Professional Hospitality Learning Partners - PHLP

Professional Hospitality Learning Partners - PHLP

Share

19/07/2026

စားသောက်ဆိုင်အတွက် စာအုပ် (၃) အုပ်
၁- ဗျူဟာကျကျ စီမံခန့်ခွဲမှုပညာ (စားသောက်ဆိုင်) Strategic Operation Management

၂- မီးဖိုချောင် စီမံခန့်ခွဲမှုပညာ Operation Management

၃- အမြတ်ထွက်စေမယ့် မီနူးစီမံခန့်ခွဲမှုပညာ Control in Menu Planning

ဒီ (၃) အုပ်ကို - ၁၈၀၀၀ နဲ့ ဖတ်ရမယ်ဆိုရင် စိတ်ဝင်စားလား?

စိတ်ဝင်တလား ဖတ်ရှုလိုရင်
09791844884
09791844488

PHLP Team

16/07/2026

ဝန်ထမ်းတစ်ဦးက မိမိတာဝန်မဟုတ်ပဲ၊ မခိုင်းပဲ ကူညီလုပ်ဆောင်ပေးချိန် ဟိုတယ်ပိုင်ပစ္စည်း တစ်ခုခု ပျက်စီးဆုံးရှုံးသွားတဲ့အခါ Management Team အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

"People make mistakes. Good systems prevent mistakes from becoming repeated losses."

အဓိပ္ပာယ်မှာ ဝန်ထမ်းတစ်ဦးရဲ့ မတော်တဆအမှားကိုသာ အပြစ်တင်ခြင်းမဟုတ်ဘဲ၊ ထိုအမှားဖြစ်စေတဲ့စနစ်၊ သင်တန်း၊ ကြီးကြပ်မှုနှင့် လုပ်ငန်းစဉ်များကိုပါ ပြန်လည်သုံးသပ်ပြီး ထပ်မံမဖြစ်စေရန် တိုးတက်အောင် ပြင်ဆင်ခြင်းက 5-Star Hotel Management ရဲ့အရေးကြီးသော စံနှုန်းတစ်ခုဖြစ်ပါတယ်။

Management အတွက် အကြံပြုချင်တာကတော့
ဝန်ထမ်းတစ်ဦးက မိမိတာဝန်မဟုတ်တဲ့အလုပ်ကို အသင်းအတွက် စေတနာဖြင့် ကူညီလုပ်ဆောင်စဉ် မတော်တဆပစ္စည်းပျက်စီးသွားပါက၊ စေတနာကို မချိုးဖျက်ဘဲ အဖြစ်မှန်ကို မျှတစွာစုံစမ်းစစ်ဆေးပြီး၊ အကြောင်းရင်းကို အခြေခံပြီး ဆုံးဖြတ်ချက်ချသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းနိုင်သလို၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးနှင့် လုပ်ငန်းစဉ်‌တွေကိုလည်း ပိုမိုတိုးတက်စေပါတယ်ဗျ။

အဲ့လို မိမိရဲ့ဟိုတယ်မှာ ဖြစ်လာရင်တော့
5-Star Hotel Standard အရဆိုရင် "Just Culture", "Fair Accountability", "Risk Management" နဲ့ "Learning Organization" ဆိုတဲ့ အခြေခံမူတွေကို အခြေခံပြီး ကိုင်တွယ်ပါတယ်။

ကိုတွယ်ပုံတွေက
အဆင့် (၁) အနေနဲ့တော့. Incident ကို ချက်ချင်း Report လုပ်ခိုင်းပါ
Supervisor ကို ချက်ချင်းအကြောင်းကြားရန်။
Incident Report Form ဖြည့်ရန်။
ဓာတ်ပုံ၊ CCTV၊ မျက်မြင်သက်သေများ စုဆောင်းရန်။
ပစ္စည်းပျက်စီးမှုကို မှတ်တမ်းတင်ရန်။
ရည်ရွယ်ချက် – အပြစ်ရှာရန်မဟုတ်ဘဲ အဖြစ်မှန်ကို သိရှိရန်။

