော်
Click here to claim your Sponsored Listing.
Telephone
Website
Address
Bago
95