Max Mingo
24/07/2017
၆၆(င)နှင့် ငြိစွမ်းနေသောသူတစ်ဦး သတိပေးခံလိုက်ရပြီ
Max Mingo Media Agent
လူမှုစာမျက်နှာပေါ်တွင် မဟုတ်က ဟုတ်က ရိုင်းပျက်သည့် အပြုအမူ အပြောအဆိုဖြင့် APP ပါတီအားလည်းကောင်း - APP ပါတီဝင်များအား ကဲ့ရဲ့ ရှုတ်ချ အပုတ်ချနေသော Saw Thar Mg အကောင့်ပိုင်ရှင်(ရန်ကုန်-ကျောက်မြောင်းနေ)အား အသိပေးခြင်း
၂၀၁၇ ခုနှစ်
ဇူလိုင်လ ၂၄
Saw Thar Mg ဆိုသော အကောင့်ပိုင်ရှင်သည် အပုတ်ချ စော်ကား ကဲ့ရဲ့ကာ မချိမနဲ့ နှဲတေးတေး နောက်သလို ပြောင်သလို ယိသဲသဲနှင့် တစ်ဘက်သတ်ဆန်စွာ ပါတီအား မဟုတ်သည်များအား ရေးသားဖော်ပြ နေသည်ကို နောက်ဆုံးအကြိမ် ဖြစ်ပါဟု - အကယ်၍ ထပ်မံကာ ရိုင်းစိုင်းစော်ကားကာ ဆက်လက်ရေးသားဖော်ပြလာမည်ဆိုပါက တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။
စောသာမောင် ရေးသားတင်ပြထားသည့်ပို့စ်အား ပူးတွဲတင်ပြသည်။
ဇော်ဝင်းထွန်း
--------------------------------------------------------------------
Saw Thar Mg Post
ဈေးဦးမပေါက်သေ့တဲ့
ရခိုင်မျိုးချစ်ပါတီ(APP) ဒုဥက္ကဌ ဦးအေးသန်းမောင်
S T M ကို မေတ္တာထားရဲ့ (block)သွားပြီး ဟ ဟ ဟ
=================================
#ဖြစ်စဉ်မှာ ………
ရခိုင်မျိုးချစ်ပါတီ(APP) ဒု ဥက္ကဌ Aye Than Maungဆိုသူ FBထက်မှာ postတင်လာသမျှ Like/ Share / comment ရေးသမျှသည် NLDပါတီနှင့်ALDပါတီ အစိုးရလော်ဘီဝါဒဖြန့်ချီရေးကိုသာ ဦးစားပေးတတ်သည်
ရခိုင်အရေးဆိုရင်တော့ ANPကိုတိုက်ခိုက်ရေးနှင့် အမျိုးသားရေးအင်အားစုများကို ရန်တိုက် အပုပ်ချစော်ကားသည့် postများ commentများကိုသာရေးတတ် တင်တတ်သူဖြစ်သည်
S T Mက …ကိုအေးသန်းမောင်က ဘယ်ပါတီကလဲ APPလား ALDလား NLDလားဟု မေးဖူးသည် (သူ)ပြန်မဖြေခဲ့ဘူး
စစ်တွေမှာ မြို့မိ မြို့ဖလိုလို့လားဟု postတင်လာသည်
S T Mက …… နိုင်ငံတော်မှာ သမ္မတရှိနေတာပဲ အတိုင်ပင်ခံလိုလို့လား ?
မြန်မာပြည်မှာ ဥပဒေရှိနေတာပဲ ကိုဖီအာနန်ကော်မရှင်လိုလို့လား ?
ပြည်တွင်းငြိမ်းချမ်းရေးစင်တာရှိနေတာပဲ
ကြားနေ အရပ်ဖက်အဖွဲ့အစည်းလိုလို့လား ?
ရခိုင်မှာANPရှိနေတာပဲ APP ALDလိုလို့လားဟူ မေးဖူးသည် (သူ)ဘာမှ ပြန်မဖြေခဲ့ဘူး
S T M က ရခိုင်ဒီမိုကရေစီALDသို့ postတင်သည် APP ဥက္ကဌ ဦးဇော်ဝင်းထွန်း(စစ်တွေ)နှင့် ဒု ဥက္ကဌ ဦးအေးသန်းမောင်(ရန်ကုန်)တို့ commentလာပေးကြသည် S T M ကြိုဆိုခဲ့သည်
S T M မေးခွန်းပြန်မေးခဲ့သည် ……ယခုကျွန်တော်တင်တဲ့ postသည် ALDသို့ တင်ပြသည့် postဖြစ်သည် လာဖြေသူက APPကဖြစ်နေသည် ဒါဆို ခင်ဗျားတို့ ALDနဲ့APPအတူတူပဲလား အမေ့သားကြီးပါတီ သားငယ်ပါတီလား တစ်ပါတီတည်းလားဟူ မေးလိုက်တော့ block သွားရှာသည် ဈေးဦးမပေါက်သေ့သော APP၏အရည်အချင်းကို ကောင်းကောင်း သဘောပေါက်နားလည်လိုက်သည်
APPသည် ၂၀၁၅ရွေးကောက်ပွဲမှာ အရွေးခံကိုယ်စားလှယ် တစ်ဦး တစ်ယောက်မှ အနိုင်မရရှိခဲ့ပဲ ANPကို ရှုံးနိမ့်ခဲ့ရသောကြောင်း ဈေးဦးမပေါက်သေ့တဲ့ပါတီဟု သုံးနူန်းတာဖြစ်ပါသည် ဟ ဟ ဟ
ရခိုင့်နိုင်ငံရေးလောကထဲကို ဒီလိုကျပ်မပြည့်တဲ့ လူတွေကို ဘာကြောင့်ဆွဲသွင်းထားကြတာလဲ
ငါပြောတာကိုလက်ခံ / ငါ့လက်မခံကေ(block) ငါ့မူမတူငါ့ရန်သူ လုပ်တတ်သော APPထဲမှ NLD+ALD ဗဒေါင်းလော်ဘီ ဦးအေးသန်းမောင်ရယ် ထာဝရ ( go bay )
Click here to claim your Sponsored Listing.
Category
Website
Address
Bago