အဆင့် (၂). Fact Finding Investigation
Management Team က အောက်ပါအချက်တွေကို စစ်ဆေးရပါမယ်။
ဝန်ထမ်းကို ကူညီရန် ဘယ်သူညွှန်ကြားခဲ့သလဲ။
Training ရရှိထားသလား။
SOP ရှိသလား။
Equipment ကောင်းမွန်မှုရှိသလား။
Accident လား။
Negligence (ပေါ့ဆမှု) လား။
Intentional Damage (ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု) လား။

အဆင့် (၃) အရဆိုရင်တော့. Root Cause Analysis
"Who did it?" မဟုတ်ဘဲ
"Why did it happen?"
ကို အဓိကစစ်ဆေးပါတယ်။
ဥပမာ
Training မလုံလောက်ခြင်း
SOP မရှင်းလင်းခြင်း
Staff မလုံလောက်ခြင်း
Supervisor မရှိခြင်း
Communication အားနည်းခြင်း

အဆင့် (၄)က. Accountability Matrix
(A) Genuine Accident
ဥပမာ
ကူညီနေစဉ် ချော်လဲပြီး Glass ကျိုးသွား။
Management Action
Coaching
Counseling
Retraining
No salary deduction
(B) Negligence
ဥပမာ
SOP မလိုက်နာ။
Safety Rule မလိုက်နာ။
Management Action
Verbal Warning
Written Warning
Retraining
(C) Gross Negligence / Intentional
ဥပမာ
အရက်မူးနေခြင်း
ရန်ဖြစ်ပြီး ပစ္စည်းဖျက်ခြင်း
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း
Management Action
Disciplinary Hearing
Final Warning
Termination (Policy အရ)

အဆင့် (၅) အနေနဲ့ Salary ဖြတ်သင့်သလားကြည့်ရမယ်ဗျာ?
နိုင်ငံတကာ 5-Star Hotel Standard အရ
မတော်တဆဖြစ်သော Accident များအတွက် ဝန်ထမ်းလစာထဲကနေ ပစ္စည်းတန်ဖိုးကို အလိုအလျောက်ဖြတ်တောက်ခြင်းကို မူဝါဒအဖြစ် မသုံးကြပါ။
အကြောင်းရင်းများမှာ
Accident Risk ကို Business Risk အဖြစ် သဘောထားကြသည်။
Hotel Insurance ဖြင့် အချို့ဆုံးရှုံးမှုများကို စီမံနိုင်သည်။
လစာဖြတ်တောက်ခြင်းသည် ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် လုပ်ငန်းခွင်ယဉ်ကျေးမှုကို ထိခိုက်စေနိုင်သည်။
စနစ်၊ သင်တန်းနှင့် ကြီးကြပ်မှုကို ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်းက ရေရှည်အတွက် ပိုအကျိုးရှိသည်။

အဆင့် (၆) က. Preventive Action
Management က
SOP Update
Toolbox Talk
Refresher Training
Cross Training
Risk Assessment
Preventive Maintenance
လုပ်ရပါမယ်ဗျာ.....

အစဉ်လေးစားလျှက်
PHLP Team
09791844884
09791844488

14/07/2026

စားသောက်ဆိုင်၊ ဘားဖွင့်ထားတယ်၊ မန်နေဂျာလုပ်နေတယ် Pour Cost မတွက်သေးဘူးလား?

PHLP က ရေးသားထုတ်ဝေထားတဲ့ Cost Contorl in Menu Planning အမြတ်ထွက်စေမယ့် နည်းဗျူဟာနဲ့ မီနူးပညာ
စာအုပ်ဖတ်ကြည့်ပါလို့ အကြုံပြုပါရစေ...
စာအုပ်မှာဖတ်ရှုလေ့လာရမယ့် မာတိကာကို ကွန်မန့်ရှာဖတ်ပါ................................

