Electrical Internal Wiring

Electrical Internal Wiring

Share

05/06/2023

လူ့အသံ ကို ဖမ်းယူပြီး
ပြန်လည် နားထောင် လို့ ရတဲ့
စက် ကို တီထွင်မယ် လို့
အက်ဒီဆင် က ပြောတဲ့အခါ
ဒီကောင် ရူးသွားပြီ ဆိုပြီး ဆေးရုံ တင်ဖို့
လုပ်ကြသတဲ့ ...

လေတိုက် လည်း မငြိမ်း ပဲ
လင်းမြဲ လင်း နေတဲ့ လျပ်စစ်မီးသီး ဆိုတာကို
လုပ်မယ် ဆိုတုန်းကလည်း
ရေနံဆီ မီးခွက်နဲ့ နေ နေကြ လူတွေက
မိန့်မိန့် ဂျီး နဲ့ ပြုံး ခဲ့ ကြတာပါ ...

ဟင်နရီဖိုဒ့် ဆိုတဲ့ကောင်လေး ဟာ
မြင်း ဆွဲတဲ့ လှည်း တွေ မှာ
မြင်း မလို ပဲ စက် ကို ထည့်မယ်
သစ်သား ဘီးတွေ အစား ရာဘာ သုံးမယ်
ဒီအတွက် တမြို့ နဲ့ တမြို့ ကို
အမြဲတမ်း လမ်း မ တွေ ဖောက် ရမယ် လို့
ဆို တော့ သာမန်လူတွေ မဆိုထား နဲ့
အိုက်တုန်း က အစိုးရ လူကြီးမင်း တွေကတောင်
ဒါဟာ မဖြစ်နိုင်ဘူး ဆိုပြီး စိတ်မဝင်စားခဲ့ပါ...

ပိတ်ကား ကြီး တွေ မှာ ပေါ်တဲ့
ရုပ်ရှင်ပြစက် တွေ ခေတ်စား နေတဲ့အချိန်မှာ
လူ တယောက် က ( ဂျာမနီ က )
အခု မိတ်ဆွေတို့ ကြည့် နေတဲ့
TV ဖန်သားပြင် ကို တီထွင်မယ် ဆို လေတော့
အရင်းနှီး ဆုံး မိတ်ဆွေ က တောင်
အောက်ပါအတိုင်း ရက်ရက်စက်စက် ဆိုတယ် ..
" မင်းရဲ့ လေးထောင့် သေတ္တာ လေးကို
ဘယ်သူက စိတ်ဝင်တစား ကြည့် နေမှာလဲ "
----------
လူတွေ ဆိုတာ လူတွေပဲ ဖြစ်ပါတယ် ...
ဖော်ပြထားတဲ့ အဖြစ်မျိုးတွေမှာ လူ တွေကို
အပြစ် တင် မဲ့ စိတ် သင့်မှာ ဖြစ် ပေါ်
ခဲ့ရင် ချက်ချင်းပဲ ဖျောက် လိုက်ပါ ...

ကျနော်တို့ဟာ
ကျနော်တို့ နားလည် လက်ခံနိုင်တဲ့
ဘောင်အတွင်း က နေပြီး
ရုန်းမထွက် နိုင် ကြ ပါဘူး ...

ကျနော် တို့က
ကျနော်တို့ နားလည် နိုင်တာနဲ့ပဲ
နှိုင်းယှဉ် ပြီး ဒါဟာ ဟုတ်တယ်
ဒါဟာ တော့ မဖြစ်နိုင်ဘူး လို့ပဲ
တတ်နိုင် ကြတာ မဟုတ်ပါလား ...
----------
အိုင်းစတိုင်း က
e= mc 2 ဟာ
သာမန် bomb ထက်
အဆ သိန်းသန်းချီပြီး ပြင်းထန် မယ် လို့
ဆိုတဲ့အခါ အစပထမ မှာ တော့
ပညာရှင်တွေကပါ မယုံကြည် နိုင်
ဖြစ်ခဲ့ကြရတာပါ...

နေ ( the sun ) ရဲ့ သက်တမ်းဟာ
နှစ်ပေါင်း ၄.၅ ဘီလီယံ ကျော် ပါပြီ တဲ့ ...
နှစ် သန်းပေါင်း ၄၅၀၀ ကျော် ပြီလို့
ပြောတာပါ ...
ဒီလို ရှည်လျားလှတဲ့ ကာလ ကြီး
တလျောက် အတွက် သူ့ရဲ့ လောင်စာ
ဟာ ဘာဖြစ်လို့ လုံလောက် နေတာပါလဲ...
အရွယ်အစား ကြီး လို့ များလား
ထင် မယ်ဆိုရင် သင်ဟာ နူကလီးယား
ဓါတ်ပြု ခြင်း ဆိုတာကို နည်းနည်းလေး ဖြစ်ဖြစ်
သဘောပေါက်မှ နားလည် နိုင်မှာပါ...
----------
နောက်ဆုံးတော့
ကောင်းကင်ကို သင် မော့ကြည့်လိုက်ပါ ...
အဆုံးအစ မရှိ ဘူး မဟုတ်ပါလား ...
ကျနော်တို့ဟာ
နိုးထရင်း ဖျတ်လတ်ရင်း မျက်ဝါးထင်ထင်
ရှင်သန် နေရင်း နဲ့ကို အိပ်မက်ကမ္ဘာ ထဲမှာ
နေ ထိုင် ရသလို ဖြစ် နေ တာ ...
----------
ကျနော် တို့ ရဲ့ ဘဝ ဆိုတာ
အိပ်မက် ဆန် လွန်း လှ ပါတယ် -----