​"ဖျော်ရည်တစ်ခွက်ချင်းစီရဲ့ 'Pour Cost' (ဖျော်စပ်မှုစရိတ်) ကို ဘယ်လိုတွက်ချက်ရမလဲဆိုတာ ပြောပြပေးပါမယ်။ အဲဒါကတော့ ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကို ရောင်းဈေးနဲ့စားပြီး ၁၀၀ နဲ့ မြှောက်ပေးရတာဖြစ်ပါတယ်။ ဥပမာ - သင့်ရဲ့ Margarita ဖျော်ရည်တစ်ခွက်ကို လုပ်ဖို့အတွက် $2 ကုန်ကျပြီး $10 နဲ့ ပြန်ရောင်းတယ်ဆိုရင် အဲဒါဟာ 20% Pour Cost ရှိတာ ဖြစ်ပါတယ်။

​အခုတစ်ခါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် သင့်ဘားတစ်ခုလုံးရဲ့ Pour Cost ကို တွက်ချက်ကြည့်ရအောင်။ (လအစ သို့မဟုတ် အပတ်အစ) ကနဦးလက်ကျန်ပစ္စည်းတန်ဖိုး (Beginning Inventory) ကို နောက်ထပ်ဝယ်ယူထားတဲ့ ပစ္စည်းတန်ဖိုး (Purchases) နဲ့ပေါင်း၊ ပြီးရင် ကျန်ရှိနေတဲ့ လက်ကျန်ပစ္စည်းတန်ဖိုး (Ending Inventory) ကို နှုတ်ပါ။ ရလာတဲ့ရလဒ်ကို စုစုပေါင်း အရက်ရောင်းရငွေ (Total Alcohol Sales) နဲ့စားပြီး ၁၀၀ နဲ့ မြှောက်ပေးရပါမယ်။

အဲဒါက သင့်ရဲ့ဘားတစ်ခုလုံး ခြုံငုံပြီး ဘယ်လောက်အထိ ထိရောက်အကျိုးရှိရှိ လည်ပတ်နေလဲဆိုတာကို ဖော်ပြပေးပါတယ်။ အကြမ်းဖျင်း မှတ်သားထားနိုင်တဲ့ စည်းမျဉ်းကောင်းတစ်ခုကတော့... ယေဘုယျအားဖြင့် ပြင်းအားများတဲ့ အရက်တွေနဲ့ စပီရစ် (Liquor & Spirits) တွေရဲ့ စရိတ်ဟာ ၁၄ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိတတ်ပြီး အဲဒါက အနည်းဆုံးပါပဲ။ ဘီယာကတော့ ပုံမှန်အားဖြင့် ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းဝန်းကျင် ရှိတတ်ပြီး ဝိုင် (Wine) ကတော့ ပိုများပြီး ၂၂ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိတတ်ပါတယ်။

​ဘားတော်တော်များများ အရှုံးပေါ်ရတဲ့ အကြောင်းရင်းကတော့ ဒီနေရာမှာပါပဲ... (ဖျော်စပ်တဲ့အခါ) အောင်စရဲ့ ရှစ်ပုံတစ်ပုံ (1/8 oz) လောက်လေးပဲ ပိုလျှံသွားရင်တောင် 750ml ရှိတဲ့ အရက်တစ်ပုလင်းကနေ ၁၇ ခွက်ထွက်မယ့်အစား ၁၅ ခွက်ပဲ ထွက်ပါတော့တယ်။ တိကျသေချာမှုကသာ အမြတ်အစွန်းကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။"

မှာယူဖတ်ရှုလိုပါလျှင်
Professional Hospitality Learning Partners - PHLP
09791844884
09791844488

Photos from Professional Hospitality Learning Partners - PHLP's post 12/07/2026

“ရောင်းတော့ ကောင်းပါရဲ့... လကုန်ရင် ဘာလို့ အမြတ်မကျန်တာလဲ?” 💸🤦‍♂️

ဟိုတယ်ပိုင်ရှင်၊ ဆိုင်ပိုင်ရှင်၊ မန်နေဂျာနဲ့ စားဖိုမှူးကြီးတို့ရေ... "Cost...Cost.....Cost" နဲ့ နေ့တိုင်း ခေါင်းကိုက်ပြီး ကုန်ဈေးနှုန်းတွေကိုပဲ အပြစ်တင်နေတုန်းပဲလား?

တကယ်တော့ အရှုံးပြနေရတဲ့ အဓိကပြဿနာက ကုန်ဈေးနှုန်းတက်လို့ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မီးဖိုချောင်ထဲမှာ မျက်စိမှောက်နေတဲ့ "အလေအလွင့်တွေ"၊ စနစ်တကျမရှိတဲ့ "Portion Control" နဲ့ "Food Cost တွက်ချက်မှု အားနည်းခြင်း" တို့ကြောင့် သင့်အမြတ်တွေ သွေးထွက်သလို ယိုစီးနေတာ ဖြစ်ပါတယ်။

ဒီလို "Cost" ညည်းတွားသံတွေကို အပြီးတိုင် အဆုံးသတ်ပြီး ဆိုင်ရဲ့ အမြတ်အစွန်းကို မျက်မြင်ကိုယ်တွေ့ ပြန်လည်မြင့်တက်လာစေမည့် "အမြတ်တက်မည့် နည်းဗျူဟာများနှင့် မီနူးအနုပညာ (Cost Controls in Menu Planning)" လက်စွဲစာအုပ်ကြီးကို PHLP မှ ထုတ်ဝေလိုက်ပါပြီ။

စာအုပ်ကြီးထဲမှာ ကုန်ကျစရိတ်ကို အပိုင်ချုပ်နိုင်မည့် နိုင်ငံတကာအဆင့်မီ နည်းဗျူဟာ အခန်းကဏ္ဍ (၁၂) ခန်းကို အသေးစိတ် ဖော်ပြပေးထားပါတယ် -

အခန်း ၁။ နိဒါန်း (Introduction)

အခန်း ၂။ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို တွက်ချက်ခြင်း (Obtaining Operational Costs)

နည်းပညာအသုံးပြု၍ ကုန်ကျစရိတ်ကို ထိန်းချုပ်ခြင်း (Technology in Cost Control)

အခန်း ၃။ ရောင်းချပြီး ကုန်ပစ္စည်းများ၏ စုစုပေါင်း ကုန်ကျစရိတ် (Total Cost of Goods Sold)

အစားအစာ ကုန်ကျစရိတ် ရာခိုင်နှုန်း တွက်ချက်ခြင်း (Food Cost Percentage)

အခန်း ၄။ တစ်မျိုးချင်းစီ သို့မဟုတ် အုပ်စုလိုက် ကုန်ပစ္စည်း ကုန်ကျစရိတ် (Individual or Group Item Food Cost)

စံချက်ပြုတ်နည်းစနစ်၏ ကုန်ကျစရိတ်ကို တွက်ချက်ခြင်း (Recipe Costing)

အခန်း ၆။ တစ်ပွဲစာ ကုန်ကျစရိတ် ထိန်းသိမ်းခြင်း (Portion Cost Controlling)

တစ်ပွဲစာကုန်ကျစရိတ်များကို ပေါင်းစပ်ခြင်း (Combining Portion Costs)

အသားတင်ထွက်ရှိမှု စစ်ဆေးခြင်း (Conducting a Yield Test)

အခန်း ၅။ စားသုံးမှုအဆင့် ကုန်ကျစရိတ်နှင့် လုပ်အားခ ရှာဖွေခြင်း (AS Cost & Obtaining Labor Costs)

လုပ်အားခ လျှော့ချရန် ဝယ်ယူမှုဗျူဟာကို အသုံးပြုခြင်း

အခန်း ၇။ ကုန်ကျစရိတ်များကို ထိန်းချုပ်ခြင်း (Controlling Costs)