credit

19/02/2023

ဆိုလာတပ်လို့ကောင်းတဲ့အချိန်
----------------------------
ခုချိန်မှာ စျေးကွက်လိုအပ်ချက်အရ ဆိုလာ/အင်ဗာတာ/ဘက္ထရီတွေ
အလုံးအရင်းနဲ့ဝင်ရောက်လာလို့ စျေးကျလာတယ်။ နွေလည်းရောက်လာပြီ
ဆိုတော့ လျပ်စစ်လိုအပ်ချက်ပိုများလာသလို EPC က ပေးနိုင်အားကလည်း
ပိုကျလာတယ်။ ခုချိန်ဆိုလာတပ်ရင်တော့ ကုန်ကျစရိတ် သက်သာပါမယ်။
-
အရင်တစ်လ၊နှစ်လ လောက်က 5 kw တစ်စုံ ၁၃၀ သိန်းလောက်ကျရင်
အခု ၁၁၀/၁၁၅ လောက်ကျမယ်။ ဆိုလာပြားတွေက အရင် ၅၅၀ ဝပ် တစ်ချပ် ၆သိန်း
ကျော်ကနေ အခု ၅သိန်းကျော်လောက်ဖြစ်တော့ တစ်ချပ် ၁သိန်း လောက်သက်သာတယ်။
အင်ဗာတာတွေလည်း ၂/၃ သိန်းကျလာသလို lifepo4 battery တွေဆိုလည်း
၄/၅ သိန်းကနေ ၈/၉ သိန်းလောက်အထိ စျေးကျလာပါတယ်။
-
ပစ္စည်းဝယ်ယူရာမှာ သတိထားရမယ့်အချက်က အာမခံနဲ့ After sale
service ပါ။ ဆိုလာက ပြသနာမရှိတတ်ပေမယ့် အင်ဗာတာနဲ့ ဘက္ထရီက
တော့ အာမခံကိစ္စ၊ service ကိစ္စရှိတတ်ပါတယ်။ ဆိုလာ၊လျပ်စစ် လုပ်ငန်းကို
ကိုယ့်နံမည်နဲ့ကိုယ်လုပ်ကိုင်နေသူတွေက ဒီလုပ်ငန်းအမြဲလုပ်မှာမို့ အာမခံ၊ service
ကိစ္စ အလေးထားရပါတယ်။ တစ်ခုခုဆို အဆင်ပြေအောင် လုပ်ပေးရတယ်။
ဆိုလာ/အင်ဗာတာတွေ ခေတ်စားလို့ ဆူလွယ်နပ်လွယ် တင်သွင်းရောင်းချသူ
ဆိုရင်တော့ အာမခံ၊ service ကိစ္စတာဝန်ယူမှု ရှိမရှိမသေချာပါဘူး။
မဝယ်ခင်သေချာမေးဖို့လိုသလို ရောင်းသူရဲ့ Profile ကြည့်ဖို့လည်းလိုတယ်။
စျေးသက်သာတာကြည့်ဝယ်လိုက်ပြီး ရောင်းသူက
ပျောက်သွားရင် နောက်ပိုင်းဘယ်လိုက်ရမှန်းမသိဖြစ်နိုင်ပါတယ်။
-
ဆိုလာတပ်ရာမှာလည်း နံမည်ရှိတဲ့၊တာဝန်ယူမှုရှိတဲ့ ဆိုင်ကနေ ပစ္စည်းရော၊
ဆင်တာပါ တစ်ပါတည်း တာဝန်ယူတပ်ခိုင်းတာ ပိုကောင်းတယ်။ အချို့က
ကျတော့ ပစ္စည်းကို အဆင်ပြေရာဝယ်ပြီးမှ အခြားသူ ဆင်ခိုင်းတဲ့အခါ
အဆင်မပြေမှုရှိရင် ပစ္စည်းကြောင့်လား၊ ဆင်တဲ့သူကြောင့်လားဆိုတာမျိုး
ဖြစ်တတ်ပါတယ်။ ပစ္စည်းရော၊ဆင်တာရော တစ်ဉီးတည်းဆိုရင် ဘာမှ ပြော
စရာမလိုတော့ဘူး။ သူဆင်ထားတာ သူတာဝန်ယူပါလိမ့်မယ်။ အာမခံကောင်းပြီး
တာဝန်ယူမှုရှိတဲ့ ဆိုလာဆိုင်/ဆိုလာလုပ်ငန်းနဲ့ ဆိုရင် အဆင်ပြေမှာပါ။

Photos from Electrical Internal Wiring's post 17/08/2022

ပဲခူးမြို့ ပဲခူး သနပ္ပင် လမ်းဘေးရှိ ဇောတိက စိုက်ပျိုးရေးဆေး အရောင်းဆိုင်အား လျှပ်စစ်မီး အလှဆင်ရန်အတွက် ပိုက်ပြေး ကြိုးဆွဲ ခွက်ထိုင်ခြင်း လုပ်ငန်းအား စတင်။

Want your business to be the top-listed Contractor in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bago

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00