အခန်း ၈။ အဖွဲ့အစည်းဆိုင်ရာ ကုန်ကျစရိတ်ထိန်းချုပ်ခြင်း (Institutional Cost Control)

ဘတ်ဂျက်ခွဲဝေမှုဆိုင်ရာ အခြားရွေးချယ်စရာ နည်းလမ်းများ (Alternative Allocations)

အခန်း ၉။ စီးပွားရေးလုပ်ငန်းသုံး ကုန်ကျစရိတ်ထိန်းချုပ်ခြင်း (Commercial Cost Control)

စီမံခန့်ခွဲမှုဆိုင်ရာ အဆုံးသတ် သုံးသပ်ချက် (Managerial Analysis)

ကြိုတင်ကုန်ကျစရိတ် တွက်ချက်ခြင်း (Precosting)

အခန်း ၁၀။ အစားအသောက် ကုန်ကျစရိတ်များကို ထိန်းချုပ်ခြင်း (Controlling Food Costs)

ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအပေါ် အခြေခံ၍ ဧည့်သည်အရေအတွက်ကို တွက်ချက်ခြင်း (Forecasting Based on Probability)

ခန့်မှန်းချက်အပေါ် သက်ရောက်စေသော ပြင်ပအချက်များ

တစ်ပွဲစာ ပမာဏကို ထိန်းချုပ်ခြင်း (Portion Control)

အခန်း ၁၁။ လုပ်အားခ ကုန်ကျစရိတ်ကို ထိန်းချုပ်ခြင်း (Controlling Labor Costs)

လုပ်အားခနာရီ ဘတ်ဂျက်ရေးဆွဲခြင်း (Labor Budgets Allocation)

လုပ်ငန်းအမျိုးအစားလိုက် ဝန်ထမ်းအင်အား တွက်ချက်မှု ပုံသေနည်းများ (Staffing Formulas)

စရိတ်များကို ဘတ်ဂျက်ရေးဆွဲခြင်း (Budgeting Costs)

သုညအခြေပြု ဘတ်ဂျက်ရေးဆွဲခြင်းစနစ် (Zero-Based Budgeting)

အခန်း ၁၂။ အဓိက အနှစ်ချုပ် (SUMMARY)

ဒီလက်စွဲစာအုပ်ကြီးကို ဖတ်ရှုပြီးနောက်...

📉 Food Cost % ကို စနစ်တကျ လျှော့ချနိုင်ပြီး အမြတ်ရာခိုင်နှုန်း ပိုမိုတိုးတက်လာမည်။

🥩 Yield Test နဲ့ Portion Control နည်းစနစ်တွေကြောင့် ကုန်ကြမ်း အလေအလွင့်ကို သုညအထိ ကျဆင်းအောင် ထိန်းချုပ်နိုင်မည်။

👥 Labor Costs (လုပ်အားခ) ကို ဝန်ထမ်းအင်အား တွက်ချက်မှု ပုံသေနည်းများဖြင့် အလေအလွင့်မရှိ ဘတ်ဂျက်ချနိုင်မည်။

📊 Zero-Based Budgeting စနစ်ကြောင့် ဆိုင်ရဲ့ ဘဏ္ဍာရေးကို ပရော်ဖက်ရှင်နယ်ဆန်ဆန် စီမံခန့်ခွဲလာနိုင်မည်။

"Cost" တွေကို မထိန်းချုပ်နိုင်ရင် လုပ်ငန်းဟာ ရေရှည်ရပ်တည်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ သင့်လုပ်ငန်းကို အရှုံးကနေ အမြတ်ဆီသို့ အမြန်ဆုံး လမ်းကြောင်းပြောင်းလဲဖို့ အခုပဲ "Cost Control" လို့ Messenger မှာ စာပို့ပြီး မှာယူလိုက်ပါ!

Professional Hospitality Learning Partners - PHLP 🏆
09791844884
09791844488

10/07/2026

"HR ဖြစ်ပြီး ဒီစာအုပ်မျိုး မဖတ်သေးရင် အလုပ်လုပ်ဖို့ ခက်လိမ့်မယ်!

နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးတွေ နဲ့ စားသောက်ဆိုင်ရဲ့ စံပြစီမံခန့်ခွဲမှုပုံစံကနေစပြီး ဝန်ထမ်းခန့်အပ်ခြင်း၊ ဆုလာဘ်ပေးခြင်းနဲ့ ပြဿနာဖြေရှင်းနည်းတွေအထိ အခန်းကြီး (၇) ခန်းဖြင့် အသေးစိတ် ပြုစုထားတဲ့ ဒီစာအုပ်ရဲ့ မာတိကာ (Table of Contents) ကို လေ့လာကြည့်လိုက်ပါ.....

📚 စာအုပ်မှာ ပါဝင်မယ့် အဖိုးတန်အခန်းကဏ္ဍများ-
✨ အခန်း (၁) ။ ဧည့်ဝတ်ပြုခြင်းနှင့် ခရီးသွားလုပ်ငန်းရှိ HRM နိဒါန်း

ကမ္ဘာ့စီးပွားရေးနှင့် ဧည့်ဝတ်ပြုမှုကဏ္ဍ၏ အရေးပါပုံ

"အမှန်တရား၏ အချိန်များ" (Moments of Truth) နှင့် ဝန်ဆောင်မှုပေးသူများ၏ အခန်းကဏ္ဍ

HRM ချဉ်းကပ်မှုပုံစံနှစ်မျိုး - Hard HRM နှင့် Soft HRM သဘောတရားများ

လုပ်ငန်းခွင်အတွင်း တွေ့ကြုံရလေ့ရှိသော လက်တွေ့စိန်ခေါ်မှုများနှင့် အဆိုးမြင်ရှုထောင့်များ

စံပြဟိုတယ်ကြီးများ၏ စီမံခန့်ခွဲမှုပုံစံ (Best Practices in Action)

✨ အခန်း (၂) ။ နိုင်ငံတကာလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (International HRM & Global Business)

ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) နှင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု

နိုင်ငံတကာ ဟိုတယ်ကွင်းဆက်ကြီးများ (MNCs) ၏ မဟာဗျူဟာများ

နိုင်ငံတကာဝန်ထမ်းခန့်အပ်မှုပုံစံများ (Ethnocentric, Polycentric, Geocentric)

နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်ခြင်းနှင့် ပြန်လည်ရောက်ရှိခြင်းဆိုင်ရာ စိန်ခေါ်မှုများ (Expatriation & Repatriation)

✨ အခန်း (၃) ။ အဖွဲ့အစည်းယဉ်ကျေးမှုနှင့် လုပ်သားဈေးကွက် ဆန်းစစ်ခြင်း

အဖွဲ့အစည်းယဉ်ကျေးမှု (Organizational Culture) ဆိုတာဘာလဲ၊ ၎င်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ဧည့်ဝတ်ပြုရေးလုပ်ငန်းရှိ ပြည်တွင်းနှင့် ပြည်ပ လုပ်သားဈေးကွက် ဆန်းစစ်ချက်

လုပ်သားအင်အား ပြောင်းလွယ်ပြင်လွယ်ရှိမှု (Labour Flexibility) ဗျူဟာများ

ခေတ်သစ်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအသုံးချမှုပုံစံများနှင့် ဝန်ထမ်းထွက်နှုန်း လျှော့ချရေး

✨ အခန်း (၄) ။ ဝန်ထမ်းစုဆောင်းခြင်း၊ ရွေးချယ်ခြင်းနှင့် မတူကွဲပြားမှုစီမံခန့်ခွဲခြင်း

စွမ်းဆောင်ရည်အခြေပြု ဝန်ထမ်းစုဆောင်းခြင်း မော်ဒယ်များ

"မှန်ကန်သော စိတ်နေသဘောထား" ကို ရှာဖွေရွေးချယ်ခြင်း (Attitude-based Selection)

လုပ်ငန်းခွင်အတွင်း တန်းတူညီမျှအခွင့်အရေးပေးခြင်း (Equal Opportunities)

မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း (Diversity Management) ဖြင့် လုပ်ငန်းအောင်မြင်အောင် တည်ဆောက်ပုံ

✨ အခန်း (၅) ။ ဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခြင်းနှင့် စွမ်းဆောင်ရည်အကဲဖြတ်ခြင်း

စနစ်တကျ သင်တန်းပေးခြင်း (Systematic Training Cycle) အဆင့်ဆင့်

ဘက်စုံကျွမ်းကျင်မှု သင်တန်းများ (Cross-training) နှင့် ၎င်း၏ အကျိုးကျေးဇူးများ

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို တရားမျှတစွာ အကဲဖြတ်ခြင်း (Performance Appraisal Methods)

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုယဉ်ကျေးမှု တည်ဆောက်ခြင်း

✨ အခန်း (၆) ။ ဆုလာဘ်ဗျူဟာများနှင့် ဝန်ထမ်းဆက်ဆံရေး (Reward Strategies & Employee Relations)

ငွေကြေးဆိုင်ရာနှင့် Ngweကြေးမဟုတ်သော ဆုလာဘ်ဗျူဟာများ (Total Reward Approach)

ဝန်ထမ်းများ ပါဝင်ပတ်သက်ခွင့်နှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် (Employee Involvement & Empowerment)

အလုပ်သမားသမဂ္ဂများနှင့် ဝန်ထမ်းဆက်ဆံရေး စီမံခန့်ခွဲမှု

လုပ်ငန်းခွင်အတွင်း ပဋိပက္ခများကို အပြုသဘောဖြင့် ဖြေရှင်းခြင်း (Conflict Resolution)

✨ အခန်း (၇) ။ လုပ်ငန်းခွင်ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းမှု

ဧည့်ဝတ်ပြုရေးလုပ်ငန်းခွင်ရှိ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စံနှုန်းများ

ဝန်ထမ်းများ၏ မကျေနပ်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း (Grievance Procedures)

တရားမျှတသော စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ (Disciplinary Procedures)

နိဂုံး - ရေရှည်တည်တံ့ပြီး ပျော်ရွှင်စရာကောင်းသော ဝန်ဆောင်မှုလုပ်ငန်းခွင် တည်ဆောက်ခြင်း

💰 အထူးသက်သာသော ပရိုမိုးရှင်းစျေးနှုန်း
📱 PDF E-Book ဈေးနှုန်း: ၆,၅၀၀ ကျပ်တည်း ဖြင့်သာ!

(ဖုန်းထဲမှာ PDF ဆောင်ထားရုံနဲ့ ဝန်ထမ်းရေးရာနဲ့ စီမံခန့်ခွဲမှု ပြဿနာတွေ ကြုံလာရတဲ့အခါတိုင်း ချက်ချင်း ထုတ်ယူကိုးကား ဖတ်ရှုနိုင်လို့ တကယ့်ကို အဖိုးတန်လှပါတယ်)

💬 "တရားမျှတပြီး စနစ်ကျတဲ့ လုပ်ငန်းခွင်မှာပဲ ဝန်ထမ်းကောင်းတွေ ရေရှည်ခိုလှုံကြတာပါ။" သင့်လုပ်ငန်းခွင်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် စနစ်ချဖန်တီးနိုင်ဖို့ အခုပဲ Page Messenger ကနေ "HRM Book" ဟု ပေးပို့ကာ အမြန်ဆုံး ဆက်သွယ်မှာယူလိုက်ပါ!

Professional Hospitality Learning Partners - PHLP 🏆

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Address


Bago